လောင်းကစားအသွင်ဆောင်သော အကြွေစေ့ ဂိမ်းဆိုင်များ ပြင်းထန်စွာအရေးယူမည်

လောင်းကစားအသွင်ဆောင်သော အကြွေစေ့ ဂိမ်းဆိုင်များ ပြင်းထန်စွာအရေးယူမည်
October 26, 2016 Asian Fame

8:31 am
လောင်းကစားအသွင်ဆောင်သော အကြွေစေ့ ဂိမ်းဆိုင်များ ပြင်းထန်စွာအရေးယူမည်
In Crime

လောင်းကစားအသွင်ဆောင်သော အကြွေစေ့ ဂိမ်းဆိုင်များ ပြင်းထန်စွာအရေးယူမည်

ဖြိုးထက်အောင်
ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးရှိ လောင်း ကစားအသွင်ဆောင်လာသော အကြွေစေ့ ဂိမ်းဆိုင်များကို ပြင်းပြင်းထန်ထန် အရေး ယူသွားမည် ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင် ထွန်းက ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး ကျော်(ခ)ဦးနေဘုန်းလတ် က သင်္ဃန်း ကျွန်းမြို့နယ်ရှိ–Shopping Mall  အပေါ် ထပ်၊ —-Shopping Mall   ရှေ့  စသည့် နေရာများတွင် အကြွေစေ့ဂိမ်းဆိုင်များ သည် အပျော်တမ်းကစားသည်ထက် ကျော်လွန်၍ လောင်းကစားအသွင် ဆောင်လာပြီး ပြည်သူများ၏ စားဝတ်နေ ရေးကိုပါ ထိခိုက် လာသည့်အတွက်  လောင်းကစားဝိုင်းများကို တရားဥပဒေနှင့် အညီဖယ်ရှားရှင်းလင်းရန် အစီအစဉ် ရှိ မရှိ မေးခွန်းကိုမေးမြန်းခဲ့သည်။

ထို့အပြင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒ နယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စား လှယ် ဦးရန်ရှင်းကလည်း မရမ်းကုန်း မြို့နယ်အပါအဝင် ကျန်မြို့နယ်များတွင် ငါးမန်းဂိမ်းဆိုင်များကြောင့် စာရိတ္တပျက် ပြားမှုများ၊ မိသားစုပြဿနာများ၊ ခိုးဆိုး လုနှိုက်များ ဆက်စပ်ပေါ်ပေါက်လျက် ရှိနေသောကြောင့် ထိရောက်စွာနှိမ်နင်း ပိတ်သိမ်းရန် အစီအစဉ် ရှိ မရှိမေးမြန်းခဲ့ ရာ ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်းဖြစ် သည်။

”လောင်းကစားသက်ရောက်တဲ့ ဂိမ်း များကို ဖမ်းဆီးအရေးယူနေတယ်။ လောင်းကစားသက်ရောက်စေတဲ့ ဂိမ်းစက် များကိုလည်း   ပြည်ပကနေတင်သွင်းခွင့် မရှိအောင်လည်း သက်ဆိုင်ရာဌာန များနဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီးပါပြီ။ ဂိမ်းဆိုင် ဖွင့်လှစ်ဖို့လုပ်ငန်းလိုင် စင်ချပေးတဲ့ ဌာန တွေနဲ့လည်း သေချာစိစစ်ပြီးမှ ချပေးဖို့ ညှိနှိုင်းထားပါတယ်။ လက်ရှိစစ်ထားတာ တွေကတော့ ကလေးတွေကစားတဲ့ ဂိမ်း တွေပဲ။ ဒါပေမယ့် လစ်တဲ့အချိန် လောင်း ကစားအသွင်ကစားတာနဲ့ သတင်းပို့ပါ။နီးစပ်ရာ တာဝန်ရှိသူတွေကို   အမြန်ဆုံး ဖမ်းဆီးခိုင်းမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

၂ဝ၁၃ ခုနှစ်မှစ၍ ကလေးများ စိတ်အပန်းပြေစရာအဖြစ် ဂိမ်းဆိုင်များကို ခွင့်ပြုထားသော်လည်း နောက်ပိုင်းတွင် လောင်းကစား သဘောမျိုး လုပ်ဆောင် လာသည်ကိုတွေ့ရသည်ဟု ၄င်းကပြော သည်။

၂ဝ၁၆ခုနှစ်တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း လိုင်စင်ဖြင့် လုပ်ကိုင်လျက်ရှိ သော ဂိမ်းဆိုင်ပေါင်း ၄၃ ဆိုင်ရှိပြီး လောင်းကစားမှု များကို ဖမ်းဆီးရမိမှုများမှာ ယခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ အထိ ၈ မှုရှိကြောင်း၊ လောင်းကြေးငွေ သိန်းတစ်ရာကျော် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

လိုင်စင်ဖြင့် လုပ်ကိုင်လျက်ရှိနေသော ဂိမ်းဆိုင်များမှာ တာမွေမြို့နယ်နှင့် ပန်းဘဲ တန်းမြို့နယ်တို့တွင် အရေအတွက်အများ ဆုံးဖြစ်ေ ကြာင်းလည်းသိရသည်။ သို့သော် လည်း သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က ဂိမ်းဆိုင်အရေအတွက်မှာ ယင်းအရေအတွက်ထက် ပိုနိုင်ပြီး အနည်း ဆုံး ရာချီနိုင်ကြောင်း သုံးသပ်ပြောသည်။

၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေ အရ လောင်းကစားရန် ကြံရွယ်၍အသုံးပြု သော ဂိမ်းစက်များမှာ လောင်းကစား ကိရိယာတွင် အကျုံးဝင်ပြီး လောင်းကစား အိမ်ဖွင့်လှစ်ခြင်း (သို့မဟုတ်) တည်ထောင် ပါက ပုဒ်မ ၉ အရ အနည်းဆုံးထောင်ဒဏ် ၁ နှစ်၊ အများဆုံး ၃ နှစ်၊ ထပ်မံကျူးလွန် ပါက ငွေဒဏ်နှင့် အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*