တကယ် နှစ်ဆတက်စေချင်ရင် ဝန်ကြီးဌာနတွေအကုန်လုံး ဒီထက် သုံးဆလောက် အလုပ်လုပ်ဖို့ လိုမယ် …

တကယ် နှစ်ဆတက်စေချင်ရင် ဝန်ကြီးဌာနတွေအကုန်လုံး ဒီထက် သုံးဆလောက် အလုပ်လုပ်ဖို့ လိုမယ် …
October 26, 2016 Asian Fame

8:19 am
တကယ် နှစ်ဆတက်စေချင်ရင် ဝန်ကြီးဌာနတွေအကုန်လုံး ဒီထက် သုံးဆလောက် အလုပ်လုပ်ဖို့ လိုမယ် …
In Articles, Cover News

တကယ် နှစ်ဆတက်စေချင်ရင် ဝန်ကြီးဌာနတွေအကုန်လုံး ဒီထက် သုံးဆလောက် အလုပ်လုပ်ဖို့ လိုမယ် ...

cover

အောက်တိုဘာ ၂၂ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်းတို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ဝန်ကြီးဦးကျော်ဝင်းက မြန်မာနိုင်ငံရဲ့ တုံ့နှေးနေတဲ့ စီးပွားရေးဟာ ခြောက်လအတွင်း နှစ်ဆသုံးဆ လောက် တိုးတက်လာမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတော့ မပြောခဲ့ပါဘူး။ ဒီလိုပြောခဲ့တာဟာ အပြောသက်သက်လားအလုပ်ပဲ တကယ်လုပ်မှာလားဆိုတာနဲ့ ပတ်သက်ပြီး စီးပွားရေးကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်၊ ထောက်ပြချက်တွေကိုဖော်ပြလိုက်ပါတယ်။

ဦးရဲမင်းဦး (NLD စီးပွားရေးကော်မတီဝင်)

တကယ်လုပ်ရင်တော့ ဖြစ်နိုင်တယ်။ နှစ်ဆသုံးဆဆိုတာ လက်ရှိ နိုင်ငံရဲ့အခြေအနေရဲ့ နှစ်ဆသုံးဆကိုတော့ ဆွဲတင်လို့ရနိုင်တယ်။ သူများ နိုင်ငံနဲ့တော့ သွားယှဉ်လို့ မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ စီးပွားရေးက ကျနေတာကို နှစ်ဆပြန်တင်မှ နဂိုအခြေအနေပြန်ရောက်မှာလေ။ အဲ့လောက်ကတော့ ပြန်ဆွဲတင်လို့ရမယ်။ ဒါပေမယ့် တကယ်လုပ်မှ။ တကယ်လုပ်မယ့် Plan ကိုတော့ ပြောမသွားဘူး။ တကယ်လုပ်မယ့် Plan သိရမှ ဖြစ်နိုင်မယ်မဖြစ်နိုင်ဘူးဆိုတာပြောလိုရမယ်။ အဲ့နေ့က ဝန်ကြီးက Plan ရှင်းပြမယ်လို့ အာဂျင်ဒါထဲမှာပါတယ်။ ရင်းနှီးမြှုပ်နှံမှု မူဝါဒရှင်းပြမယ်လို့လည်းပါတယ်။
ဒါပေမယ့် ပြောမသွားဘူး။ နောက်မှကြေညာပါမယ်ဆိုပြီးပဲ ပြောသွားတယ်။

