ငွေကြေးအခက်အခဲကြောင့် ရောဂါမကုသနိုင်သူများ လိုအပ်ပါက ပြည်ပသို့ သွားရောက် ကုသနိုင်ရန် အနန္တမေတ္တာ (အခမဲ့) ကျန်းမာရေးဖောင်ဒေးရှင်း ကူညီပေးနေ

ငွေကြေးအခက်အခဲကြောင့် ရောဂါမကုသနိုင်သူများ လိုအပ်ပါက ပြည်ပသို့ သွားရောက် ကုသနိုင်ရန် အနန္တမေတ္တာ (အခမဲ့) ကျန်းမာရေးဖောင်ဒေးရှင်း ကူညီပေးနေ
October 17, 2016 Asian Fame

4:40 am
ငွေကြေးအခက်အခဲကြောင့် ရောဂါမကုသနိုင်သူများ လိုအပ်ပါက ပြည်ပသို့ သွားရောက် ကုသနိုင်ရန် အနန္တမေတ္တာ (အခမဲ့) ကျန်းမာရေးဖောင်ဒေးရှင်း ကူညီပေးနေ
In Politics

ငွေကြေးအခက်အခဲကြောင့် ရောဂါမကုသနိုင်သူများ လိုအပ်ပါက ပြည်ပသို့ သွားရောက် ကုသနိုင်ရန် အနန္တမေတ္တာ (အခမဲ့) ကျန်းမာရေးဖောင်ဒေးရှင်း ကူညီပေးနေ

myittarthigaha-1-copy

ရန်ကုန်၊ အောက်တိုဘာ ၇

ငွေကြေး အခက်အခဲကြောင့် ရောဂါ မကုသနိုင်သော သူများ သည် အနန္တမေတ္တာ(အခမဲ့) ကျန်း မာရေးဖောင်ဒေးရှင်းသို့ ဆက် သွယ်နိုင်ပြီး လိုအပ်ပါက ပြည်ပသို့ ပါ သွားရောက် ကုသနိုင်ရန် ကူညီ ပေးနေကြောင်း ဖောင်ဒင်းရှင်း တည်ထောင်ထားသည့် ကမ္ဘာလုံး ဆရာတော်ဘဒ္ဒန္တ ဝါသေဌက မိန့် ကြားသည်။

”တချို့ကုသရင် ပျောက်နိုင်တဲ့ ရောဂါပဲ။ ငွေကြေးမတတ်နိုင်တော့ ဒီတိုင်းပစ်ထားရာကနေ မသေသင့် ဘဲ သေရတာတွေ မြင်နေ ရတော့  ဆရာတော် မကြည့်နိုင်ဘူး။ ဒီဖောင် ဒေးရှင်းကိုထောင်ပြီး အမြို့မြို့အ နယ်နယ်ကို လိုက်ပြီးတော့ လူမျိုး ဘာသာမရွေး ကူညီ တယ်” ဟု ဆရာတော်ကမိန့်သည်။

ထိုသို့ကုသရာတွင် လူနာတစ် ယောက်၏ ကုန်ကျမည့် ကုန်ကျ စရိတ်ကို ကန့်သတ်ထားခြင်းမရှိဘဲ ခွဲစိတ်ကုသရပါကလည်း အခမဲ့   ဆောင်ရွက်ပေးသည်ဟု သိရသည်။

”ဒီမှာ ကုလို့ရရင်တော့ ကု ပေးတယ်။ ခွဲစိတ်ရမယ်ဆိုရင်တော့ ဘန်ကောက်က Burma Children Medical Fund (BCMF) နှင့် ချိတ် ဆက်ပေးတယ်။ ဆရာတော်တစ် ယောက်တည်း မလုပ်နိုင်သေးဘူး။ အလှူငွေအင်အား နည်းသေးတယ်။ ပြည်တွင်းအတွင်း ကတော့  ဆရာ တော်လုပ်နိုင်တယ်” ဟု ဆရာ တော်က မိန့်သည်။

အနန္တမေတ္တာ(အခမဲ့)နယ်လှည့် ဖောင်ဒင်းရှင်းကို ၂ဝ၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကျန်းမာရေးနှင့် ပညာ ရေးကို အဓိက လုပ်ဆောင်လျက် ရှိ ကာ တရားပွဲမှရရှိသောအလှူငွေများဖြင့် အဓိက လည်ပတ်နေသည် ဟု ဆရာတော်ထံမှ သိရသည်။

”တရားပွဲက ရရှိတဲ့အလှူငွေ တွေနှင့် အဓိကလုပ်တယ်။ နောက် တစ်ခုက မရှိဆင်းရဲသားတွေကို နေရာပေးခေါ်ထားတယ်။ လမ်းခင်း   ကျောက်စခန်းမှာ အလုပ်သွင်းပေး ပြီးရတဲ့ လုပ်ခတွေကို တစ်ဝက်စား တစ်ဝက်လှူစနစ်နဲ့ လုပ်ပေးထား တယ်” ဟု ဆရာတော်ကမိန့် သည်။

အနန္တမေတ္တာ (အခမဲ့) နယ် လှည့် ဖောင်ဒေးရှင်းတွင် လတ်တ လော လိုအပ်သည်မှာ ဆေးဝါး များ၊ ကျန်းမာရေး လုပ်ငန်းများ ဆောင် ရွက်ရန် အရေးပေါ်လူနာ တင်ယာဉ်နှင့် နိဗ္ဗာန်ယာဉ် လိုအပ် သည်ဟု ဆရာတော်က မိန့်သည်။

ဖောင်ဒေးရှင်းသည် ကရင် ပြည်နယ်တွင် ဆေးခန်းပေါင်း ၁ဝ ခုကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း ဆေး ခန်းများ ဖွင့်လှစ်ထားသည့် အပြင် လေးနှစ်တာအတွင်း နှလုံး ရောဂါ၊ အဖုအကြိတ်၊ အာခေါင် ကွဲ ခွဲစိတ်ကုသရသည့် လူနာပေါင်း သုံးရာကျော်နှင့် ပြည်တွင်း၌ ကုသ ပေးသည့်လူနာတစ်သိန်းသုံးသောင်း ကျော် ရှိသည်ဟုသိရသည်။

အနန္တမေတ္တာ(အခမဲ့) ဖောင်ဒေး ရှင်းကို ဆက်သွယ်လိုပါက ကရင် ပြည်နယ်၊ ဘားအံမြို့ ရတနာဒီပ အမှတ် (၉)ရပ်ကွက် လောကာဓိပ တိ ကမ္ဘာလုံးကျောင်းဆရာတော်  ဝ၉ ၇၇၃၈၅၆၃ဝ၆ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*