လေမုန်တိုင်း ထက်ဆိုးသော စစ်မုန်တိုင်း ကိုလည်း ကြိုတင် ကာကွယ်ပေးကြပါ

လေမုန်တိုင်း ထက်ဆိုးသော စစ်မုန်တိုင်း ကိုလည်း ကြိုတင် ကာကွယ်ပေးကြပါ
October 27, 2016 Asian Fame

9:03 am
လေမုန်တိုင်း ထက်ဆိုးသော စစ်မုန်တိုင်း ကိုလည်း ကြိုတင် ကာကွယ်ပေးကြပါ
In Articles

လေမုန်တိုင်း ထက်ဆိုးသော စစ်မုန်တိုင်း ကိုလည်း ကြိုတင် ကာကွယ်ပေးကြပါ

uwsa2

Popular Choice ဆိုသည်က ပေါ်ပြူလာနယူးစ် ၏ ရွေးချယ်မှု ဟူသည်ထက် တစ်ပတ် အတွင်းဖြစ်ခဲ့သော ထူးခြားမှုများ အနက် အများပြည်သူ စာဖတ်သူတို့ အတွက် အရေးပါသော၊ အများပြည်သူ အပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံ တစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ် ဖြစ်စေ၊ အဖြစ်အပျက် တစ်ခုခုကိုဖြစ်စေ၊ တီထွင် ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်း တစ်ခုခုကိုဖြစ်စေ ပေါ်ပြူလာ အဖြစ်ဆုံးဟု ယူဆသည့် အကြောင်းကို ရွေးချယ် တင်ဆက်ခြင်းဖြစ်ပါသည်။

တစ်ပတ် အတွင်း ဖြစ်ပွားခဲ့သည် တို့မှ ကောက်နုတ် တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူ တို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း ထိုကွဲလွဲမှုသည်ပင် မတူညီသော အမြင်များကို သုံးသပ်နိုင်သည်ဖြစ်၍ အသိဥာဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမို ကျယ်ပြန့်လာစေရန်လည်း ရည်ရွယ်ပါသည်။ အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ် ၏ စာဖတ် ပရိသတ်တို့ အတွက် ရင်းနှီးရ သောအချိန်နှင့် ငွေကြေး အကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ် အတွင်း ထူးခြားမှု တို့ကို သိမ်းဆည်း မှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

ယခု ရက်သတ္တပတ် အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာ အ ဖြာဖြာကား အသစ်အသစ်သော အကြောင်းအရာ ပြဿနာ များဖြင့် စိုးရိမ်ကြောင့်ကြမှု အပေါင်း ဝေ ဆာလျက် ရှိသည်။

ဘင်္ဂါလီ အရေးနှင့် ပတ်သက် ၍ အနောက်တံခါး လုံခြုံရေး၊ မကြာ သေးမီက ဖြစ်ပွားခဲ့သော ချင်းတွင်း မြစ်အတွင်း လူ့အသက်ပေါင်း ၆ဝ ကျော် သေကျေ ဆုံးရှုံးခဲ့ရသည့် အောင် စိုးမိုးကျော်(၂) အမြန်ရေယာဉ်တိမ်း မှောက်မှုဖြစ်စဉ်၊ ရန်ကုန်တိုင်းအ တွင်း ခိုးဝင် ဘင်္ဂါလီ ၁၇ ဦးဖမ်းမိ ခြင်း၊ မြန်မာပြည် မြောက်ဖျားရှိ ကချင်ပြည်နယ် တွင်း ရွာတော့မည့် မိုးကဲ့သို့ မှိုင်းအုံ့ တင်းမာနေသည့် ပြည်တွင်း စစ်ဆိုင်ရာ အခြေအနေ များ၊ ပင်လယ်ပြင်မှ ခြောက်လှန့်နေ သည့် မုန်တိုင်း အန္တရာယ် စသည့် အကြောင်းအရာ များက ခဲမှန်ဖူး သော စာသူငယ် များဖြစ်သည့် မြန် မာပြည်သူများအတွက် စိုးရိမ်စရာ များပင်ဖြစ်နေလေတော့၏။

