မြေငလျင် လှုပ်ပြီး နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အရေးပေါ် အခြေအနေများအတွက်စီမံချက် သုံးလအတွင်း အပြီးရေးဆွဲမည်

မြေငလျင် လှုပ်ပြီး နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အရေးပေါ် အခြေအနေများအတွက်စီမံချက် သုံးလအတွင်း အပြီးရေးဆွဲမည်
October 14, 2016 Asian Fame

4:01 am
မြေငလျင် လှုပ်ပြီး နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အရေးပေါ် အခြေအနေများအတွက်စီမံချက် သုံးလအတွင်း အပြီးရေးဆွဲမည်
In Environment

မြေငလျင် လှုပ်ပြီး နောက်ဆက်တွဲ လုပ်ဆောင်ရမည့် အရေးပေါ် အခြေအနေများအတွက်စီမံချက် သုံးလအတွင်း အပြီးရေးဆွဲမည်

earquake-akrk-copy

ဧကရီကျော်
ရန်ကုန်၊ အောက်တိုဘာ ၁ဝ

မြေငလျင်လှုပ်ပြီး နောက် ဆက်တွဲ လုပ်ဆောင်ရမည့်အရေးပေါ်အခြေအနေများအတွက် စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဦးဆောင်မှုဖြင့် သုံးလ အတွင်းရေးဆွဲသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်တွင် ပြုလုပ်ခဲ့သော မြေငလျင်ဖိုရမ်မှ သိရသည်။

အဆိုပါစီမံချက်တွင် မြေငလျင် ဘေးကျရောက်ခဲ့ပါက လူအများ နားခိုရန်အဆောက်အအုံကြီးများ၊ နောက်ဆက်တွဲ လုပ်ဆောင်သင့် သည့် ကျန်းမာရေး၊ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေး စသည့် အချက်များ ပါဝင်မည်ဖြစ်ကြောင်းAction Aid မှ အစီအစဉ်အကြံေ ပး အရာရှိ ဦးသူရထွန်းကပြောသည်။

အရေးပေါ်စီမံချက်ထွက်ပါက မြေငလျင်ဒဏ်ခံနိုင်ရည်အတွက် ထည့်သွင်းတွက်ချက်ထားခြင်းမရှိ သည့် ရန်ကုန်မြို့ပေါ်ရှိ အဆောက် အအုံများကို ပြန်လည်ဆန်းစစ် ပြုပြင်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့တော်စည်ပင် အင် ဂျင်နီယာဌာန (အဆောက်အအုံ) ဌာနစုမှူး ဒေါ်နှင်းအိဝင်းက ”၁၉၈ဝ ကနေ ၂ဝဝ၃ ခုနှစ်အထိ ဆောက် လုပ်ထားတဲ့ အဆောက်အအုံတွေက မြေငလျင်အတွက် ထည့်သွင်းပြီး ဆောက်လုပ်ထားတာ မရှိပါဘူး။ အဲဒါကြောင့် Structure Engineers တွေနဲ့ သေချာပြန်လည်ဆန်းစစ် ရပါမယ်။ အကုန်လုံးကို ဖြိုချပစ်မှာ မဟုတ်ပါဘူး၊ သူ့တစ်လုံးချင်းစီ အလိုက် လိုအပ်ချက်ေ တွကိုပြုပြင် သွားမှာပါ။ ပြုပြင်ဖို့အတွက်လည်း သက်ဆိုင်ရာဌာနတွေကို ညွှန်ကြား ချက်တွေ ထုတ်ပြန်သွားပါမယ်”ဟု  ပြောသည်။

ရန်ကုန်မြို့တော်သည် လူဦး ရေထူထပ်လာသည့်အတွက် မြေ ငလျင်ဘေးကျရောက်ပါက ထိခိုက် မှု အများဆုံးဧရိယာဖြစ်လာနိုင် သဖြင့် ထိုသို့ လုပ်ဆောင်ရန်စီစဉ်ခြင်းဖြစ် ကြောင်း သိရသည်။             ငလျင်လှုပ်ပါက ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ စစ်ကိုင်း စသည့်ပြတ်ရွေ့   ကြောတစ်လျှောက်ရှိ မြို့များသည် ပိုမိုထိခိုက်နိုင်ဖွယ်ရှိပြီး၊ ကနဦး ဆန်းစစ်ချက်များအရ ငလျင်ဒဏ် ခံနိုင်သည့် အဆောက်အအုံများ မှာ ကိုလိုနီခေတ်မှအဆောက်အအုံ များသာဖြစ်ကြောင်း Action Aid မှ အစီအစဉ်အကြံပေးအရာရှိ ဦးသူရ ထွန်းက ပြောသည်။

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း မှ ဦးအေးလွင်က ”ငလျင်တစ်ခု လှုပ်ပြီဆိုရင် ငလျင်လှုပ်လို့ လူ မသေဘူး။ တိုက်ပြိုမယ်၊ မီးလောင် မယ် အဲ့ဒါတွေကြောင့် လူသေတာ။ ဒါကြောင့် ဘေးအန္တရာယ်ကျရောက် ပြီဆို ဘယ်နေရာတွေကလမ်း ကြောင်းရှာမလဲ၊ ကယ်ဆယ်မလဲ အဲဒါတွေ ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ပြီးတော့ ကန်ထရိုက်တာတွေ၊ အင်ဂျင်နီယာတွေကလည်း ကိုယ် ကျိုးစီးပွားမကြည့်ဘဲ တိုက်တွေ ကို ငလျင်ဒဏ်ခံနိုင်ရည်အတွက်ထည့် သွင်းဆောက်လုပ်သင့်ပါတယ်” ဟု အကြံပြုသည်။

မြေငလျင် ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရန်၊ ကြိုတင် ပြင်ဆင်နိုင်ရန်၊ နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍  မြေ ငလျင်ဖိုရမ်ကို အောက်တိုဘာ ၈ ရက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*