သဗ္ဗညု စေတီတော်အနီး ကားသွားလာခွင့် ပိတ်တော့မည်

သဗ္ဗညု စေတီတော်အနီး ကားသွားလာခွင့် ပိတ်တော့မည်
October 28, 2016 Asian Fame

7:31 am
သဗ္ဗညု စေတီတော်အနီး ကားသွားလာခွင့် ပိတ်တော့မည်
In Travel

သဗ္ဗညု စေတီတော်အနီး ကားသွားလာခွင့် ပိတ်တော့မည်

that-bin-nyu2-copy

မေဇင်ဝင်း
ရန်ကုန်၊ အောက်တိုဘာ ၂၁

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ရှိ သဗ္ဗညုစေတီတော်အနီး ကားများ သွား လာခွင့်ကို အောက်တိုဘာ နောက်ဆုံးပတ် တွင် ပိတ်ရန်လျာထားကြောင်းရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

လက်ရှိတွင် သရပါတံခါး၊  စူဠာမဏိ၊ နတ်လှောင်ကျောင်းနှင့် ပုထိုးသားများဂူ ဘုရားအနီးတွင် ယာဉ်သွားလာမှုကို ပိတ် လိုက်ပြီဖြစ် ပြီး သဗ္ဗညုစေတီတော်အနီး ယာဉ်သွားလာမှု ပိတ်ရန် ဆောင်ရွက်နေ ကြောင်း အဆိုပါဦးစီးဌာနခွဲမှ ညွှန်ကြားရေး မှူး ဦးအောင်ကျော်ေ ကျာ်က ပြောသည်။

”သဗ္ဗညုရယ်၊ နတ်လှောင်ကျောင်းနဲ့ ပုထိုးသားများဘုရားက ကပ်လျက်ရှိတယ်။ ကားလမ်းအနီးအနားမှာလည်း ကပ်ထိနေ တယ်။ သရပါတံခါးဆိုရင်လည်း ပုဂံမြို့ ဟောင်းမှာ တစ်ခုတည်းပဲကျန်တဲ့ တံခါး ဖြစ်ပါတယ်။ ပြစရာဂိတ်က ဒီတစ်ဂိတ်ပဲရှိ တယ်။ စေတီတွေက ငလျင်ဒဏ်ကိုလည်း ခံရတယ်။ အခုဆိုရင် ပြည်တွင်းဘုရားဖူး ကလည်းများလာတယ်။ ကားတွေ လည်း ပေါလာတော့ ကားအသွားအ လာများလာ တယ်။ ရေရှည်အတွက်စဉ်းစားပြီး ပိတ် တာပါ”ဟု ၄င်းက ပြောသည်။

လက်ရှိတွင် သဗ္ဗညုစေတီတော်အနီး ကားသွားလာခွင့် မပိတ်သေးဘဲ မည်သည့် နေရာတွင် ကားများ ရပ်နားမည်ကို စီစဉ် နေ ဆဲဖြစ်ကြောင်း၊ ထိုကိစ္စအဆင်ပြေပြီ ဆိုပါက ကားသွားလာခွင့် ပိတ်မည်ဖြစ် ကြောင်း၊ အောက်တိုဘာ နောက်ဆုံးအပတ် တွင်   ဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။

၁၉၇၅ ခုနှစ် ဇူလိုင်လ ၈ ရက်တွင် ရစ်ခ်ျစတာစကေး အင်အား ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံဘုရားများ ထိခိုက်ပျက်စီးခဲ့ရပြီး ယခု နှစ် သြဂုတ် ၂၄ ရက်က အင်အား ၆ ဒသ မ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှိ စေတီပုထိုးပေါင်း ၃၂၅၂ ဆူ အနက် ၄၄၉ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သာသ နာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*