မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံဘဏ်လုပ်ငန်းနှင့် အကြွေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံဘဏ်လုပ်ငန်းနှင့် အကြွေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး
October 20, 2016 Asian Fame

9:11 am
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံဘဏ်လုပ်ငန်းနှင့် အကြွေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး
In Articles

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံဘဏ်လုပ်ငန်းနှင့် အကြွေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး

bank

ယနေ့ မြန်မာနိုင်ငံ၏ စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံကျသော ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အထူး လိုအပ်နေသည်ဟု ယူဆမိပါသည်။ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍသည် တိုင်းပြည် စီးပွားရေး၏ ကျောရိုးဖြစ်ပါသည်။ ယနေ့တိုးတက်နေသော နိုင်ငံတိုင်း တွင် ဘဏ်လုပ်ငန်းကောင်းစွာ ဖွံ့ ဖြိုးတိုးတက်နေသည်ကို မြင်တွေ့ ကြရမည်ဖြစ်ပြီး နိုင်ငံချမ်းသာ ကြွယ်ဝလာလေလေ ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာ လေလေဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း ချမ်းသြာ<ွကယ်ဝသောနိုင်ငံများမှာ ဘဏ်လုပ်ငန်းနှင့် ဈေးကွက်ကို အခြေပြုသော စီးပွားရေး စနစ်ဖြစ် ပေါ်သည်ကို မြင်တွေ့ရပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကို ကြည့်မည်ဆိုလျှင် ဗဟိုဘဏ်ကို ပိုမိုလွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ပေးအပ်လာသည် ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အလားတူပင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များမှာလည်း လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာပြီး နိုင်ငံအနှံ့ ဘဏ်ခွဲများ ကျယ်ပြန့်စွာ ဖွင့်လှစ် လာကြသည်ကို တွေ့ကြရပါမည်။ ဘဏ်များ ကွန်ရက်များ ကြီးထွား လာခြင်းနှင့်အတူ အလိုအလျောက် ငွေထုတ်ယူစက်များ၊ ငွေလွှဲဝန် ဆောင်မှုများ၊ နိုင်ငံခြားငွေစာရင်း ဝန်ဆောင်မှုများ စသည့် ဘဏ်ဝန် ဆောင်မှုအသစ်များကိုလည်း တိုး ချဲ့ဆောင်ရွက်နိုင်သည်ကို တွေ့ကြ ရပါသည်။

သို့သော်လည်း ထိုကဲ့သို့သော ဖြစ်ပေါ်တိုးတက်မှုများ ရှိသည့် တိုင်၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍမှာ သုံးစွဲသူလက်ခံလာအောင် များစွာ ခေတ်မီရန် လိုအပ်နေသေးရုံမက နိုင်ငံအနှံ့ကျယ်ကျယ် ပြန့်ပြန့် တွင်တွင် ကျယ်ကျယ် အသုံးပြုနိုင်သည်အထိ ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေပါသေးသည်။ သတင်းအချက်အလက် နည်း ပညာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘဏ်လုပ် ငန်း ဆိုင်ရာ ငွေစာရင်းနှင့် အစီ ရင်ခံစာ ရေးဆွဲခြင်းလုပ်ငန်းစဉ်များကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် ရန်လည်း လိုအပ်နေပါသည်။

၂ဝဝ၃ ခုနှစ်တွင် ကြုံတွေ့ခဲ့ ရ သော ဘဏ်လုပ်ငန်းအကျပ် အတည်းကြောင့် ချည့်နဲ့ခဲ့ရသော မြန်မာ့ဘဏ်လုပ်ငန်းကို ယခု တိုင်း ပြန်လည်နာလန်ထူနိုင် အောင် ရုန်းကန်နေရဆဲဖြစ်ပါ သည်။ ထိုစဉ်က တရားဝင်ခွင့်ပြု မထားသော ငွေကြေးဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီများမှ အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အကြောင်းပြပြီး လစဉ် ၃ ရာခိုင် နှုန်းမှ ၄ ရာခိုင်နှုန်းထိ အတိုးနှုန်း ကြီးကြီးပေးပြီး တိုင်းပြည် လူထုထံ မှ စုဆောင်းငွေကြေးများကို ရယူခဲ့ ကြပြီးနောက် ၂ဝဝ၂ ခုနှစ်နှောင်းပိုင်းတွင် ၎င်းလုပ်ငန်းများ အားလုံးကျဆုံးခဲ့ကြသည်။ ထို့နောက် ဆက်လက်၍ထိုစဉ်က အာရှဓနဘဏ်နှင့် မေဖလားဝါးဘဏ်တို့ အပေါ် ငွေကြေးခဝါချမှု စွပ်စွဲ ချက်များကြောင့် တိုင်းပြည်လူထု၏ တရားဝင်ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှုများ ကျဆင်းလာခဲ့သည်။

