PEN International ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဆရာမ မသီတာ (စမ်းချောင်း) နှင့် တွေ့ဆုံခြင်း

PEN International ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဆရာမ မသီတာ (စမ်းချောင်း) နှင့် တွေ့ဆုံခြင်း
October 14, 2016 Asian Fame

8:13 am
PEN International ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဆရာမ မသီတာ (စမ်းချောင်း) နှင့် တွေ့ဆုံခြင်း
In Interview

PEN International ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဆရာမ မသီတာ(စမ်းချောင်း) နှင့် တွေ့ဆုံခြင်း

thida

အိ မ် စ ည် စိုး စံေ တွ့ ဆုံေ မး မြ န်း သ ည်

 

လွတ်လပ်စွာ ရေးသားထုတ် ဖော်ခွင့်၊ ငြိမ်းချမ်းရေးနှင့် ရင်းနှီး ချစ်ခင်မှုကိုအခြေခံကာ ၁၉၂၁ ခုနှစ်မှစတင်၍ ဗြိတိန်နိုင်ငံတွင် အခြေပြု ခဲ့သည့် PEN သည် ၂ဝ၁ဝ ပြည့်နှစ်တွင် PEN International ဆိုသည့် အမည်ဖြင့် ပြောင်းလဲခဲ့ပါသည်။ လက်ရှိတွင် PEN
International သည် ကမ္ဘာ့ နိုင်ငံပေါင်း ၁ဝဝ တွင် PEN Center ပေါင်း ၁၅၂ ခုထိ ဖွင့်လှစ် နိုင်ခဲ့ပြီလည်းဖြစ်သည်။ ကမ္ဘာ တစ်လွှားရှိ စာရေးဆရာများအရေး ဆောင်ရွက်နေသည့် အဆိုပါအဖွဲ့ တွင် Pen Myanmar သည်လည်း အဖွဲ့ဝင်အဖြစ် သုံးနှစ်တာသက်တမ်း
အတွင်းရောက်ရှိလာခဲ့ပြီဖြစ်သည်။ သက်တမ်းအားဖြင့် နုနယ်သည်ဟု ဆိုနိုင်သော်လည်း ထိုသက်တမ်း အတွင်း တက်ကြွစွာ ဆောင် ရွက်မှု အဖြစ် Pen Myanmar  ဥက္ကဋ္ဌ ဆရာမ မသီတာ (စမ်းချောင်း)သည် အများရွေးချယ်မှုဖြင့် PEN International  ၏ ဒါရိုက်တာ
ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်လာနိုင် ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ပင် ဆရာမ မသီတာ(စမ်းချောင်း)နှင့် တွေ့ဆုံPEN International  နှင့် Pen Myanmar တွင် မည်သို့ ဆောင်ရွက်လိုသည်များကိုမေးမြန်း ဖော်ပြပေးလိုက်ပါသည်။

►ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်သွားတဲ့ PEN International  ရဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ရွေးချယ်ပွဲမှာ ဆရာ မ ကဒါရိုက်တာ ဘုတ်အဖွဲ့ ဝင် အ ဖြစ် ပါဝင်သွားပြီဆိုတော့ PEN International  မှာ ဆရာမဆောင် ရွက်ချင်တဲ့ ကိစ္စတွေကဘာတွေဖြစ် မလဲရှင်။

PEN International  ရဲ့ ဒါရိုက် တာ ဘုတ်အဖွဲ့ဝင်ဆိုတဲ့အတွက် ကြောင့် တစ်ကမ္ဘာလုံးနဲ့ဖြစ်နေတဲ့Freedom of Expression ကိစ္စ တွေကို ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မက အာရှကဖြစ်တဲ့ အတွက်ကြောင့်မို့ အရှေ့တောင် အာရှတခွင်မှာဖြစ်နေတဲ့ လွတ် လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိစ္စ တွေကို ပိုပြီးအာရုံစိုက်မယ်လို့ စိတ် ကူးထားပါတယ်။ ဒါရိုက်တာဘုတ် အဖွဲ့ဝင်တွေက တစ်နှစ်မှာ နှစ် ကြိမ်လောက်တော့ လူချင်းတွေ့ကြ မယ်။ ကျန်တဲ့အချိန်တွေမှာတော့ အီးမေးလ်တွေ ဘာတွေနဲ့ပဲ အချင်းချင်းဆွေးနွေးကြ မယ်။ လောလောဆယ်တော့ ရွေးချယ်ခံ ရ ပြီးပြီးချင်း နောက် ၂ ရက်မှာ ဆက်တိုက် အစည်းအဝေးတွေ လုပ် ကြတယ်။ အဲ့ဒီအစည်း အဝေးတွေ မှာတော့ ဒေသတွင်းဆိုင်ရာ Issue တွေရော၊ တခြား Issue တွေ ရော အများကြီးဆွေးနွေးကြတယ်။

