ရက်စက် ကြမ်းတမ်းမှုတွေ မဖြစ်အောင်၊ လျော့ပါးအောင် စာသင်ခန်း များတွင် မဖြစ်မနေ ပညာပေးရ တော့ မည်လော

ရက်စက် ကြမ်းတမ်းမှုတွေ မဖြစ်အောင်၊ လျော့ပါးအောင် စာသင်ခန်း များတွင် မဖြစ်မနေ ပညာပေးရ တော့ မည်လော
October 13, 2016 Asian Fame

9:37 am
ရက်စက် ကြမ်းတမ်းမှုတွေ မဖြစ်အောင်၊ လျော့ပါးအောင် စာသင်ခန်း များတွင် မဖြစ်မနေ ပညာပေးရ တော့ မည်လော
In Politics

ရက်စက် ကြမ်းတမ်းမှုတွေ မဖြစ်အောင်၊ လျော့ပါးအောင် စာသင်ခန်း များတွင် မဖြစ်မနေ ပညာပေးရ တော့ မည်လော

(ရန်ကုန်၊ အောက်တိုဘာ ၁၁)

နိုင်ငံအတွက် အနာဂတ်သား ကောင်းများ မွေးထုတ်ပေးရာ စာ သင်ကျောင်းများ အတွင်း ညှဉ်းပန်း နှိပ်စက်မှု များနှင့် ပြဿနာ  တစ်ခု အပေါ် ကျောင်းသား အချင်းချင်း ဓားကိုင်ဆောင်၍ ဖြေရှင်းသည့် မှု ခင်းများ ယခု ရက်ပိုင်း အတွင်း ဆက် တိုက်ဆိုသလို ဖြစ်လာနေကြောင်း ရဲမှတ်တမ်း များ အရ သိရသည်။

လွန်ခဲ့သည့် ၂ဝ၁၂ ခုနှစ်က ဧပြီလ ၆ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် အတွင်း ကျောင်းသားချင်း နှိပ်စက် ညှဉ်းပန်းမှုကြောင့် ဘုရင့်နောင် တပ်ခွဲ (၄) ဒုတိယနှစ် ဗိုလ်လောင်း နံပါတ် (၆၇၈၇) ကောင်းထက်သူ ပွဲချင်းပြီး သေဆုံးမှုပြီး နောက်ပိုင်းတွင် လည်း ထိုကိစ္စက ရပ်တန့်မသွားခဲ့။

ရပ်တန့် မသွားခြင်းကို အခိုင် အမာ သက်သေပြ လိုက်သည်က ပြင်ဦးလွင် စစ်တက္ကသိုလ် ဒုတိယ နှစ် ကျောင်းသား ဗိုလ်လောင်း အောင်ညီညီဇော် (ဘုရင့်နောင် တပ်ခွဲ) ဖြစ်သည်။

သူသည် ယခု ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ၄င်းထက် စီနီယာ ကျသည့် နောက် ဆုံးနှစ် ကျောင်းသား ဗိုလ်လောင်း ဇွဲမာန်အောင်၏ ညှဉ်းပန်းနှိပ်စက် မှုဖြင့် ဘဝခရီးကို အဆုံးသတ် ခဲ့ရသူ ဖြစ်သည်။

ဟိုပုံးတပ်မတော် နည်းပညာ နှင့် ကွန်ပျူတာ ကောလိပ်က ကျောင်းသားချင်း နှိပ်စက်သည့် ဗီဒီယိုဖိုင် ကိုကြည့်ပြီး စီနီယာ၊ ဂျူနီ ယာအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှု များကို ရွံမုန်းနေချိန်၊ တပ်မတော် ကလည်း ဗိုလ်လောင်း အချင်းချင်း ထိုးကြိတ်ခြင်း၊ အချင်းချင်း ညှဉ်း ပန်းနှိပ်စက်ခြင်း မပြုရန်၊ ည ၁ဝ နာရီနောက်ပိုင်း ကိုယ်ရေးကိုယ် တာကိစ္စ များအား ခိုင်းစေခြင်းနှင့် အပြစ်ပေးခြင်း များ မပြုလုပ်ရဟု အမိန့်ထုတ် ထားပြီးချိန်တွင် ယခု ဖြစ်ရပ် ဆက်လက် ဖြစ်ပွား လာသည့် အတွက် လူအများ အံအားသင့်နေ ကြသည်။

