ခြောက်လတာအတွင်း အွန်လိုင်းမှတစ်ဆင့် ဟိုတယ်ဘွတ်ကင်တင်သည့် ခရီးသွားများ လစဉ်တိုးလာ

ခြောက်လတာအတွင်း အွန်လိုင်းမှတစ်ဆင့် ဟိုတယ်ဘွတ်ကင်တင်သည့် ခရီးသွားများ လစဉ်တိုးလာ
October 28, 2016 Asian Fame

7:24 am
ခြောက်လတာအတွင်း အွန်လိုင်းမှတစ်ဆင့် ဟိုတယ်ဘွတ်ကင်တင်သည့် ခရီးသွားများ လစဉ်တိုးလာ
In Travel

ခြောက်လတာအတွင်း အွန်လိုင်းမှတစ်ဆင့် ဟိုတယ်ဘွတ်ကင်တင်သည့် ခရီးသွားများ လစဉ်တိုးလာ

PN-042
ရန်ကုန်၊ အောက်တိုဘာ ၂၁

ခြောက်လတာအတွင်း  အွန်လိုင်းမှ တစ်ဆင့် ဟိုတယ်ဘွတ်ကင်တင်သည့် ခရီး သွားများ လစဉ်တိုးလာပြီး မြို့ကြီးခြောက် မြို့နယ်သို့ ဘွတ်ကင်တင်သူ များပြားနေ ကြောင်း Jovago အွန်လိုင်း ဟိုတယ်ဘွတ် ကင်လုပ်ငန်းမှ သိရသည်။

မတ်လမှစက်တင်ဘာလအထိ စာ ရင်းများအရ  ရန်ကုန်မြို့အပါအဝင် အ ခြားမြို့ကြီးများဖြစ်သည့် မန္တလေး၊ ပုဂံ၊ ဘားအံ၊ ထားဝယ်၊   ချောင်းသာများသို့ သွားရောက်ရန် ဘွတ်ကင်ပြုလုပ်သူများ ပြားကြောင်း၊ အွန်လိုင်းမှ ဟိုတယ်ဘွတ် ကင်ပြုလုပ်ရန် စုံစမ်းသူများအနက်   နိုင်ငံ ခြားသားများထက် ပြည်တွင်းခရီးသွား များ ပိုများကြောင်းJovago က ထုတ်ပြန် သည်။

”Jovago အနေနဲ့ မြန်မာနိုင်ငံရှိ ပြည် တွင်းခရီးသွားတွေကို ဦးတည်ထားသလို ပြည်တွင်းခရီးသွားတွေအနေနဲ့ ဈေးနှုန်း သက်သာ စွာနဲ့ ခရီးသွားလာနိုင်ဖို့ ရည်ရွယ် ထားတဲ့အတွက် မြန်မာပြည်ရဲ့မြို့နယ်တွေ က ဟိုတယ်ကြီးတွေသာမက အသက်သာ ဆုံးဟိုတယ်ေ တွနဲ့ ချိတ်ဆက်ထားတာပါ။ လာမည့်ကာလတွေမှာလည်း မြန်မာနိုင်ငံ ရဲ့ မြို့နယ်တိုင်းမှာရှိတဲ့ အထူးသဖြင့် ခရီး သွားမှု နည်းပါးနေ ဆဲဖြစ်တဲ့ ဒေသတွေက ဟိုတယ်လုပ်ငန်းတွေကို အထောက်အပံ့ ဖြစ်စေဖို့အတွက် အဲဒီဒေသကဟိုတယ် တွေနဲ့ပါ ဆက်လက်ချိတ် ဆက်သွားဖို့ ရှိနေ ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းအ သုံးပြုရတဲ့Jovago Application ကို မိတ် ဆက်ပြီး နောက်ပိုင်းမှာ   ပြည်တွင်းခရီးတွေ တိုးလာတာကိုတွေ့ရတယ်” ဟုJovago  မှ Head of Public Relation ဖြစ်သူMr. Abdesslam Benzitouni
ကပြောသည်။

ပထမသုံးလတွင် ပြည်တွင်းခရီးသွား ဘွတ်ကင်တင်သည့်ရာခိုင်နှုန်းမှာ ၃ဝ ရာ ခိုင်နှုန်းကျော်သာ ရှိခဲ့ရာမှ ဇွန်လမှစတင်ပြီး ပြည် တွင်းခရီးသွား ဘွတ်ကင်တင်သည့် ဦးရေမှာ ၆ဝ ရာခိုင်နှုန်းနီးပါးထိ ရှိလာ ကြောင်းJovago  မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*