မြို့ပြနေပြည်သူ များက စိုးရိမ် ကြသည်ဟု ဆိုပါက အခင်းဖြစ်မြေ ပြင်ဧရိယာအတွင်း နေထိုင် သူများ ဆိုပါလျှင် သွေးပျက် လုခမန်း ကြောက်ရွံ့ တုန်လှုပ်နေကြမည် မှာ သေချာပါသည်။ ယခုလည်း အ ဟောင်း အဟောင်းသော အကြောင်း အရာများ မချုပ်ငြိမ်းသေးမီ အသစ် အသစ်သော အကြောင်းအရာ က ထပ်မံပေါ်ပေါက် လာခဲ့ ပြန်ပြီ ဖြစ် လေသတည်း။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံး ထား၍ ရှမ်းပြည်နယ် အထူးဒေသ ၄ မိုင်း လား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းဝင်ရောက် တပ်စွဲ ထား သော့ျွှဗ ‘ဝ’ သွေးစည်း ညီ ညွတ်ရေး တပ်ဖွဲ့များကို ပြန်လည် ဆုတ်ခွာပေးရန် ရှမ်းပြည်နယ် တြိဂံ ဒေသ တိုင်းစစ်ဌာနချုပ်က သတိပေး ခဲ့သည်။ ထို့အတူ ၂၂ ရက် ၂၃ ရက် နေ့များတွင် မိုင်းလားနယ်မြေ အ တွင်းရှိ UWSA ‘ဝ’ တပ်ဖွဲ့များ တပ် စခန်းချထားသော နေရာများ ပေါ်မှ တပ်မတော် ၏ တိုက်လေ ယာဉ်များ ဖြတ်သန်းခြင်း၊ စစ်အင် အားပြခြင်းများ ဆောင်ရွက် ခဲ့သည်။ သို့သော် တြိဂံတိုင်း စစ်ဌာနချုပ် ၏ သတိပေးမှုကို UWSA ကလက်ခံ ခြင်းမရှိခဲ့ဘဲ နေမြဲ အတိုင်းသာ နေ လျက်ရှိသည်။ ထို့ကြောင့် နှစ်ဖက် တပ်များ၏ စစ်ရေး လှုပ်ရှားမှု ပုံရိပ် များ၊ တပ်လှန့်မှု များက ဒေသခံများ အတွက် စိုးရိမ်မှု တစ်ရပ်အဖြစ် ထွက်ပေါ်နေလျက် ရှိသည်။

ယင်းကိစ္စ များ၏ အစကား စက်တင်ဘာလ နောက်ဆုံး အပတ် အတွင်း အထူးဒေသ ၄ မိုင်းလား NDAA ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း သို့ UWSA တပ်ဖွဲ့ ဝင်များ ဝင်ရောက်၍ အဓိက စခန်း များဖြစ်သော လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ၊ မိုင်းမ စသည့် စခန်း အချို့ကို ထိန်းချုပ် လိုက်ခြင်း၊ မိုင်း လားတပ်ဖွဲ့ဝင် တစ်ရာကျော် ကို ခေတ္တဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း တို့မှ စတင်ခဲ့ခြင်းဖြစ်သည်။ NDAA နယ်မြေတွင်း UWSA အဖွဲ့များ ဝင်ရောက် လှုပ်ရှားမှုနှင့် ပတ်သက် ၍ UWSA က စစ်ရေးလေ့ကျင့် သည်ဟုသာ ပြောဆိုနေသော်လည်း မိုင်းလား ဘက်ကမူ ယနေ့အချိန် အထိ တစ်စုံတစ်ရာ ထုတ်ဖော်ပြော ဆိုခြင်း မရှိသေးချေ။

