Honeywell UOP မှ ချီးမြှင့်သော ပညာသင်ဆုကို မြန်မာ တက္ကသိုလ် နှစ်ခုမှ ကျောင်းသား လေးဦးရရှိ

Honeywell UOP မှ ချီးမြှင့်သော ပညာသင်ဆုကို မြန်မာ တက္ကသိုလ် နှစ်ခုမှ ကျောင်းသား လေးဦးရရှိ
October 26, 2016 Asian Fame

9:21 am
Honeywell UOP မှ ချီးမြှင့်သော ပညာသင်ဆုကို မြန်မာ တက္ကသိုလ် နှစ်ခုမှ ကျောင်းသား လေးဦးရရှိ
In Education

Honeywell UOP မှ ချီးမြှင့်သော ပညာသင်ဆု ကို မြန်မာ တက္ကသိုလ် နှစ်ခုမှ ကျောင်းသား လေးဦးရရှိ

edu-news-pic

(ရန်ကုန်၊ အောက်တိုဘာ ၂၁ )

ဓာတု အင်ဂျင်နီယာ ပညာ ရပ်တွင် အဆင့်မြင့်ပညာ သင်ယူ နိုင်စေရန် အတွက် ပညာသင်ဆု ပေးအပ်ခြင်း အစီအစဉ်ကို စတင် ဆောင်ရွက်ရာ ပထမဦးဆုံး အနေ နှင့် မြန်မာနိုင်ငံမှ ဓာတု အင်ဂျင် နီယာ ကျောင်းသားလေးဦး က ရရှိ သွားကြောင်း Honeywell (NYSE: HON) က ယနေ့ထုတ်ပြန် ကြေညာ လိုက်သည်။

ဤအစီအစဉ် ကို ရေနံဓာတု သန့်စင်ခြင်း နည်းပညာတွင် ကမ္ဘာ့ ထိပ်တန်းအဖြစ် လူသိများ သော Honeywell UOP က ပံ့ပိုး ကူညီပေးခြင်း ဖြစ်သည်။ မန္တလေး နည်းပညာ တက္ကသိုလ်မှ အကြီး တန်းကျောင်းသား နှစ်ဦး၊ ရန်ကုန် နည်းပညာ တက္ကသိုလ်မှ အကြီး တန်းကျောင်းသား နှစ်ဦး စုစုပေါင်း လေးဦးတို့အား အမေရိကန် ဒေါ်လာ ၅ဝဝ နှင့် ညီမျှသော ပညာသင်ဆု အတွက် ရွေးချယ်ခဲ့ ကြောင်း သိရသည်။

ပညာသင်ဆု ရရှိနိုင်ရန် အတွက် ကျောင်းသားများ အနေ ဖြင့် GPA 4.0 စကေးတွင် အနည်းဆုံး 3.4 ရရှိရန်၊ ပညာ ရေးနှင့် ပတ်သက်ပြီး တည်ကြည် ခိုင်မာသည့် ရည်မှန်းချက် နှင့် ကတိကဝတ်ကို ထင်ရှားပြသ နိုင်ရန်နှင့် တောင့်တင်း ခိုင်မာသည့် လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှု အရည်အသွေး များ ရှိရန်တို့ လိုအပ် ပါသည်။ ထို့ပြင် Honeywell မှ ကမ်းလှမ်းသည့် နည်းပညာ များကို ကောင်းစွာ နားလည် ရမည်ဖြစ်သည်။

ယခု အစီအစဉ်သည် အရှေ့ တောင်အာရှ ဒေသတွင် Honeywell UOP က တည်ထောင် ခဲ့သော ဒုတိယမြောက် ပညာ သင်ဆု အစီအစဥ်ဖြစ်ပါသည်။

ပထမဆုံး အစီအစဉ်ကို လွန်ခဲ့သော လေးနှစ်က ဗီယက် နမ်နိုင်ငံတွင် စတင်ခဲ့ပြီး ထိုစဉ်မှ စ၍ ယခု အချိန်အထိ ယင်းနိုင်ငံမှ ဓာတု အင်ဂျင်နီယာ ကျောင်းသား ၆ဝ ကျော် အတွက် အကျိုးပြုပြီး ဖြစ်ကြောင်း သိရသည်။

နယူးဂျာစီ ပြည်နယ် Morris Plaines တွင် အခြေစိုက်သော Honeywell သည် မြန်မာနိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှစတင်ပြီး လုပ်ငန်း များ တရားဝင် စတင် လုပ်ကိုင်ခဲ့ရာ ရေနံ၊ ဓာတုနှင့် သဘာဝ ဓာတ်ငွေ့ သန့်စင် ချက်လုပ်သည့် နယ်ပယ် အတွက် လုပ်ငန်း ဆိုင်ရာ နည်း ပညာများ၊ ဓာတ်ကူ ပစ္စည်းများ၊ အရည်စုပ် Absorbents များ၊ ကိရိယာ တန်ဆာပလာများ၊ အကြံပေး ဝန်ဆောင်မှု များနှင့် UOP လိုင်စင် ထုတ်ပေးသည့် ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*