FBI ကို လိမ်ညာခဲ့ မိကြောင်း အငြိမ်းစား မရိန်းတပ် စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဝန်ခံ

FBI ကို လိမ်ညာခဲ့ မိကြောင်း အငြိမ်းစား မရိန်းတပ် စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဝန်ခံ
October 19, 2016 Asian Fame

7:29 am
FBI ကို လိမ်ညာခဲ့ မိကြောင်း အငြိမ်းစား မရိန်းတပ် စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဝန်ခံ
In International News

FBI ကို လိမ်ညာခဲ့ မိကြောင်း အငြိမ်းစား မရိန်းတပ် စစ်ဗိုလ်ချုပ်ကြီး တစ်ဦး ဝန်ခံ

fbi-in-stuxnet-leak

(ဝါရှင်တန်၊ အောက်တိုဘာ ၁၈ )

FBI ကိုလိမ်ညာခဲ့ မိကြောင်း အငြိမ်းစား မရိန်းတပ် စစ်ဗိုလ်ချုပ် ကြီးတစ်ဦးက ဝန်ခံပြောဆိုသည်။

အမေရိကန် ပြည်ထောင်စု မရိန်းတပ် အငြိမ်းစား ဗိုလ်ချုပ်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး၊ အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့ များ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်ဖြင့် သမ္မတ အိုဘားမား၏ အမျိုးသား လုံခြုံရေး အဖွဲ့တွင် အဓိက ပုဂ္ဂိုလ် တစ်ဦး အဖြစ် တာဝန်ယူခဲ့သူ ဂျိမ်းစ်အီးကတ်ရိုက် က သူသည် FBI သို့ လိမ်ညာ ပြောဆိုမှုများ ရှိခဲ့ ကြောင်း သတင်းထောက် များအား ယမန်နေ့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ အခြေစိုက် နယူးယောက် တိုင်းမ်စ် သတင်းစာ မှ သတင်းထောက် တစ်ဦးဖြစ်သူ ဒေးဗစ် ဆန်းဂျား ရေးသားသည့် စာအုပ် တစ်အုပ် ထဲတွင် အီရန်၏ နျူကလီးယား ဆိုင်ရာ အစီအစဉ် များကို ကွန်ပျူတာ မသမာမှုဖြင့် ဖျက်ဆီးရန် အစီအစဉ်အသေး စိတ်တို့ ပါဝင်နေခြင်းနှင့် ပတ်သက် ၍ ကာ့တ်ရိုက်အား FBI က ၂ဝ၁၂ ခုနှစ်က စစ်ဆေး မေးမြန်းရာတွင် မှားယွင်းသော အဖြေများကို ဖြေကြား ခဲ့ခြင်းဖြစ်သည် ဆို၏။

‘ကျုပ်ဟာ ဇာတ်လမ်းရဲ့ အရင်း အမြစ် မဟုတ်ဘူး ဆိုတာ ကျုပ်သိ ပါတယ်။ လျှို့ဝှက်ချက် ပေါက်ကြား တာကိုလည်း ကျုပ်အပြစ် မတင် ချင်လို့ပါ”ဟု ကာ့တ်ရိုက်က ပြော ပါသည်။

”ကျုပ်ရဲ့ ရည်ရွယ်ချက် ကတော့ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွား နဲ့ အသက်တွေ မဆုံးရှုံးအောင် ကာ ကွယ်ရေး အတွက် သတင်းထောက် တွေကို ပြောချင်တာပါပဲ”ဟုလည်း သူက ပြောပါသေးသည်။

PN002
REF: Retired U.S. general pleads guilty to lying to FBI in ‘Stuxnet’ leak case

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*