ကျွန်တော်တို့ မြင်တာကတော့ တကယ်နှစ်ဆတက်စေချင်ရင်ဝန်ကြီး ဌာနတွေအကုန်လုံး ဒီထက်သုံးဆလောက်အလုပ်လုပ်ဖို့ လိုမယ်။ ဒါ တောင် နှစ်ဆတက်တယ်ဆိုတာ ၂ဝ၁၂၊ ၂ဝ၁၃ ခုနှစ်ကအခြေအနေလောက် ပဲပြန်ရောက်မှာ။ ရှေ့ပိုင်းမှာတကယ်ကောင်းတဲ့ အချိန်တွေရှိခဲ့တယ်။ တစ် နိုင်ငံလုံးဖွံ့ဖြိုးမှုနှုန်းကို တွက်ရင်တော့ ကမ္ဘာ့ဘဏ်ကနေ မှန်းသလို ၆ နဲ့ ၇ ကြားလောက်တော့ ရနိုင်တာပေါ့။ လက်ရှိ ကျွန်တော်တို့မှာဖြစ်နေတာက အစိုးရလုပ်ငန်းစဉ်တွေဗျ။ ကျွန်တော်တို့နိုင်ငံက နယ်စပ်ကုန်သွယ်မှု များတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ အစိုးရကနယ်စပ်ကုန်သွယ်မှု တွေကို တရားဝင်ဖြစ်လာအောင် ပြင်မလားပေါ့။ ပြင်နိုင်မယ်ဆိုရင် အကျိုး ရှိမယ်။ ခုဆို ကျွန်တော်တို့က တရားမဝင်နယ်စပ်ကုန်သွယ်မှုတွေပဲ များနေ တယ်။ နောက်တစ်ခုကရန်ကုန်တို့ မန္တလေးတို့မှာရှိနေတဲ့ ကုမ္ပဏီကြီးတွေ ပေါ့။ အဲ့ဒါတွေကို မြန်မြန်လုပ်ငန်းတွေ လုပ်နိုင်ဖို့ အစိုးရလုပ်ငန်းအဆင့် ဆင့်တွေ၊ လျှောက်လွှာတင်ရတာတွေ ဘာတွေပေါ့။ အဲ့ဒါတွေကို ဘယ် လောက်ပြင်ပေးနိုင်မလဲ။ ဒါဆိုလုပ်ငန်းကြီးတွေက တက်လာမယ်။ နောက် တစ်ခုက အစိုးရက နောက်ထပ်ဘာပရောဂျက်တွေလုပ်မလဲပေါ့။ နိုင်ငံအ တွက် လျှပ်စစ်တွေ၊ လမ်းတွေ၊ မြို့သစ်တွေ၊ စက်မှုဇုန်တွေလုပ်မယ်ဆိုရင် အလုပ်အကိုင်တွေ ပေါလာမယ်။ ဒါတွေကလတ်တလောစလုပ်လို့ရတာ တွေပေါ့။ နောက်ပြီး မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေကို မြန်မြန် ထွက်ခေါ်ဖို့၊ ကျွန်တော်ပြောတာ မြန်မြန်ထွက်ခေါ်ဖို့လို့ပြောတာနော်။ ထိုင် စောင့်ဖို့လို့ ပြောတာမဟုတ်ဘူး။ အခုက FDI လာဖို့ ဖွင့်ပေးလိုက်ပြီဆိုပြီး ထိုင်စောင့်နေတယ်။ အဲ့ဒါကိုအစိုးရကလုပ်ရမယ်။

တာဝန်ရှိတဲ့သူ အာဏာရှိတဲ့သူက ထွက်ပြောမှ ဟိုဘက်ကယုံမှာလေ။ ဘာတွေကတိပေးမယ်၊ ဘာတွေလုပ်ပေးမယ်ဆိုတာကို အာမခံချက်တွေကို သွားပြောရမယ်။ မဖြစ် ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီး ခေါ်ရမယ်။ သွားခေါ်တဲ့နေရာမှာ ကိုယ့်နိုင်ငံအတွက် တကယ်လိုတဲ့လုပ်ငန်းတွေဖြစ်ဖို့လည်းလိုတယ်။ အဲ့လိုလုပ်နိုင်မယ် ဆိုရင်တော့ တက်လာမယ်။ နောက်ပြီးအခွန်စနစ်တွေ ရှင်းရှင်းလင်းလင်း လုပ်ဖို့လိုတယ်။ လူတွေက အခွန်ရုံးကိုသွားကို မသွားချင်ကြဘူး။ ဒါကြောင့် အခွန်ဝန်ထမ်းတွေအားလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်းသိစေဖို့ အစိုးရက လုပ်ရမယ်။ နိုင်ငံမှာအခွန်နှုန်းတိုးဖို့ထက် အခွန်ဆောင်တဲ့သူများဖို့ စနစ်ကိုကျင့်သုံးသင့်တယ်။ အစိုးရကတကယ် ထွက်လုပ်ရင်တော့ ဖြစ်မယ်။ အစိုးရကတံခါးဖွင့်ထားတာပဲ သူ့ဟာသူဝင်လာဆိုရင်တော့ လာကြဦးမှာမဟုတ် ဘူး။ အားလုံးကစိတ်ပူတော့ စောင့်ကြည့်နေကြတယ်။ ဒါကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဖိတ်ခေါ်ရုံနဲ့ မရတော့ဘူးထွက်ခေါ်မှရတော့မယ်။

