အမေရိကန်သို့ ပေါင်းဆန်တန်ချိန် ၅ဝဝ မြန်မာ တင်ပို့

အမေရိကန်သို့ ပေါင်းဆန်တန်ချိန် ၅ဝဝ မြန်မာ တင်ပို့
October 27, 2016 Asian Fame

5:05 am
အမေရိကန်သို့ ပေါင်းဆန်တန်ချိန် ၅ဝဝ မြန်မာ တင်ပို့
In Bussiness

အမေရိကန်သို့ ပေါင်းဆန်တန်ချိန် ၅ဝဝ မြန်မာ တင်ပို့

HEZ
ရန်ကုန်၊ အောက်တိုဘာ ၂၅

ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက် အထိ ကာလအတွင်း အမေရိကန်နိုင်ငံ သို့ ပေါင်းဆန် တန်ချိန်  ၅ဝဝ တင်ပို့ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရ သည်။

ထို့အပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၂ သန်း တန်ဖိုးရှိ ဆန်ဖြူနှင့် ပေါင်းဆန် တန် ၁၅၅ဝ ကို တင်ပို့ခဲ့သည့်အနက်  စင်ကာ ပူနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၅ဝ၊ ဆွစ်ဇာ လန်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၅ဝဝ နှင့်  ကနေဒါနိုင်ငံသို့ ပေါင်းဆန် တန် ၅ဝဝ တင်ပို့ခဲ့ကြောင်း သိရ သည်။

ထို့ကြောင့် ယခုတစ်ပတ်ဆန် တင်ပို့မှုအနေဖြင့် တန် ၁၃၅ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိ ကန်နိုင်ငံသို့ ဆက်လက် ဆန် တင်ပို့သွားမည်ဖြစ် ကြောင်း သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၃၇ဝ သန်းတန်ဖိုး ရှိ ဆန်ကွဲတန် ၁၃၅ဝ ကိုတင်ပို့ခဲ့ရာ ယခင် တစ်ပတ်တင်ပို့မှုထက် တန် ၈၅ဝ ပိုမို တင်ပို့ နိုင်ခဲ့ကြောင်း သိရ သည်။

                   နိုင်ငံအလိုက် တင်ပို့မှုအနေဖြင့် နီပေါနိုင်ငံသို့ ဆန်ကွဲ ၂၂၅ တန်နှင့် ဥရောပ နိုင်ငံများသို့ ၁၁၂၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ဆန်နှင့် ဆန်ကွဲ နှစ်ရပ်ပေါင်း တင်ပို့မှုမှာ အမေ ရိကန်ဒေါ်လာ ၁၈၄ ဒသမ ၆၆ဝ သန်း ဖိုးနှင့်  ၅၃၄၉၉၁ တန်ကျော်ရှိပြီဖြစ် သည်။ ဆန်တင်ပို့မှုသည်  အမေရိကန် ဒေါ်လာ ၁၄၁ ဒသမ ၁၅၈ သန်းဖိုးနှင့် ၄ဝ၁၃၆၇ တန်ကျော်၊ ဆန်ကွဲတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၅ဝ၂ သန်း ဖိုးဖြစ်၍ ၂၃၃၆၂၄ တန်ကျော် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*