ထို့ကြောင့် အလားတူဖြစ်စဉ် မျိုး ပညာရေး ဝန်ကြီးဌာနလက် အောက်ခံ အခြေခံ ပညာကျောင်း ထဲနှင့် ကျောင်းသား အချို့တို့ထံတွင် စိမ့်ဝင် လာနေပြီ လားဟု အခြေခံ ပညာ အသိုင်းအဝိုင်းကြား မေးခွန်း ထုတ်လျက် ရှိနေကြသည်။

ထိုသို့ မေးခွန်း ထုတ်နိုင်အောင် လည်း အောက်တိုဘာလ ၆ ရက် က မန္တလေးမြို့ အောင်မြေသာစံ၊ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း စာသင်ခန်းအတွင်း ကျောင်းသားချင်း ထိုးကြိတ်သည့် ဗီဒီယိုဖိုင်နှင့် ကျောင်းပြင်ပ တို့၌ ကျောင်းသားချင်း ဓားနှင့် ထိုးကြ သည့်ဖြစ်စဉ်တို့က ရှိနေသည်။

လုပ်သက်ရင့် ပညာရေးအရာ ထမ်းတစ်ဦးက ”ရက်စက်ကြမ်း တမ်းမှုတွေ ကို မဖြစ်အောင်၊ လျော့ ပါးအောင် စာသင်ခန်းတွေမှာ မဖြစ် မနေ ပညာပေး ရတော့မယ်” ဟု ပြောသည်။

အဆိုပါ ကျောင်းမှ ကျောင်း အုပ်ကြီး၊ ကျောင်းစည်းကမ်း ထိန်း သိမ်းရေး အဖွဲ့နှင့် အတန်းမှူး၊ အ တန်းပိုင်များက အထက(၁) အောင် မြေသာစံ ဗီဒီယို ဖိုင်သည် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း မဟုတ်ဟု ဖြေရှင်း ထားသည်။

အထက်ပါ အရာထမ်းက ”ဒါ ကိုပြဿနာ တစ်ခုလို့ မှတ်ယူရပါ မယ်။ ဒါမှ ပြဿနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာနိုင်မှာပါ”ဟု ပြော သည်။

၂ဝ၁၆ ခုနှစ် ဇွန်လ ၇ ရက်က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နယ် အမှတ် ၁၉ ရပ်ကွက်ရှိ အ မှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း နဝမတန်း တန်းခွဲတစ်ခု တွင် ကျောင်းသားချင်း ဓားထိုးမှု၊ ဇွန် ၂၉ ရက်နေ့က ပဲခူးတိုင်းဒေသ ကြီး သုံးဆယ်မြို့ အတွင်းရှိ ကျပ် ချောင်းကျေးရွာ အခြေခံပညာ အ ထက်တန်း ကျောင်းခွဲတွင် ပညာသင် ကြားနေသည့် နဝမတန်းကျောင်း သားချင်း စနောက်ရာမှ ဓားထိုးမှု၊ စက်တင်ဘာလ အတွင်းက ရေနံ ချောင်းမြို့၊ အထက(၁)က ကျောင်း သားချင်း ရန်ဖြစ်ရာမှ ဓားထိုးမှုနှင့် တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ် ကွက် အနော်မာ လမ်းရှိ အထက (၃)က နဝမတန်း ကျောင်းသား နှစ် ဦး ဓားထိုးမှုအပါအဝင် အောက် တိုဘာလ ၆ ရက်က မင်္ဂလာဒုံတွင် နဝမတန်း ကျောင်းသား နှစ်ဦး ဓား ထိုးမှု စသဖြင့် လအနည်းငယ် အ တွင်း အမှုပေါင်း ၁ဝ မှုကျော် ဖြစ်ခဲ့ သည်ဟု ရဲတပ်ဖွဲ့ ဌာနချုပ်မှ အကြီး တန်း အရာရှိ တစ်ဦးက ပြောသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*