သမိုင်းသည် သတ်၍မသေ … ရှင်သန်နေဦးမည့် ပုဂံမြေ

သမိုင်းသည် သတ်၍မသေ … ရှင်သန်နေဦးမည့် ပုဂံမြေ
September 7, 2016 Asian Fame

4:50 am
သမိုင်းသည် သတ်၍မသေ … ရှင်သန်နေဦးမည့် ပုဂံမြေ

၁၉၇၅ ခုနှစ်၊ ဇူလိုင် ၈ ရက်က ပြင်းအား ရစ်(ခ်ျ)တာစကေး ၆ ဒသမ ၈ ဖြင့်လှုပ်ခဲ့သည့် ပုဂံငလျင်သည်  သမိုင်းဝင် ရှေးဟောင်းယဉ်ကျေး မှု အဆောက်အအုံ စေတီပုထိုး ထိခိုက်ပျက်စီးမှုမှာ အများဆုံးဖြစ်ခဲ့ပြီး ၄၁ နှစ်အကြာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ညနေက ထိုပြင်းအား ၆ ဒသမ ၈ နှင့်ပင် လှုပ်ခတ်ခဲ့သောငလျင်ကြောင့် စေတီပုထိုး ၁၈၇ ဆူခန့် ပြိုကျပျက်စီးခဲ့ရပြန်သည်။

ပုဂံသည် မြန်မာရာဇဝင်၏ အချက်အချာဖြစ်ခဲ့သလို မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှလုံးသည်းပွတ်လည်း ဖြစ်ပါသည်။ ထို့ထက်မူ  အမွေ အနှစ် များတည်ရှိရာ၊ ရာဇဝင်သမိုင်းများစတင်ရာ၊ ရှေးမြန်မာတို့၏ ဥာဏ်ပညာနှင့် တန်ဖိုးကို ပြန်ငေးတန်ဖိုးထားရာဌာနလည်း ဖြစ်ပါ၏။

‘လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း’ဟု အရေအတွက်ကို ဆိုရိုးပြုထားခဲ့သည့် ပုဂံသည် ယခုတော့ လှည်းဘီးကြောင့် အလိမ်း လိမ်းထသော ဖုန်မှုန့်များကဲ့သို့ ထီးတော်မြေခ သမိုင်းလက်ရာ ရှေးဟောင်းအမွေအနှစ်တို့ ကြွေကျခဲ့ပြန်ချေပြီ။

သဘာဝဘေးသည် လူလုပ်သောဥပဒ်မဟုတ်သည့်တိုင် နှစ်ပေါင်းများစွာကြံ့ကြံ့ခံရပ်တည်ပြနေခဲ့သော ပုဂံ သို့မဟုတ် သမိုင်း ၏အမည်နာမဟူသည် မတိမ်ကောမပပျောက်စကောင်း။

ထို့ကြောင့် လူသားတို့၏ စွမ်းအားနှင့်ပင် ပုဂံသည် မူလပင်ကိုတန်ဖိုးမယိုယွင်းဘဲ လူသားပယောဂ အလေအလွင့် အပျက်အစီး အပျောက်အရှ မရှိစေဘဲ ကမ္ဘာ့အလယ် တဖန် ပြန်လည်ထည်ဝါတင့်တယ်ရန် တာဝန်အသီးသီးရှိကြပါသည်ဟု ……။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*