►ဒီလိုမျိုး Pen Myanmar ကနေ  PEN International  ကိုရောက် သွားတဲ့အခါ Pen Myanmar  အ တွက် ဘယ်လိုမျိုးအ ကျိုးကျေး ဇူး တွေ ဖြစ်လာနိုင်မလဲဆိုတာကို လည်း သိချင်ပါတယ်ရှင်။

တကယ်တမ်းကျတော့ အရှေ့ တောင် အာရှဆိုသည့်တိုင်အောင်   Pen Myanmar ရဲ့ လှုပ်ရှားမှုတွေ ကို ဒီထက်ပိုပြီးတော့ ကူညီနိုင် မယ်လို့ ယူဆရတယ်ပေါ့နော်။ ရှင်း ရှင်းပြောရရင်  PEN International ကြီးရဲ့ သက်တမ်း တစ်လျှောက်မှာ  တည်ထောင်ခါစ သက် တမ်း ၃ နှစ် မပြည့်သေးတဲ့စင်တာကို ကိုယ်စား ပြုတဲ့ တစ်ယောက်ဟာ  ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်ဖြစ်တယ်ဆိုတာ  PEN International  မှာ  မရှိခဲ့သေး ဘူးပေါ့နော်။ ဒါ ပထမဆုံးဖြစ်တာ ပါ။ ဒီလို ပထမဆုံးဖြစ်တဲ့အတွက် ကြောင့် မြန်မာနိုင်ငံတော့ Imageက
အများကြီးတက်ပါတယ်။ ဒီနှစ် ညီလာခံမှာ Pen Myanmar ရဲ့ အခန်းကဏ္ဍက သိသိသာသာကို တက်လာပါတယ်။ သူတို့ကိုယ်တိုင် ကလည်း အံ့သြတယ်။ သူတို့ရဲ့ သက်တမ်း တစ်လျှောက်မှာ အင်မ တန် သက်တမ်းနုသေးတဲ့စင်တာတစ်ခုဖြစ်တဲ့ Pen Myanmarက
ဒီလောက်အထိ လှုပ်ရှားမှုတွေလုပ် ပြီးတော့ ဒီလောက်အထိ အရာ ရောက်လာတာကို သူတို့ကလည်း အံ့သြတယ်။ ဒီအနေအထားလေး က တကယ်တမ်းတော့ Pen Myanmar အတွက်ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံအတွက်ပဲ ဖြစ်ဖြစ် အ များကြီး အကျိုးရှိနိုင်မယ်လို့ ယူဆ ပါတယ်။

►Pen Myanmar   ကလည်း ဒီဇင် ဘာမှာ ရွေးကောက်ပွဲရှိတော့ ဒီမှာ ရော ပြန်အရွေးခံဖို့ရှိဦးမလားဆိုတာကိုလည်း သိချင်ပါတယ်ရှင်။

ဒီဇင်ဘာလောက်မှာ Pen Myanmar   ရွေးကောက်ပွဲ လုပ်မယ်။ တကယ်တမ်းတော့ PEN International ရဲ့စည်းမျဉ်းစည်းကမ်း အရဆိုရင် PEN International  ဘုတ်အဖွဲ့ဝင်ဖြစ်ပေမယ့် သက် ဆိုင်ရာစင်တာမှာ ဥက္ကဋ္ဌအနေနဲ့ ဆက်နေချင်ရင် ဆက်နေခွင့်ရှိပါ
တယ်။ ကျွန်မ ကိုယ်တိုင်က ဆက် အရွေးမခံဖို့ ဆုံးဖြတ်ခဲ့တာပါ။PEN International  ကတော့ ပြဿနာ မရှိဘူး။ သူတို့က အလုပ် ကိုနိုင်အောင်လုပ်နိုင်ရင်တော့ လုပ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ခုလုံးသည် စေတနာ့ဝန်ထမ်း အဖြစ်လုပ်ရတာပါ။ နှစ်ခုလုံး လုပ်လည်း
တစ်ပြားမှ မရပါဘူး။  Pen Myanmar မှာနေလို့လည်း လခ တစ်ပြားမှ ရမှာမဟုတ်ပါဘူး။ ဥက္ကဋ္ဌဖြစ်လို့လည်း လခတစ်ပြားမှ မရပါဘူး။ ခံစားခွင့်ဘာမှမရှိပါဘူး။ PEN International ရဲ့ဒါရိုက် တာဘုတ်အဖွဲ့ဝင်ဖြစ်စေ Pen Myanmar ရဲ့ ဥက္ကဋ္ဌဖြစ်စေ လခ ရော
ခံစားခွင့်ရောဘာမှ မရှိပါဘူး။ အဲ့ဒီအတွက်ကြောင့် နိုင်လို့က တော့ လုပ်နိုင်သလောက်လုပ်ပါ ဆိုပြီး စည်းမျဉ်းစည်းကမ်းရှိတာပါ။ ကျွန်မက ဒီနှစ်လာမယ့် Pen Myanmar  ရဲ့ ရွေးချယ်ပွဲမှာ ဝင်ရွေး ချယ် မခံတော့ဘူးလို့ ဆုံးဖြတ် တယ်။  ဒီဘက်မှာပဲလွတ်လပ်စွာနဲ့
နိုင်နိုင်နင်းလုပ်ချင်တယ်။ သို့သော် Pen Myanmar  မှာတော့ အနီး ကပ် အဖွဲ့ဝင်အဖြစ်နဲ့ ရှိနေမယ်။

