5:13 am

မွန်ပြည်နယ်ရှိ မြို့နယ်လေးခုတွင် ခရီးသွားဖွံ့ ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်း လုပ်ဆောင်
မေဇင်ဝင်း
ရန်ကုန်၊ အောက်တိုဘာ ၇
မွန်ပြည်နယ်ရှိ မြို့နယ်လေးခု တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး နှင့် ဒေသခံများဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ရည်ရွယ်ကာ ဒေသထွက်လက်မှုပစ္စည်းနှင့် အစား အသောက် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟို တယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။
မော်လမြိုင်၊ကျိုက်ထို၊ ချောင်း ဆုံနှင့် မုဒုံမြို့နယ်တို့တွင်ဒေသထွက် လက်မှုပစ္စည်းလုပ်ငန်းများကို အဆင့်မြှင့်တင်ခြင်း၊ အစား အသောက်များကို အဆင့်မြှင့်တင် ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ကူညီထောက်ပံ့ငွေ များဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ADB သည် မြန်မာနိုင်ငံ အတွင်း ဆင်းရဲနွမ်းပါးသူများနှင့် အမျိုးသမီးများအတွက် စီးပွားရေး လုပ်ဆောင်မှု စွမ်းရည်မြှင့်တင်ရေး စီမံကိန်းကို လုပ်ဆောင်လျက်ရှိရာ ယခု ဆောင်ရွက်မည့် အစီအစဉ်ကို အမေရိကန်ဒေါ်လာ ၃ သန်း အ ကုန်အကျခံ လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ စီမံကိန်း၏ မန်နေ ဂျာ ဟိုတယ်/ခရီးညွှန်ကြားမှု ဦး စီးဌာနမှ ဒုညွှန်မှူး ဦးဟောင်ကျင် မုန်က ”အစားအသောက်ဆိုရင် လည်း ယိုတို့ ဘာတို့ကအစ အဆင့် မြှင့်ပြီး ထုတ်လုပ်ရောင်းချတဲ့ အခါ တစ်ဖက်တစ်လမ်းက ခရီးသွားလုပ် ငန်းကိုလည်း မြှင့်တင်တဲ့သဘော မျိုးဖြစ်သွားတယ်။ စီမံကိန်းကို ဒီနှစ် ကုန်မှာစဖို့ ကျွန်တော်တို့လျာထား ပါတယ်။ အခုတော့အစပြုနေပြီ လို့ပြောလို့ရပါတယ်” ဟု ပြောသည်။
စီမံကိန်းကာလမှာ ၃ နှစ်ဖြစ် ပြီး ၄င်းစီမံကိန်းအတွက်ADB မှ တာဝန်ရှိသူများက ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြည်နယ် အစိုးရ အဖွဲ့သို့ စီမံကိန်းနှင့်ပတ် သက်၍ ဆွေးနွေးတင်ပြခြင်း၊ သက် ဆိုင်ရာမြို့နယ်များသို့ ကွင်းဆင်း လေ့လာခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း ဒေသထွက်ပစ္စည်းများ ဆိုင်ရာ အချက်အလက်များ စု ဆောင်းရေးနှင့် သက်ဆိုင်သည့် အလုပ်ရုံ ဆွေးနွေးပွဲများလည်း ကျင်း ပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စီမံကိန်းဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တို့ (Grant Aggrement) ကို ယခု နှစ်မေလ ၁၇ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်ဟု သိရသည်။