ဆူပူမှုဖြစ်ပွားခဲ့သည့် မြင်းခြံထောင် မှ ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးကို လုပ်ငန်းနေရာ ပြောင်းရွှေ့

ဆူပူမှုဖြစ်ပွားခဲ့သည့် မြင်းခြံထောင် မှ ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးကို လုပ်ငန်းနေရာ ပြောင်းရွှေ့
October 19, 2016 Asian Fame

8:07 am
ဆူပူမှုဖြစ်ပွားခဲ့သည့် မြင်းခြံထောင် မှ ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးကို လုပ်ငန်းနေရာ ပြောင်းရွှေ့
In Local

ဆူပူမှုဖြစ်ပွားခဲ့သည့် မြင်းခြံထောင်မှ ထောင်ပိုင်ကြီးနှင့် ထောင်မှူးကြီးကို လုပ်ငန်းနေရာ ပြောင်းရွှေ့

မြင်းခြံ၊ အောက်တိုဘာ ၁၈

အောက်တိုဘာ ၁၁ရက်နေ့ မနက်ပိုင်းက မြင်းခြံအကျဉ်းထောင် အတွင်း ဖြစ်ခဲ့သော အကျဉ်းသား ဆူပူမှုနှင့်ပတ်သက်၍ အဓိကတာ ဝန်ရှိသည့် ထောင်ပိုင်ကြီးနှင့်ထောင် မှူးကြီးတို့ကို မန္တလေးအကျဉ်းဦးစီး ဌာနညွှန်ကြားရေးမှူးရုံးသို့ ပြောင်း ရွှေ့လိုက်ခြင်းဖြင့် အရေး ယူလိုက် ပြီဟု သတင်းရရှိသည်။

အခင်းဖြစ်ပွားပြီးနောက် အ ကျဉ်းဦးစီးဌာန တာဝန်ရှိသူတို့၏ ကွင်းဆင်းစစ်ဆေးမှုတို့အရ ထိုသို့ အရေးယူခဲ့ခြင်းဖြစ်သည်ဟု ပြော ခွင့်ရအရာရှိကပြောသည်။ စစ်ဆေး ရေးအဖွဲ့တွင် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး၊ လွှတ် တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင် ငံလူ့အခွင့်အရေးကော်မရှင် အစရှိ သည်တို့ပါသည်ဟု သူကပြောသည်။

”အရာရှိတွေကိုတော့ ဌာန တွင်း စစ်ဆေးအရေးယူတာတော့ လုပ်ပြီးပြီ။ အပြစ်ကျူးလွန်တဲ့သူကို တော့ စစ်ဆေးနေတုန်းပဲ”ဟု ပြော ခွင့်ရ အရာရှိက ဆက်ပြောသည်။

စစ်ဆေးရေး အဖွဲ့များ အကျဉ်း ထောင်ထဲသို့ သွားရောက်စဉ် အ ကျဉ်းသားတို့က တောင်းဆိုချက် ၃ ခုကိုတောင်းခဲ့ကြောင်း၊ ထိုထဲမှ အချက် ၂ ချက်ကို ခွင့်မပြုခဲ့ဘဲ ၁ ချက်သာခွင့်ပြုခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများက ပြောသည်။

အကျဉ်းဦးစီးဌာန  ပြောခွင့်ရ အရာရှိက ”၃ ထည်ထက်ပိုတဲ့ စောင်တွေကိုမသိမ်းဖို့၊ တစ်ဆောင် နဲ့တစ်ဆောင် ကူးတာကို ခွင့်ပြုပေး ဖို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မခိုင်း ဖို့ဆိုတဲ့အချက် ၃ ချက် တောင်းပါ တယ်။ ပထမအချက်နဲ့ ဒုတိယအ ချက်က အကျဉ်းထောင်လက်စွဲ ဥပ ဒေအရ ခွင့်ပြုပေးလို့မရတာကြောင့် စစ်ဆေးရေးအဖွဲ့တွေက မလိုက် လျောပေးခဲ့ပါဘူး။ အလုပ်မခိုင်းဖို့ ကတော့ လိုက်လျောပေး ခဲ့ပါတယ်” ဟု ပြောသည်။

အကျဉ်းထောင်အတွင်း ဆန္ဒ ပြဆူပူမှုဖြစ်ပွားရခြင်းမှာ အဆိုပါ နေ့နံနက် ၆ နာရီ ၁၅ မိနစ်က အ ကျဉ်းထောင် အဆောင်အမှတ်(၅)   အောက်ထပ် လေးခန်းတွဲမှ အကျဉ်း သားအခန်းခေါင်းဆောင် ဆန်း ကျော်နှင့် အကျဉ်းသား ကျော်ကိုကို (သာယာဝတီထောင်မှ   ပြောင်းလာ သူ)တို့ရန်ဖြစ်ကြရာ ထောင်ပိုင်ကြီး နှင့်ဝန်ထမ်းများက ဝင်ရောက်ဖျန် ဖြေပြီး ရန်ဖြစ်သူနှစ်ဦးအား သီးခြား တိုက်ခွဲ၍ ထိန်းသိမ်းထားရှိခဲ့သည်။ ထို့နောက် ထောင်ပိုင်ကြီး အလိုမရှိ ဟုဆိုကာ  ထောင်တွင်းဆူပူမှုစတင် ဖြစ်ပွားခဲ့ပြီး တောင်းဆိုချက် သုံးခု အား ဆန္ဒပြဆူပူအော်ဟစ်တောင်း ဆိုခဲ့ကြသည်ဟု သိရသည်။

မြင်းခြံထောင်သည် သတ်မှတ် အကျဉ်းသားဦးရေထက် ၃ ဆနီး ပါးများသည့် အကျဉ်းထောင်တစ်ခု ဖြစ်သည်။ ထိုဖြစ်ရပ်မတိုင်မီ   နိုင်ငံ ရေးအကျဉ်းသား ဟောင်းအဖွဲ့က ထောင်ထဲတွင် သတ်မှတ်ထားမှု ထက် ပိုထားပါက မလိုလားအပ် သော ဆိုးရွားမှုများဖြစ် လာမည်ဟု ကြိုတင်ပြောဆိုထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*