ဒေါက်တာစိုးထွန်း(ဒုတိယဥက္ကဋ္ဌ – မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)

မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကို တိုးတက်အောင်လုပ်မယ်ဆို ရင်တော့ မျှော်မှန်းလို့ရတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲဆိုတာတွေ ရှင်းမပြထားဘူး။ ပုဂ္ဂလိကနဲ့ အစိုးရနဲ့ Level မျှအောင် ဘယ်လိုပေါင်းမလဲဆိုတာတွေလည်း မသိဘူး။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ မေးကြည့်တော့လည်း ဘယ်သူမှသိတာမရှိဘူး။ ဖြစ်နိုင်ရင်တော့ လုပ်ငန်းရှင်တွေ သိအောင်ချပြသင့်တယ်။ ဘယ်လိုကဏ္ဍမှာ ဘယ်လိုပေါင်းမယ်ဆိုတာတွေ မသိရဘူး။ အခုလည်း ကျွန်တော်တို့ မေးကြည့်ရသလောက် အစိုးရ ဘယ် လိုလုပ်မယ်ဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်းမသိရသေးဘူး။ ဖြစ်နိုင် မယ်ဆိုရင်တော့ ဝန်ကြီးအနေနဲ့ရှင်းပြသင့်တယ်။ ခုတော့ ကျွန်တော်တို့ က ဘာမှသေချာမသိသေးဘူး။ ကျွန်တော်တို့ အကြံပေးချင်တာကကတော့ လောလောဆယ် ကုန်သွယ်ရေးမှာလည်း အဝင်အထွက်က မမျှဘူး။ ဘယ် နိုင်ငံတွေကို ဘယ်လိုချဲ့ထွင်မလဲဆိုတာမျိုး လုပ်သင့်တယ်။ နောက်ပြီး ခုဆို ပြည်တွင်းမှာဒေါ်လာ ဈေးတက်နေတယ်။ ငွေကြေးဖောင်းပွမှုနှုန်းတွေ
လည်း များနေတယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ရှင်းရှင်းလင်းလင်းမပြောဘူး။ SMEs နဲ့ပတ်သက်ရင်လည်း လိုအပ်တယ်သာပြောတာဘာလုပ်မယ်ဆိုတာမပြောတော့ သူတို့မှာဘယ်လိုအစီအစဉ်တွေရှိနေလဲဆိုတာ မပြောခဲ့ပါဘူး။

ဦးမြင့်ဇော် (Ground Solution ကုမ္ပဏီလီမိတက်၏အမှုဆောင်အရာရှိချုပ်၊ မြန်မာ့စီးပွားရေးလေ့လာသူ)

