6:13 am
မန္တလေး -ပြင်ဦးလွင် လမ်းသစ် စီမံကိန်းကို ယခင် အစိုးရ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခြင်းဟု ဆို
(မန္တလေး၊ အောက်တိုဘာ ၂၅)
မန္တလေး ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းကို ယခင် တိုင်းဒေသကြီး အစိုးရမှ တစ်ဆင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ခွင့်ပြု ချက်ဖြင့် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း Axiom Mandalay Highway Construction Co.,Ltd က အောက်တိုဘာ ၂၄ ရက်တွင် မန္တ လေးမြို့ ရွှေပြည်သာ ဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ပြောသည်။
ကုမ္ပဏီ ပြောရေးဆိုခွင့် ရှိသူ ဦးစိုးမြတ်သူက ”ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့ ကန့်ကွက်ရန် မရှိဘူး။ လုပ်ထုံးလုပ်နည်း အတိုင်း သွားရမယ် BOT စနစ်နဲ့သွားရ မယ်လို့ အကြောင်းပြန်ခဲ့တဲ့ အတွက် လမ်းဒီဇိုင်းပုံစံ တရားဝင်ပြပြီးလုပ်ခဲ့ တာပါ။ ကျွန်တော်တို့ဆီမှာ ဆောက် လုပ်ရေး ဝန်ကြီးဌာနက လမ်းဒီဇိုင်း ပုံစံလည်း ရှိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန က သူတို့ သတ်မှတ်တဲ့ ပုံစံအတိုင်း ဆောင်ရွက်ပါ ဆိုလို့ ကျွန်တော်တို့ ဆောင်ရွက်တာပါ” ဟု ပြောသည်။
မန္တလေးတိုင်း ဒေသကြီး အစိုး ရအဖွဲ့ လျှပ်စစ် စွမ်းအင်နှင့် ဆောက် လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် အင်တာဗျူး ပြောစကား အပေါ် သတင်း မီဒီယာ တချို့က ရေးသား ဖော်ပြမှုနှင့် ပတ်သက်၍ Axiom Mandalay Highway Construction Co.,Ltd က အောက် တိုဘာ ၂၄ ရက် ညနေ ၄ နာရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ၄င်းတို့ အနေနှင့် အထောက် အ ထား အခိုင်အလုံဖြင့် တင်ပြနိုင် ကြောင်းလည်း ဆိုသည်။
”လမ်းဖောက်ပြီးရင် အပင် တွေ ဖယ်ရှားထားတာ ကို ပြန်စိုက် ပေးမယ်။ သစ်ပင် တစ်ပင်မှ မခုတ် ရသေးဘူး။ မြေယာ အငြင်းပွားမှု ပြဿနာ မရှိဘူး။ တောင်သူပိုင်မြေ တချို့ ဖြတ်ဖောက် ရတာဆိုတော့ တောင်သူတွေ နဲ့ ထိပ်တိုက်ဆွေး နွေးခဲ့ပါတယ်။ သူတို့ကိုယ်တိုင်က လမ်းဖြစ်တဲ့ အတွက် လှူမယ်လို့ ပြောကြတယ်၊ မြေယာ အရှုပ်အရှင်း မရှိပါဘူး” ဟု ဦးစိုးမြတ်သူ က ပြောသည်။
မန္တလေး ပြင်ဦးလွင်လမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းကို ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းက အဆိုပါ ကုမ္ပဏီအား တိုင်းဒေသကြီး အစိုးရ က လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း စတင် ဆောင်ရွက် စဉ်မှာပင် မြေယာ ပြဿနာ တချို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ သစ်တော ဧရိ ယာနှစ်ခု ဖြတ်သန်း ဖောက်လုပ် မည့်ကိစ္စနှင့် ပတ်သက်၍ လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အဖွဲ့အစည်း တချို့က ကန့် ကွက်မှုတို့ ရှိခဲ့ကြောင်း၊ ယခု အစိုးရ လက်ထက်တွင်မူ အဆိုပါ စီမံကိန်း အား လွန်ခဲ့သည့် ၃ လခန့်က နှုတ် မိန့်ဖြင့် ဆိုင်းငံ့ထားစေလိုက် ကြောင်း၊ ယခု အခြေအနေ တွင် ၇ မိုင် ၁ ဖာလုံခန့် လမ်းအူကြောင်း ဖောက်လုပ် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်း ဆက်လုပ် သင့် မလုပ်သင့်ကို ပြည်ထောင်စု အစိုးရ အဆင့်ကသာ ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ် စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန် ကြီး ဦးဇာနည်အောင် က ပေါ်ပြူ လာနယူးစ်သို့ ပြောကြားထားသည်။
စောထွေး