ထိုအထဲတွင် ဘဏ္ဍာရေး ဝန်ကြီးနုတ်ထွက်သွားသည့် အရှုပ် တော်ပုံပေါ်ပေါက်လာသောအခါ မြန်မာ့ဘဏ်လုပ်ငန်း၏ အနာဂတ်မှာ မသေချာမရေရာ အခြေအနေ မျိုး ကြုံတွေ့ခဲ့ကြရသည်။ ၎င်းအချက်များပေါင်းစုံပြီး ဘဏ်များငွေကြေးလည်ပတ်မှု အခက်အခဲ နှင့် ရင်ဆိုင်ကြရပြီး အကျိုးဆက် အနေဖြင့် ၂ဝဝ၃ ခုနှစ်တွင် မြန် မာယူနီဗာဆယ်ဘဏ်၊ အာရှဓနဘဏ်နှင့် မေဖလားဝါးဘဏ်တို့ ပိတ်သိမ်းခဲ့ရသည်။ ထိုဘဏ်လုပ် ငန်းအကျပ်အတည်းကြောင့် တိုင်း ပြည်လူထု၏ ဘဏ်လုပ်ငန်းအပေါ်ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး စတင်ဖြစ်ပေါ်လာစ အကြွေးစနစ်မှာ ဗုန်းဗုန်းလဲပြိုဆင်းခဲ့ရကာ (Credit Crunch)၊ ယခုတိုင်အများစုမှာ ငွေသားပေးချေမှုကို အဓိကထားလည်ပတ်နေကြရပါသည်။

တိုင်းပြည်၏ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက်လာရန် အဓိက လည်ပတ်မှု ယန္တရားဖြစ်သော ငွေကြေးလည်ပတ်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရန် ဦးစွာလိုအပ်ပါသည်။ အဆင်ပြေချောမွေ့သော ငွေကြေး လည်ပတ်မှု စနစ်ဖြစ်ပေါ်မှသာ စီးပွားရေးအမြန်ဖွံ့ဖြိုးလာနိုင် မည်ဖြစ်ပါသည်။ လက်ရှိငွေသား ပေးချေမှုကို အဓိကထားလည်ပတ်နေရသည့် စီးပွားရေးစနစ်မှဘဏ်ကို အခြေပြုသည့် စီးပွားရေးစနစ်သို့ ရောက်ရှိအောင် အရင် ဦးစားပေး ဖော်ဆောင်ရမည် ဖြစ်သည်။

အထက်တွင်ဖော်ပြထားသည့် KPMG ၏ သုတေသနပြုထားချက်နှင့် ကမ္ဘာ့ဘဏ်စာရင်းကို ကြည့်မည်ဆိုလျှင် ၂ဝ၁၁ ခုနှစ်ထိ မြန်မာနိုင်ငံ၏ ဘဏ်ခွဲစုစုပေါင်း မှာ ၈၆၃ ခုသာရှိပြီး မြန်မာနိုင်ငံထက်များစွာသေးငယ်သော စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံများထက် အနည်းငယ်သာပိုမိုပြီး အာဆီယံဒေသအတွင်းတွင် နိုင်ငံ၏ အရွယ်အစား၊ လူဦးရေနှင့် နှိုင်းယှဉ်သော်ဘဏ်အရေအတွက် အနည်းဆုံး၊ ဘဏ်လုပ်ငန်းတွင် ကျယ်မှု အနည်းဆုံးဖြစ်သည်ကို တွေ့ကြရမည်ဖြစ်သည်။ ကိန်း ဂဏန်းများအရ အရွယ်ရောက်သူ ဦးရေ၏ ၅ ရာခိုင်နှုန်းသာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို သုံးစွဲနိုင်သေးသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအနှံ့ လူထုအလွှာ အသီးသီးက ဘဏ်လုပ်ငန်းကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ရန် ဘဏ်ခွဲများစွာ ဖွင့်လှစ်နိုင်ရန် အလိုအလျောက်ငွေထုတ်ယူစက်များ တည်ဆောက်ပေးနိုင်ရန် ဦးစွာစီမံ ကြရမည်ဖြစ်သည်။