တကယ်တော့ မဖြစ်နိုင်တဲ့ကိစ္စပါ။ မဖြစ်နိုင်ဘူးလို့တော့ အတတ်ပြောလို့မရဘူး။ Singapore, Thailand,. Malaysia ရဲ့ လက်ရှိစီးပွားရေးနဲ့ နိုင်ငံရေးအလားအလာ၊ Japan နိုင်ငံရဲ့မကြာမီမိတ်ဆက်တော့မယ့် အနုတ်အတိုးနှုန်း၊ US,EU က စီးပွာရေးနှေးကွေးမှု၊ ဘာမှဟုတ်တိပတ်တိ မဖြစ်သေးပေမယ့် လုပ်လို့ရတာ အများကြီးရှိသေးတဲ့ ကျွန်တော် တို့တိုင်းပြည်။ MIC မှာတင်ထားပြီးခွင့်ပြုမယ့် Process မှာ စောင့်စားရှိနေတဲ့ နိုင်ငံတကာက FDI ရာနဲ့ ချီတဲ့ အရေအတွက်။ စုစုပေါင်း USD Million ရာချီမယ်။ Sanction ပွင့်သွားလို့လာမယ့်သူတွေရယ်။ USD $Billion လောက်ရှိမလားပဲ။ ဘာမှမလုပ်လို့၊ မတိုးတက်ဘဲ ရပ်နေတာကြာပြီဖြစ်တဲ့ မြန်မာ့စီးပွားရေးရယ် တစ်ပြိုင်နက် ဖွင့်ပေးလိုက်ရင်တော့ မပြောတတ်ဘူး။ အမှိုက်တွေနဲ့ပိတ်ဆို့နေတဲ့မြောင်းကို ဂေါ်နဲ့တအားထိုးချလိုက်လို့ ရေရော အမှိုက်ရော တဟုန်ထိုးပါလာမလားပဲ။ Research, anlysis studies outcome, SWOT analysis တွက်ချက်ပြီး ဘယ်လိုသွားမလဲဆိုတာ ချပြနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ့် အခုပြောနေတာ အောက်တိုဘာလနော်၊ ဧပြီလကစတွက်ရင် (၇)လ လောက်နောက်ကျနေပြီ။ နိုင်ငံရေးအားသာတဲ့ အစိုးရဖြစ်တဲ့အတွက်လည်း နိုင်ငံရေးလှည့်ကွက်ကလေး၊ ဘာလေး ရှိချင်ရှိမှာပေါ့။ တစ်ခုပဲ ၅ လနဲ့ ဖြစ်နိုင်ပါ့မလား။ တကယ်များဖြစ်ခဲ့ရင် မြန်မာက Asean စီးပွားရေးကိုတောင် ဆွဲတင်သွားမလားပဲ။ ဒီအတွက် လူတော်လိုတယ်၊ လူတတ်လိုတယ်။ လူလည်မလိုသေးပါဘူး။

ဦးသူရကိုကို ((Managing Director – YGA Capital Limited)

