သွေးစွန်းသောသြဂုတ်နှင့်တုတ်တပြတ်ဓားတပြတ်ပြည်သူ့လုံခြုံရေး

သွေးစွန်းသောသြဂုတ်နှင့်တုတ်တပြတ်ဓားတပြတ်ပြည်သူ့လုံခြုံရေး
August 31, 2016 Asian Fame

11:50 am
သွေးစွန်းသောသြဂုတ်နှင့်တုတ်တပြတ်ဓားတပြတ်ပြည်သူ့လုံခြုံရေး

popular choice

Popular Choice ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက်  အများပြည်သူ စာဖတ်သူတို့အတွက် အရေး ပါသော၊ အများပြည်သူအပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင် ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်း တစ်ခုခုကိုဖြစ်စေ ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ် တင်ဆက်ခြင်းဖြစ်ပါသည်။တစ်ပတ် အတွင်း ဖြစ် ပွားခဲ့ သည် တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော်လည်း ထိုကွဲလွဲမှုသည်ပင်  မတူညီသော အမြင်များကို သုံးသပ်နိုင် သည်ဖြစ်၍ အသိညဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့်လာစေရန်လည်း ရည်ရွယ်ပါသည်။ အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ် တို့အတွက် ရင်းနှီး ရ သော အချိန်နှင့် ငွေကြေးအကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

အိမ်ဟူသောစကားက လုံခြုံ နွေးထွေးမှုကိုပေး၏။ သို့သော် ယခုတော့ ထိုဖွင့်ဆို ချက်က သံသယတို့နှင့် စွန်းပေလာ ပြီဖြစ်သည်။အဘယ့်ကြောင့် ဆိုသော် အိမ် သည် အကယ်ပင် လုံခြုံနွေးထွေးမှု ကိုပေးနိုင်ပါ၏ လောဟု တွေးထင် စရာအဖြစ်အပျက်များ ရှိလာ၍ ဖြစ်သည်။ ဥပမာ – မိသားစုလိုက်အသတ် ခံရသော အိမ်တွင်းမှုခင်းများ၊ တစ် အိမ်တည်းအတူနေ မိသားစုဝင် တစ်ဦးဦးက ပြန်၍လုယက် သတ် ဖြတ်သောမှုခင်းများကို မြင်တွေ့ လာရသောအခါ အိမ်ဟူသည်လည်း နောက်ကျောမလုံစရာ သံသယနှင့် စိုး ထိတ်မှုကို ခံစား လာရခြင်းအ တွက် အပြစ်မဆိုသင့်ပါ။ ထို့အတူပင် လူကြီးသူမများကို ဂါရဝပြုသည့်အခါ အမြဲလိုကြားရ တတ်သော ဆုတောင်းဖြစ်သည့် သွားလမ်းသာ၍ လာ လမ်းဖြောင့် ကြပါစေ…ဘေးမသီ ရန်မခ၊ လိုရာခရီး ရောက်ကြပါစေဟူသည် ကလည်း အခုများတော့ ပြည့်ပါစေ ဟု နာနာသာ ပို၍ ဆုတောင်းကြ ရန် ဖြစ်လာနေပြန်သည်။ အ ဘယ် ကြောင့်နည်း။ သင်သည်ဆန္ဒရှိရာ အရပ်တစ်ခုခုသို့ ဘတ်စ်ကားစီး သွားရင်း ကံမကောင်းသည့်အခိုက် နှင့်ကြုံပါက ထိုကားပေါ်မှ ယာဉ် မောင်း သို့မဟုတ် စပယ်ယာ တို့နှင့် ပဋိပက္ခဖြစ်ပွား ကာ ရန်ရှာခံရနိုင် သောကြောင့်ဖြစ်၏။ ချဲ့ကားခြင်း မဟုတ်။ ထိုကဲ့သို့ လိုင်းကားသမား တို့ရန်ရှာ၍ လူ့အသက်တစ်ချောင်း ဆုံးရှုံးရသည့် အမှုတစ်ခုလည်း မကြာသေးမီက အလန့်တကြားဖြစ် ခဲ့သည် မဟုတ်ပါလား။

ကျွန်ုပ်တို့ အဘယ့်ကြောင့် ပို၍ အရိုင်းဆန်လာကြသနည်း

အဖြေကတော့ အမျိုးစုံပါလိမ့် မည်။ ဘဝအဆင်မပြေမှု၊ မူးယစ် ဆေး၊ လောင်းကစား၊ အမျက်ဒေါသ၊ ရန်ငြိုး၊ ဝိသမလောဘ၊ သွေးထိုးမှု၊ သံသယ၊ အမုန်းတရား စသည်ဖြင့် အမယ်စုံနိုင်သည်။ ကြောက်မက်ဖွယ် လူသတ်မှုများ၊ မကြားဝံ့မနာ သာမုဒိမ်းမှုများ၊ အတင့်ရဲသော လုယက်မှုများ၊ လက်တလုံးခြား လိမ်လည်မှုများ၊ဥပဒေ မျက်ကွယ်ပြု မတရား မှုများ၊ စည်ကမ်းမဲ့ယာဉ် မောင်းနှင် ထွက်ပြေးမှုများ၊ အိမ် ထောင်ရေးလော်လီဖောက်ပြားမှု များ။ ခေါင်းစဉ်တို့က ဒုနှင့်ဒေး။ သို့သော် တူညီသည့် အချက်ကတော့ လူ သား များ ၏ ပြဿနာဆိုသည့် အချက်ဖြစ်သည်။