►ချက်သမ္မတဟောင်း၊ ပြဇာတ် ဆရာ စာရေးဆရာ ဗားကလပ်ဟာ ဗဲလ်ရဲ့ အထိမ်းအမှတ်အဖြစ် ဖွင့် လှစ်ထားတဲ့ VACLAV HAVEL LIBRARY FOUNDATION  ကနေပေးတဲ့ဆုနဲ့ပတ်သက်ပြီး နယူးယောက်မှာ ဆုသွားယူဖြစ်တာ လေးကိုလည်း သိချင်ပါတယ်ရှင်။

ဆုကတော့ကျွန်မလည်း မထင် မှတ်ဘဲနဲ့ပေါ့နော်။ ဒီ VACLAV HAVEL LIBRARY FOUN­DATION  ကနေ ပေးတယ်ပေါ့ နော်။ သမ္မတ ဗားကလပ်ဟာဗဲလ် သူ့ရဲ့တန်ဖိုးပေါ့နော်။ သူလိုပဲလှုပ် ရရှားတဲ့ သူတစ်ယောက်ကို ရွေး ချယ်ပေးတယ် ပေါ့နော်။ အဓိက
ကတော့ ကျွန်မရဲ့ ”စမ်းချောင်း အင်းစိန်၊ ဟားဗတ်” စာအုပ်ကို ဦးတည်ပြီးပေးခဲ့တာပါ။ တခြား အကြောင်းတွေကြောင့် မဟုတ်ပါ ဘူး။ ဆုရွေးချယ်ရေးအဖွဲ့ကနေ တက်ပြောတာ မဟုတ်ဘဲနဲ့ အပြင် က ဆုပေးတဲ့သူက သူ့အတွေးနဲ့သူ သမ္မတဗားကလပ်ဟာဗဲလ်လိုပဲ
စာရေးဆရာဆိုတာ ကိုယ့်ဟာကို တစ်ထောင့်မှာထိုင်ပြီးတော့ စာရေးနေတာမဟုတ်ဘဲနဲ့ လူ့အဖွဲ့ အစည်းကို ပြောင်းလဲသွားအောင် တခြားသူတွေနဲ့လက်တွဲပြီး ဆောင် ရွက်တဲ့သူအနေနဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်မ ဝမ်းသာရပါတယ်။

►Pen Myanmar မှာ ရောဘာတွေ လုပ်ဆောင်ဖို့ ရှိဦးမလဲ ဆရာမ။

ကျွန်မတို့ အခုလုပ်နေတဲ့ တစ်ကမ္ဘာလုံးနဲ့ဖြစ်နေတဲ့်freedom of Expression နဲ့ပတ်သက်တဲ့ ဆွေး နွေးပွဲတွေကို လွှတ်တော်နဲ့ဖြစ်စေ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ဖြစ် စေလုပ်ဖို့လည်း ရှိပါတယ်။  နောက် ထပ်က ဝတ္ထုတို ရာပြည့် နှစ်ဆို သလိုပေါ့နော်။ ဒါကိုလည်း လတ် တလောလုပ်နေတယ်။ နောက်ထပ် စာပေကိစ္စတွေလုပ်ဖို့လည်း ရှိပါတယ်။ နောက်ထပ်ကအများကြီးပါပဲ။

►ဆရာမတို့ Pen Myanmar  က လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်ကို အဓိကထားတဲ့ စင် တာဆိုတော့  လက်ရှိ မြန် မာနိုင်ငံရဲ့ စာပေ လွတ်လပ်ခွင့်က ဘယ်အ တိုင်းအတာလောက် ရှိတယ်ဆို တာကိုလည်း သုံးသပ်ပေးပါဦးရှင်။

လက်ရှိမှာတော့ အားရ စရာ တော့ မရှိသေးဘူးပေါ့နော်။ လတ် တလောမှာ ဆိုလို့ရှိရင် အနုပညာ နဲ့ပတ်သက်ပြီး လွတ်လပ်စွာဖန်တီး ခွင့်တွေ ဆိုလို့ရှိရင် တည်ဆဲ ဥပဒေ တွေရဲ့ ခြိမ်းခြောက်မှုခံနေရတဲ့ နမူနာတွေလည်း အခုချိန်အထိ ရှိနေသေးတယ်ပေါ့နော်။ အဲ့ဒီအ တွက် လုပ်စရာတွေလည်း အများ ကြီးရှိနေပါသေးတယ်။ အရင်က ထက်စာရင် တိုးတက်လာတယ်လို့ ဆိုနိုင်ပေမယ့် အများကြီးလုပ်ရဦး မှာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*