တစ်ဆက်တည်းလိုပင် ဘဏ်အရေအတွက် ဖွံ့ဖြိုးတိုးတက်ရေး သာမက ဘဏ်လုပ်ငန်းကို လူတိုင်းတွင်ကျယ်စွာ အသုံးပြုလာရေးကို ဆောင်ရွက်နေချိန်မှာ ဘဏ်များ၏ စွမ်းဆောင်ရည်နှင့် ဝန်ဆောင်မှု များ၏ အရည်အသွေး၊ အရည် အချင်း၊ အရေအတွက်ပိုမိုတိုးတက်ကောင်းမွန်အောင်လည်း စီမံကြရမည်ဖြစ်သည်။ လက်ရှိဘဏ်လုပ်ငန်း ဆောင်ရွက်မှုများတွင် ငွေသားထုတ်ယူ ခြင်း၊ ပေးသွင်းခြင်းဖြင့် အများဆုံး ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိခြင်းကြောင့် စာရင်းဆောင်ရွက်ချက်တစ်ခုချင်း စီအတွက် ကုန်ကျစရိတ်များ မြင့် မားလျက်ရှိပါသည်။ ငွေသားများ မြောက်မြားစွာ ကိုင်တွယ်ရခြင်း ကြောင့် ငွေသားဖြင့် ဗဟိုဘဏ်သို့ ငွေပေးသွင်းရာတွင်လည်း ငွေရေ တွက်နိုင်သည့် အကန့်အသတ် ကြောင့် အခက်အခဲများရှိပါသည်။ သို့ဖြစ်ရာ ဘဏ်အသုံးပြုသူများ အနေဖြင့် ငွေသားများအစား ချက် လက်မှတ်ဖြင့်(ဝါ) ဘဏ်အချင်းချင်းအွန်လိုင်းဖြင့် ငွေပေးချေခြင်းစနစ် (Clearing Cheque/ Interbank Electroic Payment System) များဖြင့် သုံးစွဲနိုင်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါသည်။ တိုင်းပြည်၏ နေရာအနှံ့တွင် လူထုအလွှာအသီးသီးငွေအထုတ်အသွင်း လွှတ်ကူစေရန် အလိုအလျောက် ငွေထုတ်ယူစက်(ATM) များကိုလည်း ကျယ်ပြန့်စွာတပ်ဆင် အသုံးပြုနိုင်ရန်နှင့် တပ်ဆင်ပြီး စက်များ၌ လုံခြုံမှုကို တာဝန်ယူနိုင်ရန်လည်း စီမံရမည်ဖြစ်သည်။

ဘဏ်လုပ်ငန်းတစ်ခုလုံး ဖွံ့ ဖြိုးတိုးတက်ရန် ပုဂ္ဂလိကဘဏ်များ နှင့် နိုင်ငံပိုင်ဘဏ်များအားလုံး ခေတ်မီ သတင်းအချက်အလက် နှင့် ကွန်ပျူတာနည်းပညာကို အသုံး ပြုလာစေရန် တွန်းအားပေး ဆောင်ရွက်ဖို့လိုပါသည်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်များအနေ နှင့် ခေတ်မီနည်းပညာကို စတင်အ သုံးပြုနေကြပြီ ဖြစ်သော်လည်း သတင်းအချက်အလက် နည်း ပညာနှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ရှိနေသေးသောကြောင့် အဆင့်မီဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ အတွက်တော့ လိုအပ်ချက် တွေ့ရှိ နေပါသေးသည်။

