ထိပ္ဝါစ ာကေလးမ် ားနွင့္ဦးေဆြ
ထိပ္ဝါစ ာကေလးမ် ားနွင့္ဦးေဆြ
September 8, 2016 Asian Fame
2:29 pm
လူငယ်စင်မြင့်
လက်ရှိ မြန်မာနိုင်ငံသည် ပထမဆုံး သောအရပ်သား စစ်စစ်အစိုးရသစ်နှင့် ခေတ်သစ်စနစ်သစ် ဆီသို့ဦးတည်လျှောက်လှမ်း နေသော အချိန်ဖြစ်ပါ၏။ ထိုခရီးသည် အစိုးရ၏ တာဝန်တစ်ခုတည်းမဟုတ်။ ရွေး ကောက်တင်မြှောက်ခွင့်ရှိသော ပြည်သူ၏ တာဝန် လည်း ဖြစ်ပါသည်။ ဥပဒေပြုရေးနှင့် အစိုးရကို ထိန်းကျောင်း တည့်မတ်ရာ လွှတ်တော်၊ ထိုလွှတ်တော်မှ ပြည်သူ့ ကိုယ်စားပြုသော ကိုယ်စားလှယ်များမှအစ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားအသီးသီး မှ ပြည်သူ့ ဝန်ထမ်း များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသော နိုင်ငံ့အရေးကဏ္ဍအသီးသီး၌ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် တို့ ဦးဆောင်အားထုတ်နေကြပါ၏။
သို့သော် ထိုမျှနှင့်မလုံလောက်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဟူသောမဏ္ဍိုင် သုံးရပ်လိုအပ်သကဲ့သို့ ထိုမဏ္ဍိုင်များ ကို  စောင့်ကြည့် တည့်မတ် ထိန်းကျောင်းရန်လည်း မီဒီယာဟူသောမဏ္ဍိုင် လိုပါသည်။ မီဒီယာ ဟူသည် ရုပ်သံ၊ သတင်းဂျာနယ် မျှသာမက မီဒီယာ၏ တရားကိုယ် သဘော သည် ပြည်သူ့ အသံဖြစ်သည် ။ ပြည်သူ့ဆန္ဒ ပြည် သူ့အမြင်၊ ပြည်သူ၏ ဝေဖန်စောကြောမှုသာဖြစ်၏။ ထိုအထဲတွင် လူငယ်တို့၏ ကိုယ်ပိုင် အသိ အမြင်၊ လူငယ်တို့ ၏ ကိုယ်ပိုင် အတွေးအရေး၊ လူငယ်တို့၏ ကိုယ်ပိုင်အိပ်မက် အနာဂတ်၊ လူငယ်တို့၏ ပြောရေးဆိုခွင့်သည်လည်း အဓိက ကျသောနေရာ တွင်ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည် ပါသည်။ ထိုယုံကြည်ချက်ကြောင့်ပင် ကျွန်ုပ်တို့ ပေါ်ပြူလာနယူးစ် ဂျာနယ် တွင်’လူငယ်စင်မြင့်’ ဟူသော ကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ကာ လူငယ်များ၏ အသံ ကို စင် တင် သိကြားစေလိုခြင်းပင် ဖြစ်ပါသည်။
banner-sparrow2
ကျွန်တော်တို့ရွာမှာ ကျွန်တော်နှင့် အရမ်းချစ်ခင်မြတ်နိုးလေးစားရပါသော ဦးဆွေဟု နာမည်ရသော မိတ်ဆွေတစ် ယောက်ရှိသဗျ။ သူဟာ ထိပ်ဝါစာကလေး တွေကို နေ့တိုင်း အစာကျွေးလေ့ရှိသူ တစ်ယောက်ပါ။ ကျွန်တော်တို့ ရွာသူ၊ ရွာသားများတွေ လေးစားယုံကြည် အားကိုးရတဲ့ ရပ်မိရပ်ဖတစ်ယောက်ပေါ့ လေ။ ကျွန်တော်လည်း အလုပ်တွေ အားတဲ့ အခါတိုင်း ဦးဆွေနဲ့စကားသွား ပြောလေ့ ရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်း