ဝေဠုကျော် နှင့် တွေ့ဆုံခြင်း

ဝေဠုကျော် နှင့် တွေ့ဆုံခြင်း
October 19, 2016 Asian Fame

5:59 am
ဝေဠုကျော် နှင့် တွေ့ဆုံခြင်း
In Interview

အပြစ်တွေ ပြောနေမယ့် အစား ပါဝင်ပြီး အဖြေ ရှာမယ် ၀ိုင်းလုပ်မယ် ဆို ဘာမဆို ဖြေရှင်းနိုင်မှာပါ။

wailukyaw

အပြစ်တွေ ပြောနေမယ့်အစား ပါဝင်ပြီး အဖြေရှာမယ် ၀ိုင်းလုပ်မယ်ဆို ဘာမဆို ဖြေရှင်းနိုင်မှာပါ။

လောက်ကိုင် စစ်ဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေး မှစတင်ပြီး ပရဟိတ လုပ်ငန်းများ ကိုလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ယခုနှစ်ကုန်မှာ ရုပ်ရှင်ရိုက်ကူးမှု ပြန်လည်စတင် တော့မှာဖြစ်ပါတယ်။ ရေဘေး ကယ်ဆယ်ရေး နဲ့ပြန်လည်ထူထောင် ရေးကို တောက်လျှောက်လုပ် ဆောင်နေတဲ့ သူဟာ အနုပညာ လှုပ်ရှားမှုတွေနဲ့ အတော်လေး ကင်းကွာနေခဲ့ရာက အနုပညာလှုပ် ရှားမှု ပြန်လည် ပြုလုပ်တော့မယ်လို့ သိရတဲ့အတွက် ဝေဠုကျော်နဲ့တွေ့ ဆုံမေးမြန်းခဲ့ပါတယ်။

မေး –  ဒီနှစ်အတွင်း ကိုဝေဠုကျော် အနု ပညာ အလုပ်တွေနဲ့ တော်တော် လေး ကင်းကွာခဲ့တယ်နော်။

ဖြေ – ဟုတ်တယ်။ ကျွန်တော်အခု တလော အနုပညာ လှုပ်ရှားမှုတွေ နည်းသွားတယ်။ အနုပညာ အလုပ် နဲ့ ပြည်သူတွေ ဆီကနေ ဝေဠုကျော် ရယ်လို့ ဖြစ်လာခဲ့ပြီးပြီ။ ဒီအနု ပညာအလုပ်နဲ့ နေနိုင်စားနိုင် အောင် ပရိသတ်တွေအားပေးခဲ့ပြီး ပြီ။ ဒီနေ့ ဒီအခြေအနေ ထိရောက် အောင် ဝိုင်းပြီးတော့ အားပေးခဲ့ တဲ့ ပရိသတ်တွေကို ကျွန်တော် ကနေပြန်ပြီးတော့ ဒီတိုင်းပြည်ထဲ က ပြည်သူတွေ အလုပ်ကို ပြန်ပြီး ထိထိရောက်ရောက် လုပ်ချင်တယ်။ အဲဒီလို ရွေးချယ်လိုက်တဲ့ အတွက် ကျွန်တော့် အနုပညာ အလုပ်တွေ နည်းကောင်း နည်းသွားမယ်။

မေး -ကိုဝေ နှစ်မကုန်ခင် ရိုက်ကူးဖို့ လက်ခံထားတဲ့ကား ရှိပါသလား။

ဖြေ – ၂ဝ၁၆ နှစ်ကုန်ထိပါပဲ။ ကျွန် တော် ဇာတ်ကား လက်ခံ ထားတာ မရှိ ဘူး။ ရိုက်ဖို့ ကြိုးစားနေတာ တစ်ခု တော့ရှိတယ်။ ၂ဝ၁၅ ကြက်ခြေနီ နဲ့ပတ်သက်တဲ့ အကြောင်းပါ။ လောက် ကိုင်စစ်ဒေသ သွားတုန်းက ရထား တဲ့ မှတ်တမ်းတွေ နဲ့တွဲပြီးတော့ ရိုက်ကူးဖို့ ရှိတယ်။ ဒီနှစ်ကုန်မှာ စနိုင် အော ကိုးစားမယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် မစနိုင် ရင်တော့ ၂ဝ၁၇ နှစ်ဆန်းလောက် လုပ်ဖြစ်မယ်ထင်တယ်။ အဲဒီဇာတ် ကားအတွက် လည်း သရုပ်ဆောင် တွေကို ရွေးချယ်နေတုန်းပါပဲ။