နိုင်ငံပိုင်ဘဏ်များ အနေနှင့် လည်း ပုဂ္ဂလိကဘဏ်များနည်းတူ ခေတ်မီသတင်းအချက်အလက်နှင့် ကွန်ပျူတာနည်းပညာကို အသုံး ပြုလာနိုင်အောင် အဆင့်မြှင့်တင် ရန် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းတစ်ခုလုံး ဟန်ချက်ညီညီတိုးတက်စေရန် ဘဏ်လုပ်ငန်းများအားလုံး တူညီသော ယှဉ် ပြိုင်မှုဖြစ်ပေါ်စေရန် နိုင်ငံပိုင် ဘဏ်များကိုလည်း ပုဂ္ဂလိကဘဏ် များနှင့် တပြေးညီတူညီသော စည်းမျဉ်းများနှင့် ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်မှာ ထားရှိရန် လည်း အထူးလိုအပ်ပါသည်။ ဘဏ်လုပ်ငန်းအဖွဲ့အစည်းများတည်ငြိမ်စေရန်အတွက်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှုနှင့် စည်းမျဉ်း စည်းကမ်းများ ပိုမိုအားကောင်း လာစေရန်၊ ဗဟိုဘဏ်အနေဖြင့် အချိန်နှင့် တပြေးညီ ဘဏ်လုပ်ငန်း များကို ကြီးကြပ်နိုင်စေရန်အတွက် ဘဏ်လုပ်ငန်း အဖွဲ့အစည်းများနှင့် ဗဟိုဘဏ်အကြား အချိန်နှင့်တပြေးညီ အွန်လိုင်းသတင်းပို့စနစ် (Real-time Electronic Reporting System) ကို တည်ဆောက်ဖို့ လိုအပ်ပါမည်။ ဘဏ်လုပ်ငန်းအဖွဲ့အစည်းအားလုံးကလည်း ဗဟိုဘဏ်မှ လိုအပ်သည့် အချက်အလက်များကို အချိန်နှင့် တပြေးညီ ပေးပို့နိုင်ရန် လိုအပ်ပါသည်။ ဘဏ်လုပ်ငန်း တည်ငြိမ်ရေး အတွက် အခြားအရေးကြီးသော အချက်တစ်ခုမှာ ကောလာဟလများကို ထိန်းချုပ်နိုင်ရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် Social Media အသုံးပြုသူများပြားလာသည်နှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနှင့်ပတ်သက်သည့် မဟုတ်မမှန် ကောလာဟလသတင်းများကို အထူးသဖြင့် Social Media များမှ ထုတ်လွှင့်မှုကြောင့် ဘဏ်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံရေးနှင့်ဘာသာရေးကို အကြောင်းပြု၍ နိုင်ငံအကျိုးစီးပွားကို ထိခိုက်လာနိုင်သည်အထိ ဖြစ်ပေါ်ခဲ့ပါသည်။ သို့ဖြစ်ရာ Social Media များမှ မဟုတ်မမှန် ကောလာဟလထုတ်လွှင့်သူများကို ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရန် လိုအပ်ပါသည်။ လက်ရှိ ဆက်သွယ်ရေးဥပဒေမှာ ခေတ်မီရန် လိုအပ်နေဆဲ၊ အရေးယူရန် အားနည်းချက်များရှိနေဆဲဖြစ်ရာ လိုအပ်သလို ပြန်လည်သုံးသပ်ပြုပြင်သင့်ပါသည်။

ဘဏ်လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် လည်းကောင်းမွန်သော စီမံခန့်ခွဲ မှုစနစ် (Good Corporate Governace) နှင့်အညီ စီမံခန့်ခွဲနိုင်ရန်နှင့် အများပြည်သူ၏ ယုံကြည်မှု ရရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် ဗဟိုဘဏ်၏ ကြီးကြပ်မှုအတွက် လိုအပ်သော စာရင်းများနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသို့ စာရင်းဇယားများ ပေးပို့ရာတွင် တပြေးတညီ တည်းရှိစေရန် IFRS, International Financial Reporting Standard ကို လိုက်နာကျင့်သုံးဖို့လိုပါသည်။ ဒုတိယအရေးတကြီး ဦးစားပေး ဆောင်ရွက်ရမည့်အချက်မှာ ၂ဝဝ၃ ခုနှစ်တွင် ဗုန်းဗုန်းလဲပြိုလဲခဲ့ရသော အြေ<ွကးစနစ်ကို စနစ်တကျ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေး ပင် ဖြစ်သည်။