တာဝန်တွေပိနေတာနဲ့ ဦးဆွေဆီ မရောက် ဖြစ်ခဲ့ဘူး။ ဒါနဲ့ ကျန်ခဲ့တဲ့ ၅ ရက်လောက်က သူ စာကလေးတွေကို အစာကျွေးနေကျ အချိန် မတွေ့ရတာကြာပြီဖြစ်တဲ့ ဦးဆွေ ဆီသို့ သာကြောင်း မာကြောင်း မေးဖို့ သွားခဲ့တယ်ပေါ့ဗျာ။ ကျွန်တော်ရောက် သွားတဲ့အချိန်မှာ ဦးဆွေဟာ ရေနွေးကြမ်း သောက်နေရာမှ ဖန်ခွက်ကိုချလိုက်ပြီး ဝမ်းသာအားရပဲ … ”ဟာ ကျောင်းဆရာ၊ လာဗျာ မတွေ့ တာတောင် အတော်ကြာပြီ” ‘ဟုတ်တယ် ဦးဆွေရေ ကျွန်တော် လည်း အလုပ်တွေ ပိနေလို့ ဗျ” ဟုဆိုရင်း ကျွန်တော်လည်း ဦးဆွေနှင့် မျက်နှာချင်း ဆိုင်ထိုင်လိုက်သည်။”ဒါနဲ့ ဦးဆွေ နေကောင်းတယ်နော်။ ပိုတောင် ဝလာသလို ပဲဗျ”’အေးဗျ အိမ်ကလူတွေလည်း ပြော တယ်။ စားလို့လည်း ဒီရက်ထဲ ကောင်းနေ တယ်” စားလို့ကောင်းတယ်ဆိုတာနဲ့ ကျွန်တော် လည်း ဘေး ဘက် လှည့်ကြည့်မိ လိုက်တယ်။ စာကလေးတွေ အစာစား နေတာများတွေ့မလားပေါ့။ သို့သော် တစ် ကောင်မျှ မတွေ့ရချေ။ ဒါနဲ့ ကျွန်တော် လည်း ဦးဆွေ ကို မေး လိုက်မိ တယ်။
”ဦးဆွေ ငှက်ကလေးတွေကို အစာ ကျွေးပြီးသွားပြီလားဗျ။ အရင် ဒီအချိန်ဆို ကျွေးနေကျလေ။”မဟုတ်ဘူးကွ ဦး စာကလေးတွေ ကို အရင်လို နေ့တိုင်းအစာ မကျွေးတော့ တာ …””ဟာ ဦးဆွေက ဘယ်လိုဖြစ်တာလဲ ဗျ၊ စာကလေးတွေကို အစာကျွေးတာ ကုသိုလ်ရတယ်လို့၊ သေတဲ့အထိ နေ့တိုင်း အစာကျွေးသွားမယ်လို့ ဦးဆွေကျွန်တော့် ကို ပြောဖူး တယ်လေ။စီးပွားရေးလည်း ဒီ လောက်ကောင်းနေတာဗျာ’ ”ဒီလို ကျောင်းဆရာ၊ ကျုပ် ဒီထိပ်ဝါ စာကလေးတွေကို အစာကျွေးခြင်းနဲ့ ပတ်သက်ပြီး တစ်ခုတွေးမိ လို့”ကျွန်တော် လည်း ရေနွေးကြမ်း သောက်ရင်း..”ဟုတ်ကဲ့ ပြောပါဦးဦးဆွေရ’ ”ကျုပ်ဒီအကောင်လေးတွေကို အစာစကျွေးစဉ်အခါက ပထမသုံးကောင် ၊ လေးကောင် ထဲရယ် ၊ နောက် တစ် ရက် နှစ်ရက်ကြာတော့ အကောင်သုံးဆယ်၊ လေးဆယ်လောက်ဖြစ်လာတယ်။ အခု တစ်နှစ်နီးပါးလောက်ကြာလာတော့ အကောင်၁ဝဝ လောက်ထိ ဖြစ် လာတော့တာ ပါပဲ ။ဒါပေမယ့် ပထမဆုံးရောက်လာ တဲ့စာကလေးတွေက အခုတော်တော် အသက်ကြီးနေပြီ။ သူတို့ ကျုပ်ဆီ ကို နေ့တိုင်း အစားလာစားတယ်။ နောက်ပိုင်း ကျတော့ သူတို့ ဆွေမျိုးေ တွပါ ရောက်လာ တယ်။ အဲ… သိပ်မကြာခင်က သူတို့ သားသမီး စာပေါက်ကလေးတွေပါ ပါလာ ပြန်ရော ဒါတွေကိုကြည့်ပြီး ပထ မတော့ ကျုပ်ကြည်နူး ဝမ်းသာနေ ခဲ့တယ်။ နောက် မိမိကိုယ်ကိုယ်အတ္တသမား၊ မျိုးဆက်သစ် လေးတွေရဲ့ အရည်အသွေးတွေကို ဖျက် ဆီးနေသူဆိုပြီး ရှက်ရွံ့သွားမိတယ်ဗျ”
”ဘာဖြစ်လို့လဲဗျ”