မဖြစ်နိုင်ဘူးဆိုတာလည်း ပြောရတာခက်တယ်။ ဘာကတက်လာမှာလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ နှစ်ဆသုံးဆတက်မယ်ဆိုတာဘာလဲပေါ့။ ကုန်သွယ်ရေးဆိုရင်တော့ တက်ကောင်းတက်နိုင်တယ်။ FDI နှစ်ဆသုံးဆတက်မယ်ဆိုတာလည်း ပြီးခဲ့တဲ့လက FDI က နောက်ခြောက်လမှာ တက် မယ်ဆိုတာမျိုးကဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့လက ကုန်သွယ်ရေးနှုန်းက နောက်ခြောက်လနေလို့ တက်လာတာမျိုးက ဖြစ်နိုင်တယ်။ သူက အဓိကက ဘယ်အပိုင်းကို ပြောတာလဲဆိုတာမသိတော့ ပြောရခက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရဲ့ FDI က နှစ်ဆသုံးဆတက်လာဖို့ဆိုတာကတော့ခက်တယ်။ ဒါပေမယ့် ဝန်ကြီးဆိုလိုတာဒါကိုပြောဟန်မဟုတ် လောက်ဘူး။ တချို့အချက်အလက်တွေကတော့ မဖြစ်နိုင်ဘူး။ MIC မှာတင်ထားတာတွေက ကြာနေတာလား။ သွင်းကုန် ပို့ကုန်တွေက အကောက် ခွန်မှာ ပါမစ်ကျဖို့ စောင့်နေတာလားဆိုတာ ဒါတွေကို အစီအစဉ်တွေချပေးလို့ လုံးလုံးကြီးပွင့်သွားနိုင်တယ်ဆိုရင်လည်း ဖြစ်သွားနိုင်တယ်။ ဒီမှာက မိုက်ခရိုစီးပွားရေးတွေဖြစ်တဲ့ ကုန်ဈေးနှုန်းတွေက မြင့်နေတယ်။ ကုန်သွယ် ရေးကလည်း မညီမျှဘူး။ အစိုးရရဲ့ နိုင်ငံတော်ဘတ်ဂျက်လုပ်ငန်းစဉ်ဖြစ်တဲ့ အကောက်ခွန်တွေရယ်လုပ်ငန်းတွေရယ်၊ အစိုးရကမဖြစ်မနေသုံးစွဲရမယ့် ဘတ်ဂျက်တွေကလည်းမမျှတဘူးဖြစ်နေတယ်။ ဒါတွေပြင်ဖို့ဆို နှစ်ရှည်လို သေးတယ်။ မိုက်ခရိုကိုပြင်ဖို့ဆိုရင် အချိန်ယူရတယ်။ နိုင်ငံတော်ကလည်း ရေရှည်စီးပွားရေးပေါ်လစီတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာဆက်လက် ဖော်ထုတ်ရမယ်။ ရေတိုမှာတော့ အစီအစဉ်တွေနဲ့ ကုန်သွယ်ရေးတွေ မြန်အောင်လုပ်ပေးနိုင်တယ်။ FDI တွေ ဝင်လာနိုင်အောင် အဆင်သင့်ဖြစ်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဗျူရိုကရေစီလုပ်ငန်းတွေ မြန်အောင်လုပ်ပေးလို့ရမယ်။ ဥပဒေတွေ နည်းဥပဒေတွေဆွဲပြီး နိုင်ငံခြားကပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းအတွက် ကျွမ်းကျင်သူတွေကို ပြည်တွင်းမှာရေရှည်နေလို့ ရအောင်လုပ်ပေးတာမျိုးတွေ လုပ်ပေးလို့ ရမယ်။ အဲ့လို မျိုးရေတိုလုပ်ငန်းပုံစံမျိုးတွေကို အများကြီးလုပ်လို့ရပါတယ်။

ဦးမင်းတေဇညွန့်တင်
(Myanmar Expert at EU Asean IPR SME Helpdesk)

စီးပွားရေးတိုးတက်လာဖို့ ဆိုတဲ့နေရာမှာသိမ်းထားတဲ့ ပိုက်ဆံတွေ အပြင်ထွက်လာအောင်လုပ်တာလည်းပါတယ်လေ။ အရင်အစိုးရနဲ့ ထိစပ် ခဲ့ကြဖူးတဲ့အများအတွက် မလုပ်ခဲ့ကြတဲ့သူတွေကို ခုလိုဖိတ်ခေါ်ပြီး တွေ့ဆုံ လိုက်တာလည်းကောင်းပါတယ်။ အဲ့လူတွေကို ရဲရဲကြီးသင်ပုန်းချေတယ်လို့ လုပ်လိုက်တာလည်း ကောင်းတယ်။ နောက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ပြောနေရုံနဲ့ မရဘူး။ ပေါ်လစီနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချနိုင် မယ်ဆိုတက်မယ် မချနိုင်ဘူးဆိုမတက်ဘူးပေါ့။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေကလည်း အရေးကြီးတယ်။ အမေရိကန်လို နိုင်ငံတောင် သူတို့ နိုင်ငံအတွက် ၄ဝ ရာခိုင်နှုန်းလောက်အရေးပါနေတော့ ကျွန်တော်တို့ နိုင်ငံဆို ပြောစရာတောင် မလိုပါဘူး။ ခြောက်လအတွင်း ဆိုတာတော့ တကယ်ခဲခဲယဉ်းယဉ်းလုပ်ရမယ့်ကိစ္စပဲ။ အာမခံမှုတွေလိုတယ်။ အားပေး ကူညီရုံနဲ့ မရဘူး။ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းတွေမှာ အမျိုးမျိုးအာမခံရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ခရိုနီတွေကို ခုလိုလက်ခံပြီး ဆွေးနွေးမှု တွေပြုလုပ်နေပေမယ့် အခြားခြားသောသူတွေကလည်း သူ့လိုစိတ်မျိုး မွေးနိုင်မှရမယ်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*