မိုင်းလားနှင့် UWSA တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာက တည်းကပင်လျှင် ညီနောင်ရင်း သဖွယ် မဟာမိတ် အဖြစ် နေထိုင်ခဲ့ကြသော လက်နက်ကိုင်အဖွဲ့များဖြစ်သည်။ ထိုသို့ မိုင်းလားနယ်မြေ အတွင်း UWSA က ဝင်ရောက် ထိန်းချုပ်မှု များ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ စစ်ရေး လေ့ကျင့်သည်ဟု UWSA ခေါင်းဆောင်များ ကဆိုသော်လည်း UWSA နှင့်အစိုးရ၊ တပ်မတော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ် ဆောင်ရင်း ဆက်ဆံရေး နီးကပ်လာ သည့် အပေါ်တွင် UWSA က ယခု ကဲ့သို့ ဆောင်ရွက် လိုက်ခြင်းသာ ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အ ပေါ် လေ့လာ သုံးသပ်နေ သူများက မှတ်ချက်ပြုခဲ့ကြသည်။

ယခင် အခြေအနေ အကြောင်း အရင်းများနှင့် ဆွေးနွေးပွဲ များကို ပြန်လည် သုံးသပ်ကြည့် ပါလျှင်လည်း UWSA သည် ကိုယ်ပိုင်ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ပေးရန် အ စဉ်အဆက် တောင်းဆိုခဲ့ကြပြီး ယနေ့ တိုင်လည်း အဆိုပါ သဘောထား မပြောင်းသေးကြောင်း ကိုလည်း တွေ့ရှိရသည်။

ထို့ပြင် UWSA မှာ တိုင်းရင်း သားလက်နက်ကိုင် တပ်ဖွဲ့များ အား လုံးထဲတွင် အင်အား အတောင့်တင်း ဆုံးအဖွဲ့တစ်ခု ဟုလည်း ဆိုနိုင်သည်။ ယင်းအခြေအနေ များတွင် မိုင်းလား သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ၌ တစ်ဖက်တွင် အစိုးရ၊ တစ်ဖက် တွင်မိတ်ဖက် UWSA တို့ကြား သတိ ကြီးကြီးထား၍ ဆောင်ရွက်ခဲ့သည် ကိုတွေ့ရှိရသည်။ သို့သော် ယခု နောက်ပိုင်းတွင် မိုင်းလား အဖွဲ့၏ သဘောထား ပြောင်းလဲလာမှု၊ နိုင်ငံ တကာနှင့် မြန်မာနိုင်ငံ တို့ကြား ဖြစ် ပေါ်လာသည့် ဆက်ဆံရေး၊ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ် သက်၍ အစိုးရ နှစ်ဆက်ကြား ဆောင်ရွက်လာမှု လက်ရှိအခြေ အနေစသည့် အကြောင်းအရာများ က ကိုယ်ပိုင်ပြည်နယ် ရရှိရေးစဉ် ဆက်မပြတ် တောင်းဆိုခဲ့သည့် UWSA အတွက် စိုးရိမ်စရာအ ဖြေတစ်ခု ဖြစ်နိုင်မည်ဖြစ်သည်။

မိုင်းလား ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးနှင့် ပေါ်ပြူလာ နယူးစ်တွေ့ ဆုံခဲ့ရာတွင်လည်း မိုင်းလားဒေသ အတွက် ငြိမ်းချမ်းရေးသည် လွန် စွာ လိုအပ်ကြောင်းကို ပြောဆိုခဲ့ဖူး သည်။ ထို့ပြင် မိုင်းလားအဖွဲ့ (NDAA) ခေါင်းဆောင် ဦးစိုင်း လင်းသည် ၂၁ ရာစု ပင်လုံညီလာ ခံသို့ ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း၊ အစိုးရသစ် လက်ထက်တွင် နေပြည် တော်သို့ နှစ်ကြိမ် လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် အကြီးအကဲများနှင့် တွေ့ ဆုံခြင်းများ ရှိခဲ့ပြီး UWSA အဖွဲ့မှာ မူ ၂၁ ရာစု ပင်လုံသို့ ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ အဆင့်သာ ပါဝင် သည့် ကိုယ်စားလှယ် အဖွဲ့စေလွှတ် ခဲ့ကာ ဝင်ခွင့်ကတ် ကိစ္စနားလည်မှု လွဲမှားရာမှ အစပြု၍ အစည်းအ ဝေးပြီးဆုံးအောင် မတက်ဘဲ ပြန် သွားခဲ့သည်။