ထိုသို့ အကြွေးစနစ် ပြန်လည်နာလန်ထူလာစေရန် အကြွေးသုံးစွဲမှုစနစ် အုပ်ချုပ်ရေးအဖွဲ့ (Credit Bureau) (သို့) အကြွေးသုံးစွဲမှု ဆိုင်ရာ သတင်းအချက်အလက်စနစ် (Credit Information System) ထူထောင်ရန် လိုအပ်ပါသည်။ လက်ရှိဘဏ် ချေးငွေအများစုသည် ပစ္စည်းပိုင်ဆိုင်မှုကို အပေါင်တင်စနစ် (Collateral Base)နှင့် ငွေချေးနေခြင်းဖြစ်သောကြောင့် လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်သော်လည်း ငွေကြေးလိုအပ် သည့်လုပ်ငန်းရှင်များအတွက် ချေးငွေအလုံအလောက်ရဖို့ အကန့်အသတ်ရှိနေပါသည်။ အကြွေးသုံးစွဲမှုဆိုင်ရာ သတင်းအချက်အလက် စနစ်ရှိမှသာ အပေါင်တင်မထားသော ချေးငွေဝန်ဆောင်မှုပေးရန် လွယ်ကူမှာဖြစ်ပါသည်။

အထူးသဖြင့် ယခုအခါကဲ့သို့ တိုင်းပြည်အတွက် အရေးပါသော အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်လိုအပ်သည့် ချေးငွေများ ချေးပေးရန်အတွက် အကြွေးသုံးစွဲမှုစနစ် အုပ်ချုပ်ရေးအဖွဲ့ (Credit Bureau) နှင့်ကုမ္ပဏီများ အကြွေးသုံးစွဲမှုအာ မခံစနစ် (Corporate Credit Guarantee Scheme) များ ပီပြင်စွာ ပေါ်ပေါက်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ယခုအခါ Credit Bureau စတင်ဖွဲ့စည်းပြီး ဖြစ်ပေမယ့် အမြန်အကောင်အထည်ဖော်ဖို့ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အြေ<ွကးသုံးစွဲမှု စနစ်အုပ်ချုပ်ရေးအဖွဲ့ (ဃမနိငအ ကြမနကေ)
အကောင်အထည်ပေါ်လာဖို့အတွက် အဓိက စိန်ခေါ်မှုကတော့ အဖွဲ့ဝင်ဘဏ်များထံမှ သုံးစွဲသူများ၏ အချက်အလက်များကို မှန်ကန်စွာအချိန်နှင့် တပြေးညီ ခေတ်မီသတင်းအချက် အလက်နှင့် ကွန်ပျူတာ နည်းပညာကို အသုံးပြုပြီး ပေးပို့နိုင်ရေးဖြစ်ပါသည်။ ဘဏ်အသုံးပြုသူများ၏ အချက်အလက်များကို မှန်ကန်စွာအချိန်နှင့် တပြေးညီပေးပို့နိုင်ရန် နိုင်ငံပိုင် ဘဏ်များအပါအဝင် အဖွဲ့ဝင်ဘဏ်များ အားလုံးအနေဖြင့် ဗဟိုမှ ချုပ်ကိုင်ထားသော အဓိကဘဏ်စနစ် (Centralized Core Banking System) ကို အသုံးပြုရန် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ပါသည်။

ယခုအခါ အမေရိကန်ပြည် ထောင်စု၏ စီးပွားရေးပိတ်ဆို့အ ရေးယူမှုအားလုံးကို ရုပ်သိမ်းလိုက် ပြီဖြစ်ရာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများများစွာ ဝင်ရောက်လာပြီး တိုင်းပြည်၏ စီးပွားရေး ဦးမော့လာဦးမည်ဟု ပညာရှင်များက မျှော်လင့်နေကြပါသည်။ ထိုသို့အလားအလာကောင်းများ ဖြစ်ပေါ်လာနေသည့် မြန်မာ့စီးပွားရေးကို အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံလိုအပ်ချက်ဖြစ်သော ဘဏ်လုပ်ငန်းစနစ် ကောင်းမွန်ကျယ်ပြန့်စွာ ဖြစ်ပေါ်တိုးတက် ရေးနှင့် စနစ်ကျနသော အကြွေးသုံးစွဲမှုစနစ် ဖြစ်ပေါ်တိုးတက်ရေးတို့မှာ ဦးစားပေးဆောင်ရွက်ရမည့် မရှိမဖြစ်လုပ်ငန်းဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကောင်းထက်ကောင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*