”ဘာဖြစ်လို့လဲဆိုတော့ ဆရာလည်း တွေးကြည့်ပါ။ ဒီစာမျိုးဆက်သစ်လေး တွေကို သူ့မိခင်၊ ဖခင်၊ စာဖို စာမကြီး တွေက ပြောလိမ့်မယ်ဗျ။ စာကလေးတို့ လာဟေ့ စာကလေးတို့ အစာစားချိန် ရောက်ပြီ တို့ဟိုခေါင်းဖြူအဖိုးကြီးဆီသွား စားကြစို့၊ သူ့ဆီမှာ အမြဲအစာရတယ်၊ မင်းတို့ မပေါက်ခင်ကတည်းက ငါတို့ သွားစားနေတာဆိုပြီး ပျံတတ်ခါစ စာ ကေ လးတွေကို ခေါ်လာမယ်၊ ဒီတော့ သူ့ သဘာဝအရ အစာရှာစားနည်းအတတ်ကို သင်ပေးတော့မှာ မဟုတ်ဘူး။ ဒီလိုပဲ အဲဒီ စာကလေးတွေကြီးလာရင်လည်း သူတို့ ကိုယ်တိုင် မတတ်ခဲ့တဲ့အစာရှာနည်းကို သူတို့ မျိုးဆက်ကို သင်ပေးတတ်မှာ မဟုတ်ဘဲ ကျုပ်ဆီပဲခေါ်လာဦးမယ်။ ဒါပေမယ့် အခု ကျုပ်အသက်က ၆၅ နှစ် သေဖို့နီးပြီ။ ကျုပ်သေသွားရင် အိမ်ကသူတွေက သူတို့ ကို နေ့တိုင်းအစာကျွေးမှာ မဟုတ်ဘူး။ ဒီတော့ သူတို့ ဒုက္ခရောက်ပြီပေါ့”ဦးဆွေ ခဏနားပြီး ရေနွေးကြမ်း သောက်သည်။
ပြီးမှ… ”ဘာဖြစ်လို့လဲဆိုတော့ သူတို့ အစာ ရှာ မစားတတ်ဘူးလေ။ မိဘကလည်း မသင်ပေးထားခဲ့ဘူး။ အမှန်တော့ဗျာ သူတို့မှာ သဘာဝရဲ့လက်ဆောင် နှုတ်သီး၊ အတောင် နဲ့ခြေတွေ ပါပြီးသားပါ။ ကိုယ် တိုင် အစာရှာစားဖို့လည်း၊ အရည်အချင်း ပြည့်ဝပြီးသား။ ဒါကြောင့် ကျုပ်အခု သူတို့ကို အစာနေ့တိုင်း မကျွေးတော့ဘဲ တစ်ပတ် ကို နှစ်ရက် ပဲ ကျွေးတော့တယ်။ အဲဒီ ၂ ရက်ကိုလည်း ရက်ခြားပြီးကျွေး တယ်။ အဲဒီတော့ သူတို့လေးတွေ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အစာရှာ တတ်လာကြတာပေါ့။ ကျုပ်သေသွား လည်းပဲ သူတို့အတွက် ဘာအရေးမှ မဟုတ်တော့ဘူးပေါ့ဗျာ’ဒီလိုနဲ့ အဲဒီနေ့ ဦးဆွေနှင့်အခြား အကြောင်းအရာများ စကားလက်ဆုံကျ၍ ဦးဆွေကိုနှု တ်ဆက် ကာ ပြန်ခဲ့ သည် ။အိမ်အပြန်လမ်းခရီးမယ် ကျွန်တော် ၏ အတွေးပုံရိပ်တို့၌ ဖေဖေနှင့် မေမေ တို့ကို မြင်မိသည်..နောက်ထပ်ကျေးဇူး တစ်ခု မြင်မိသည်။ တပည့်၊ သား၊ သမီး များကို မြင် မိသည်… ရည်ရွယ်မိသည်။ လွဲမှားစွာ ချစ်ခြင်းခံရသော လူငယ်အချို့ ကို မြင်မိသည်…ကြေကွဲမိသည်။
ထိုအခိုက်…”ကျလိ ကျလိ”ဟူ၍ကြားရ၍ အတွေးစတို့ပျက်ပြီး မော့ကြည့်မိသည်။ သစ်ကိုင်းပေါ်မှာ မကြီးမငယ် အလယ် အလတ် ထိပ်ဝါစာကလေးတစ်ကောင် အစာဖမ်း ယူ စားသောက်နေသည်ကို တွေ့ မိသည်။ အားကျအတူယူ လေးစားလိုက် မိလေတော့သည်။ မိမိ အရမ်းချစ်ခင်မြတ်နိုးလွန်း၍ သတ္တဝါတစ်ဦး၊ တစ်ကောင်၏ အရည် အချင်းများကို ဖျက်ဆီးမိသူများအဖြစ်မှ ကင်းဝေးနိုင်ကြပါစေဗျာ။
အောင်