ထို့ပြင် ယခင် အစဉ်အဆက် တစ်သီးတခြား နေထိုင်ခဲ့သည့် မိုင်းလား ဒေသသည် အစိုးရသစ် လက်ထက်တွင် ငြိမ်းချမ်းရေး ဆွေး နွေးပွဲများ တက်ရောက်ခြင်း၊ နေ ပြည်တော်သို့ ဝင်ထွက် သွားလာမှု များနေခြင်း၊ တပ်မတော်ခေါင်း ဆောင်များနှင့် တွေ့ဆုံမှု မြင့်တက် လာခြင်း၊ တစ်နည်းအားဖြင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်မှု တစ်စတစ်စနှင့် များပြားလာခြင်း စသည့် အကြောင်းအရင်း များက လည်း UWSA အတွက် စိုးရိမ် စရာ တစ်ခု ဖြစ်လာနိုင်လေသည်။

လက်ရှိ ဖြစ်ပေါ်နေသော အခြေ အနေများ နှင့်ပတ်သက်၍ အောက် တိုဘာ ၁၈ ရက်တွင် ပြည်ထောင် စုငြိမ်းချမ်းရေး ကော်မရှင်က UWSA ထံသို့ မေတ္တာရပ်ခံ စာတစ်စောင်ပေး ပို့ခဲ့ပြီး အောက်တိုဘာ၂၁ ရက်တွင် UWSA က ငြိမ်းချမ်းရေး ကော်မရှင် ထံသို့ အကြောင်းပြန်စာ ပြန်လည် ပေးပို့ခဲ့သည်။ အကြောင်းပြန်စာ (ဝပစ/စာအမှတ် /(၂ဝ၁၆)ဝ၁၅) တွင် UWSA အနေဖြင့် မည်သည့် စစ်မက် ဖြစ်ပွားခြင်းကိုမျှ ဦးစွာလွယ် ကူစွာစတင်လိမ့်မည် မဟုတ်ကြောင်း၊ အထူးဒေသ ၄ မိုင်းလား နယ်မြေ အတွင်း ၄င်းတို့ခရီးကြမ်း လေ့ကျင့် ရေးလုပ်ရာမှ ဖြစ်ပွားခဲ့သော နား လည်မှု လွဲမှားနေမှုများ အပေါ် နှစ် ဖက်အောက်ခြေ တပ်ဖွဲ့ခေါင်းဆောင် များ ကောင်းမွန်စွာ ညှိနှိုင်းပြီးဖြစ် ကြောင်း၊ နောက်ဆုံးသော (အဆင့် သုံးဆင့် ငြိမ်းချမ်းရေး စာချုပ်) အရ နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်း များကို ဆောလျင်စွာ ဖော်ဆောင် နိုင်ရန် မျှော်လင့်ကြောင်း ရေးသား ဖော်ပြထားသည်။

UWSA သည် ၁၉၈၉ နှင့် ၂ဝ၁၁ တို့တွင် အစိုးရနှင့် ပြည် နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီး ယင်းအချိန်မှ ယနေ့ ထိ အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့သည့် အဖွဲ့ဖြစ်သည်။ သို့ သော် နိုင်ငံလုံးအပစ်ရပ် စာချုပ် NCA ကိုမူ လက်မှတ် မရေးထိုး ထားသည့်အဖွဲ့ဖြစ်သည်။

