စက်ရုံလုပ်သားတစ်ဦး လက်ချောင်း ၇ ချောင်း ပြတ်မှု ဖြစ်ပွား၊ လျော်ကြေးကိစ္စ ညှိနှိုင်း၍ မရသေး

စက်ရုံလုပ်သားတစ်ဦး လက်ချောင်း ၇ ချောင်း ပြတ်မှု ဖြစ်ပွား၊ လျော်ကြေးကိစ္စ ညှိနှိုင်း၍ မရသေး
October 20, 2016 Asian Fame

9:23 am
စက်ရုံလုပ်သားတစ်ဦး လက်ချောင်း ၇ ချောင်း ပြတ်မှု ဖြစ်ပွား၊ လျော်ကြေးကိစ္စ ညှိနှိုင်း၍ မရသေး
In Labour

စက်ရုံလုပ်သားတစ်ဦး လက်ချောင်း ၇ ချောင်း ပြတ်မှု ဖြစ်ပွား၊ လျော်ကြေးကိစ္စ ညှိနှိုင်း၍ မရသေး

ရဲလွင်
ရန်ကုန်၊ အောက်တိုဘာ ၁၇

တောင်ဒဂုံစက်မှုဇုန်အတွင်း ရှိ ရွှေနိုင်ငံစက္ကူစက်ရုံတွင် လုပ် ငန်းခွင်အတွင်း စက်ချို့ယွင်းမှု ကြောင့် လုပ်သားတစ်ဦး လက် ချောင်း ၇ ချောင်းပြတ်မှု ဖြစ်ပွား ခဲ့ပြီး လျော်ကြေးကိစ္စ ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

မြောင်းမြမြို့နယ်နေ အ သက် ၁၈ နှစ်ရှိ မောင်နေလင်း ထက်သည် အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စက္ကူဖြတ်နေ စဉ် စက်ချို့ယွင်း၍ ညာဘက်လက်ချောင်း ၄ ချောင်း၊ ဘယ်ဘက်လက်ချောင်း ၃ ချောင်း ပြတ်ခဲ့ခြင်းဖြစ်ပြီး ဆာကူရာဆေး ရုံ၌
ဆေးကုသမှုခံယူခဲ့ကာ ယခု ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ တက်ရောက်နေကြောင်း၊ ၄င်းဖြစ် စဉ်နှင့် ပတ်သက်၍ ရွှေနိုင်ငံစက် ရုံဘက်မှ ဆေးကုသစရိတ်များ အားလုံးကို ကျခံပေးနေသော် လည်း ဆေးကုသမှု ပြီးပါက လျော်ကြေးပေးရန်ကိစ္စနှင့် ပတ် သက်၍
ညှိနှိုင်း၍ မရသေး ကြောင်း အဆိုပါအမှုကို လိုက် ပါကူညီနေသည့် အလုပ်သမား အဖွဲ့အစည်း AFFM မှ ဦးဇာ နည်သွေးက ပြော သည်။

”စက်ရုံဘက်က ခုထိ ဆေး ကုသမှုရယူမယ်ဆိုရင် လျော် ကြေးမပေးတော့ဘူး၊ လျော်ကြေး ယူမယ်ဆိုရင်လည်း ဆေးကုသမှု မပေးေ တာ့ဘူးဆိုပြီး ပြောတယ်။ အဲ့ဒါကို ညှိနှိုင်းနေတယ်။ အ မှန်ကတော့ အလုပ်ရုံဥပဒေအရ ဒီအလုပ်သမားက ဆေးရုံဆင်း လည်း  သူ့ ရဲ့ခန္ဓာကိုယ် အစိတ်အ ပိုင်းဆုံးရှုံးသွားတဲ့အတွက် သူ့ အတွက် လျော်ကြေးဆိုတာ လို ကို လိုအပ်တယ်” ဟု ၄င်းက ဆို သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ညှိနှိုင်း၍ အဆင်မ ပြေပါက ဥပဒေကြောင်းအရ တရားစွဲ အမှုဖွင့် တောင်းဆိုရန် ကာယ ကံရှင် မိသားစုနှင့် တိုင် ပင်ထားပြီး ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေနိုင်ငံစက္ကူစက်ရုံမှ တာဝန်ရှိ သူများကို ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဆက်သွယ်၍ မရရှိခဲ့ ပေ။ ယခုကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာလ ၁၇ ရက်တွင်  အလုပ်သမားဝန်ကြီးဌာနသို့ အ သိပေးထားပြီး ဖြစ်ကြောင်း သိရ သည်။

ရွှေနိုင်ငံ စက္ကူစက်ရုံသည် တောင်ဒဂုံစက်မှုဇုန်နှင့် ဒဂုံဆိပ် ကမ်းစက်မှုဇုန်များတွင် စက္ကူစက် ရုံများရှိပြီး ယခုကဲ့သို့ လုပ်ငန်းခွင် အန္တ ရာယ်ဖြစ်မှုမှာ ပထမဦး ဆုံးဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*