ရုရှား- တူရကီ ကုန်သွယ်မှု ကို ပူတင်နှင့် အာဒိုဂန် တို့ မြှင့်တင်လိုက်ပြီ

ရုရှား- တူရကီ ကုန်သွယ်မှု ကို ပူတင်နှင့် အာဒိုဂန် တို့ မြှင့်တင်လိုက်ပြီ
October 14, 2016 Asian Fame

4:26 am
ရုရှား- တူရကီ ကုန်သွယ်မှု ကို ပူတင်နှင့် အာဒိုဂန် တို့ မြှင့်တင်လိုက်ပြီ
In Articles

ရုရှား- တူရကီ ကုန်သွယ်မှု ကို ပူတင်နှင့် အာဒိုဂန် တို့ မြှင့်တင် လိုက်ပြီ

putin

(အစ္စတန်ဘူးလ်၊ အောက်တိုဘာ ၁၁)

တူရကီနှင့် ရုရှား ခေါင်းဆောင် များသည် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး အတွက် ယခင်ကထက် ပိုမို ပူးပေါင်းဆောင်ရွက်ရန်နှင့် တင်း မာမှုများကို လျှော့ချကြရန် ဆုံး ဖြတ် လိုက်ကြကြောင်း သိရသည်။

ထို့အတွက် တူရကီနိုင်ငံ၏မြို့ တော် အစ္စတန်ဘူးလ်တွင် ကျင်းပ လျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ စွမ်း အင်ညီလာခံသို့ ရောက်ရှိနေကြ သော တူရကီ သမ္မတ အာဒိုဂန်နှင့် ရုရှားသမ္မတ ပူတင်တို့သည် နှောင့် နှေးကြန့်ကြာလျက် ရှိသော နှစ်နိုင် ငံ သဘာဝ
ဓာတ်ငွေ့ပိုက်လိုင်းတည် ဆောက်ရေးနှင့် ပတ်သက်သည့် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး လိုက်ကြပြီဖြစ်သည်။

ထို့အပြင် ရုရှား သမ္မတပူတင် ကလည်း ယမန်နှစ်ကတည်းက စတင် တားမြစ်ခဲ့သော တူရကီ၏ စိုက်ပျိုးရေး ထွက်ကုန်များ တင် သွင်းခွင့် တားမြစ် ကန့်သတ်ထား ခြင်းကို ဖယ်ရှားပေးလိုက်သည်။

ထိုသို့ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်လိုက်ခြင်း နှင့်ပတ် သက်၍ တူရကီ အာဏာပိုင် များက အထူး ကြိုဆိုကြပြီး အာဒိုဂန်၏လက်ရှိ အာဏာရ ပါတီအနေဖြင့် လည်း ဝမ်းမြောက်စွာ ကြိုဆိုကြောင်း သိရသည်။

သမ္မတ အာဒိုဂန် အစိုးရသည် ဇူလိုင်လ ၁၅ ရက်က ဖြစ်ပွားခဲ့ သော နိုင်ငံတော် အာဏာသိမ်းမှု နှင့်ပတ်သက်၍ မသင်္ကာသူ ထောင် ပေါင်းများစွာကို ဖမ်းဆီးထားလျက် ရှိပြီး မကြာသေးမီက ပင်လျှင် ရဲအ ရာရှိ တစ်သောင်းကို ရာထူးတာဝန် များမှ ဖယ်ရှား
ခဲ့သေးသည်။

PN002
Ref: Putin, Erdogan Boost Russian-Turkish Trade Ties
Photo – REUTERS

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*