ထိုသို့ ငြိမ်းချမ်းရေး ကော်မ ရှင်၏ အကြောင်းကြားစာ ကို ပြန် လည်ဖြေကြားခဲ့ သော်လည်း မိုင်း လားနယ်ရှိ တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာပေးခြင်း ကိစ္စနှင့် ပတ်သက် ၍ တစ်လုံးတလေမှ မှတ်ချက်ပြု ခြင်းမရှိခဲ့ပေ။ အဆိုပါ ကိစ္စနှင့် ပတ် သက်၍ တပ်မတော်က လည်း တစ် စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိ သေးပေ။ မြေပြင် အခြေအနေတွင် မူ UWSA လက်ရှိ ဝင်ရောက်တပ်စွဲ ထားသော မိုင်းလား နယ်မြေအတွင်း ရှိ ဒေသများသည် အစိုးရ ထိန်းချုပ် မှုအောက်ရှိ နယ်မြေ များနှင့် ထိစပ် နေသော ဒေသ များပင် ဖြစ်သည်။

ယင်းဖြစ်ရပ် ဖြစ်ပွားပြီးပြီးချင်း မှာပင် အစိုးရ ထိန်းချုပ်မှုအောက် တွင်ရှိသော ကျိုင်းတုံ ခရိုင်နှင့် UWSA တို့ ထိန်းချုပ်ထားသော စခန်းများ ပါဝင်သည့် မိုင်းလားနယ် မြေအကြား ဆက်သွယ်ရေးလမ်း ကြောင်းဖြစ်သည့် ဝမ်တာပင်းဂိတ် နှင့် မိုင်းယုဂိတ် များ၏ ဖြတ်သန်း သွားလာမှုကို UWSA နှင့် အစိုးရ တို့က အသီးသီး ပိတ်လိုက်ကြသည်။

ထို့ပြင် ၄င်းနှင့် ဆက်စပ်ဒေသ ဖြစ်သော ရှမ်းမြောက်ဒေသ လား ရှိုးတွင်လည်း တင့်ကားများ၊ ရဲယာဉ် တန်းများ ရဟတ်ယာဉ် များဖြင့် မြို့ တွင်း လှည့်လည်နေမှု များ ဖြစ်ပွား ခဲ့ပြီး ယင်းအပေါ်တွင် ဒေသခံများ က စိုးရိမ်ကြလျက် ရှိသည်ဟု သိရ သည်။ ထို့ကြောင့် ယင်းဒေသ များရှိ ပြည်တွင်းစစ်မီးမှာ အချိန်မရွေး တောက်လောင်နိုင်သည့် အနေအ ထားတွင် ဖြစ်ပေါ်လျက်ရှိနေသည်။

UWSA နှင့် မိုင်းလားဒေသ သည် နှစ်ပေါင်းများစွာ သေနတ်သံ တိတ်ဆိတ်ခဲ့သည့် ဒေသများဖြစ် ကြပါသည်။ ယင်းကဲ့သို့ သေနတ်သံ တိတ်ဆိတ်ခဲ့သည့် နှစ်ပေါင်း များစွာ ၏ အသီးအပွင့် အဖြစ် ဒေသတွင်း ရှိလမ်း၊ တိုက်တာ အိုးအိမ်များ တိုး တက်ဖွံ့ဖြိုးခဲ့ကြောင်း၊ ထို့ကြောင့် နောက်ဆုံး ရှာဖွေ တွေ့ရှိခြင်းသည် ငြိမ်းချမ်းရေး သာလျှင် အကောင်း ဆုံးဖြစ်ကြောင်း NDAA မိုင်းလား ခေါင်းဆောင် တစ်ဦးက ပေါ်ပြူလာ နယူးစ်နှင့် တွေ့ဆုံစဉ် ကပြောကြား ခဲ့ဖူးသည်။ ထို့ကြောင့် တိုးတက် ဖွံ့ဖြိုးစ အခြေအနေများ အားလုံးကို ပျက်စီးစေမည့် အရေးကို ရှောင်ရှား ရန် အထူး လိုအပ်လှပါ၏။