မေး -ဒါဆို ဒီဇာတ်ကားက နိုင်ငံတော် ဇာတ်ကားလား။ ပုဂ္ဂလိက ဇာတ် ကား ဖြစ်မလား။

ဖြေ – ဒီကြက်ခြေနီ ဇာတ်ကားက ကျွန်တော့်ဟာ ကျွန်တော်ရိုက်တာ ပါ။ နိုင်ငံတော်ကနေ ပေးအပ်တဲ့ နိုင်ငံတော် ကား မဟုတ်ပါဘူး။ ကြက်ခြေနီ ဂုဏ်ပြု ဇာတ်လမ်း လည်း မဟုတ်ပါဘူး။ အဲဒီ လောက်ကိုင် စစ်ဒေသ သွားတုန်းက ဖြစ်ရပ်မှန် တစ်ခုကို ဇာတ်လမ်း အဖြစ် ဖန်တီး ပြီးတော့ ရုပ်ရှင် ရိုက်ဖို့ကြိုးစား နေတာပါ။ နိုင်ငံတော်က တာဝန် ပေးလို့ ကျွန်တော် ‘အညတရ မိုး ကောင်းကင်’ ကို ရုပ်ရှင် အဖြစ်ပြန် လည် ဖြည့်စွက်ရိုက်ကူးဖို့ရှိတယ်။

မေး – မြန်မာ ဇာတ်ကားတွေကို ပရိသတ် တွေဝေဖန်တဲ့အပေါ် ကိုဝေ ဘယ် လိုမြင်ပါသလဲ။

ဖြေ – နိုင်ငံတော်ကား ဖြစ်ဖြစ် ပုဂ္ဂ လိက ဇာတ်ကားဖြစ်ဖြစ် ရိုက်ခွင့် ရှိတယ်။ ရုံတင်ခွင့် လုပ်ပိုင်ခွင့် တွေရှိတယ်။ အဲဒီမှာ အားပေးခြင်း အားမပေးခြင်း၊ ဝင်ငွေရသည် မရ သည်ကတစ်ပိုင်းပေါ့နော်။

မေး – ရေဘေး ကယ်ဆယ်ရေးတွေ တောက်လျှောက် လုပ်ဆောင်ခဲ့ပြီး အခုရော ဘာတွေဆက်လုပ်နေပါ သလဲ။

ဖြေ – အခုရေဘေးက ပြီးသွားပေ မယ့် ပြန်လည် ထူထောင်ရေးတွေ အများကြီး လိုအပ်သေးတယ်။ အဲ ဒီအတွက် နိုင်သလောက် လုပ်နေ ပါတယ်။ နိုင်ငံတော် ကလည်း သူ တို့နိုင်သလောက် သူတို့ အပိုင်းတွေ လုပ်ဆောင်တယ်။ တခြားသော ပရဟိတအသင်းတွေ လည်း လုပ် တယ်။ ပြန်လည် ထူထောင်ရေးမှာ ကျွန်တော်နိုင်တဲ့ ငွေကြေးနဲ့ အ များက ထည့်ဝင်တာနဲ့ ပေါင်းပြီး တော့လုပ်တယ်။ လိုအပ်ချက်က တော့ရှိနေမှာပဲ။ အားလုံး ကိုတော့ တာဝန် မယူနိုင်ဘူး။ ဒီသဘာဝ က ကျွန်တော်မြင်တယ်၊ ရေကြီးတာက ကြီးနေဦးမှာပဲ။ မနေ့က ချင်းမှာ ဆို မြေပါပြိုတယ်။ ကြိုတင်ကာ ကွယ်တာတော့ လုပ်ကြတယ်။ ဒါ ပေမယ့် သဘာဝကို မလွန်ဆန်နိုင် ဘူး။ ကြိုတင်ပြင်ဆင်မှုမှာ နိုင်ငံ တော်က စီမံချက်တွေအကြီးကြီးနဲ့ လုပ်မှရမယ်။ နိုင်ငံတော် ကလည်း ဒါတွေ ကို လျစ်လျူမရှုပါဘူး။ လုပ် ဆောင်နေမှာပါ။ ခေါင်းစဉ်တွေ ထက် အလုပ်က ပိုအရေးကြီးတယ်။ အပြစ်တွေ ပြောနေမယ့် အစား ပါ ဝင်ပြီး အဖြေရှာမယ်။ ဝိုင်းလုပ်မယ် ဆို ဘာမဆို ဖြေရှင်းနိုင်မှာပါ။

မေး – ကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ခဲ့တော့ နောက် ထပ်ရောဘာတွေ ဆက်လုပ် သွားဖို့ ရှိပါသေးလဲ။

ဖြေ – အခုဆို ကျွန်တော်တို့ သဘာဝ ကို ကာကွယ်တဲ့ အနေနဲ့ သစ်ပင် တွေ ပြန်စိုက်တဲ့အလုပ် လုပ်မယ်။ မြစ်ကမ်းပါး တောင်နံရံတွေ ထိန်း နိုင်အောင် သစ်ပင်စိုက်မယ်။ တစ် သောင်းစိုက်ပြီး ရှင်သန်တဲ့ အပင် အရေအတွက်ကို သေချာ ပြန်စိစစ် မယ်။ တစ်သောင်းလောက် အရှိ တိုင်း ဖြစ်အောင်လုပ်မယ်။ မရှင် တဲ့ အပင်တွေ ကိုလည်း ပြန်စိုက် မယ်။ အဲဒါတွေကို ပြည်သူတွေဆီ သင်တန်း လိုက်ပေးဖို့ ရှိပါတယ်။

ထူးထူး မေးမြန်းတင်ဆက်သည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*