ခြုံငုံသုံးသပ် ရလျှင် UWSA သည် လက်နက်လူသူ အင်အား တောင့်တင်းသည့် အဖွဲ့တစ်ဖွဲ့ ဖြစ် သဖြင့် တိုက်ပွဲ နည်းလမ်းအရ ဖြေ ရှင်းလျှင် နှစ်ဖက်တပ် များနည်း တူ ဒေသခံများလည်း စစ်ဘေးဒဏ် ကို ခံစားရမည်မှာ မလွဲပင် ဖြစ် သည်။ သေနတ်သံ ညံမှ ငြိမ်းချမ်း ရေးစားပွဲဝိုင်းသို့ ဖိတ်ခေါ်ခြင်း ထက် သေနတ်သံ မညံခင် စားပွဲ ဝိုင်း၌ တွေ့ဆုံဆွေးနွေး လိုက်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။

သေနတ်သံ ထွက်လာပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြိုးစား ပါက လွယ်ကူမည် မဟုတ်ကြောင်း၊ မြန်မာပြည်၏ မည်သည့် အချိန် တွင်မှ ပြီးဆုံးမည် မဟုတ်သော လုပ်ငန်းစဉ် တစ်ခုကို ပြပါဆိုလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြသ ရမည်ဟူသော စကားမှာ လည်း အ ပြောသဘောသာ ကောင်းပြီး လက် တွေ့သဘောတွင် မကောင်းသော စကားရပ် ဖြစ်ကြောင်း၊ လက်ရှိ တောက်လောင် နေသော စစ်မီးများ ကို ငြှိမ်းသတ်နေသည့် အချိန်တွင် အသစ် ထပ်မံတောက်လောင်မည့် စစ်မီးများကို ကြိုတင် ငြှိမ်းသတ်ခြင်း ဖြင့်သာ ကာကွယ်ခြင်းသည် အ ကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ကိုလည်း နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်း ဆောင်များလည်း သိရှိပြီး ဖြစ်မည် ဖြစ်သည်။ စစ်ပွဲဖြစ်လျှင် မည်သူသာ မည်၊ မည်သူနာမည်ကို ကြိုတင်သုံး သပ်နေခြင်းထက် မည်သူမှ မနာ အောင် ဆောင်ရွက်ခြင်းသည်သာ လျှင် အကောင်းဆုံး ဖြစ်ပါသည်။

လက်ရှိတွင် ဘင်္ဂါလားပင် လယ်အော်မှ မြန်မာနိုင်ငံသို့ ခြိမ်း ခြောက်နေသော မုန်တိုင်း အန္တ ရာယ်ထက် ပြည်တွင်းတွင် တောက် လောင်ရန် အစပျိုးနေသည့် စစ်မုန် တိုင်းက ပိုမို စိုးရိမ်ဖွယ်ရာကောင်း နေပါသည်။ မုန်တိုင်းသည် တစ်လ ကြာသည်အထိ မတိုက်ခတ်နိုင်၊ သို့သော် စစ်မုန်တိုင်းကမူ တစ် နှစ်မက ကြာရှည်စွာ ဖြစ်ပွားနေ နိုင်သည်။ ထို့ကြောင့် လေမုန်တိုင်း အန္တရာယ်ကို အစိုးရအနေဖြင့် ကြို တင် ကာကွယ်မှုများ အဆင့်ဆင့်လုပ် ဆောင်နေသကဲ့သို့ စစ်မုန်တိုင်း အန္တရာယ်ကိုလည်း ကြိုတင်ကာ ကွယ်ရန် လိုအပ် လှပါကြောင်း ယခု တစ်ပတ် Popular Choice ကဏ္ဍမှ တိုက်တွန်း ရေးသားလိုက်ရပါ သတည်း။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*