ဤမှုခင်းများကို မဆိုထားနှင့်၊ လူ သုံးများသော ဖေ့စ်ဘွတ်ခ်ပေါ် ၌ပင် လူအချင်းချင်း မုဒိတာပွား ရန်ထက် အပြစ်နှင့် အားနည်းချက် ရှာကာ အပုပ်ချ တိုက်ခိုက်ခြင်း၊ ပုဂ္ဂိုလ်ရေး မဟုတ်မမှန် လုပ်ကြံ အသရေဖျက်ခြင်းတို့ကို သာမန်အ ပြောင်အပျက်ဆန်ဆန် ရေးသား အားပေးနေကြခြင်းကလည်း အ မုန်းတရားတို့ကို တိုးပွားစေနေသ ကဲ့သို့ဖြစ်သည်။ အမှုအခင်းတစ် ခုခုတွင် ကျူးလွန်ရသော လတ်တ လော အကြောင်းရင်း ရှိသကဲ့သို့ အခြေတည်ရာ အခြေခံအကြောင်း ရင်းများလည်း ရှိနိုင်ပါသည်။ အဓိကအားဖြင့်မူ လူသား အချင်း ချင်းကြားထားရှိအပ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာ တရားများ ယုတ်လျော့ အားနည်း လာခြင်း အခြေခံသည်ဟုသာ ဆို ချင်ပါသည်။ သို့တည်းမဟုတ် ထို အချက်များ ယုတ်လျော့လာစေရန် ဖန်တီးသော ပတ်ဝန်းကျင် အခြေ အနေ၊ လှုံ့ဆော်သော ကျပ်တည်းမှု များနှင့် ပြန့်ပွားစေလိုသော ပယောဂ များကြောင့်လည်း ဖြစ်နိုင်ပါသည်။

အစိုးရသစ်အတွက် ခက်ဆစ်

အစိုးရသစ်လက်ထက် ရက် ၁ဝဝ ကာလအတွင်း အမှုကြီး ၄ဝ ကျော်ပိုမိုဖြစ်ပွားခဲ့ပြီး မုဒိမ်းမှုအ များဆုံး ဖြစ်ပွားခဲ့ကြောင်း ရဲတပ် ဖွဲ့၏စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရက် ၁ဝဝ စီမံချက်ကာလစတင်သည့် ၁ ရက် ၅ လ ၂ဝ၁၆ခုနှစ်မှ ၈ ရက် ၈လ ၂ဝ၁၆ ခုနှစ်အဓိကြား ရက် ၁ဝဝ စီမံချက်ကာလနှင့် စီမံချက် ကာလမစတင် ခင် ရက်ပေါင်း ၁ဝဝ တို့ကို နှိုင်းယှဉ်ကြည့်ရာတွင် ယခု ကဲ့သို့ အမှုကြီးဖြစ်ပွားမှု ၄၇ မှုပိုမို များပြားခဲ့သည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှုခင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြီးအောင် စိုးဝင်းက ပြော သည်။ ယခုလ ၁၆ ရက်နေ့က နေ ပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနခန်းမတွင် ပြုလုပ်သော ပြည်ထဲရေး ဝန်ကြီးဌာန၏ ရက်၁ဝဝအ တွင်းေ ဆာင်ရွက် ခဲ့မှု သတင်းစာ ရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။ ဤအတိုင်း သက်သက်ဆိုပါက အစိုးရသစ် လက်ထက်တွင် ပိုမိုဖြစ်ပွားလာ သည်ဟု ရုတ်တရ က်  ယူဆစရာ ရှိသော်လည်း အဆိုပါပွဲ၌ပင် ရှင်း လင်းခဲ့သောစကားကိုလည်း ထည့် သွင်းတွေးရမည်ဖြစ်သည်။

”ဒီလို မုဒိမ်းမှုဖြစ်ရတာကို ကခုနကလည်း ရှင်းပြပြီးပြီ။ သာ မန် မုဒိမ်းမှုက ၁၄ နှစ် အောက် သဘောတူသည်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ခိုးယူပေါင်းသင်းရင် မုဒိမ်းမှု မြောက် တယ်။ အခု က ရာဇသတ်ကြီးမှာ အသက်ကိုပြင်လိုက်တယ်။ ၁၆နှစ် အောက် သဘောတူသည် ဖြစ်စေ၊ မဖြစ်စေလို့ ပြင်လိုက်တော့ သာ မန် သမီးရည်းစားဖြစ်စေ၊ မဖြစ်စေ ခိုးရာ လိုက်ပြေး တယ်၊  သွေးဆောင် ဖျားယောင်းမှုတွေက မုဒိမ်းမှုဖြစ် သွားတယ်။ ကိန်းဂဏန်းအရတော့ တိုးလာတယ်ဆိုပေမယ့် ဒီလိုအ သက်ကို ပြင်လိုက်တဲ့အတွက်ပါ။ မုဒိမ်း မှုများ တာ အသက်ကန့် သတ်ချက်ပြင်လိုက်တဲ့အတွက် ဖြစ် ပါတယ်” ဟု ရဲမှူးကြီး အောင်စိုး ဝင်းက ရှင်းပြသည်။ သို့သော် ရက် ၁ဝဝ စီမံချက် ကာလအတွင်းတွင် အမှုကြီးဖြစ် ပွားမှု ၇၉၁ မှုဖြစ်ပွားခဲ့ကာ စီမံ ချက်ကာလ မစတင်ခင် သုံးလ ထက် အမှုပေါင်း ၄၇ မှုပိုမိုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စာ ရင်းများ အရသိရသည်။

အဆိုပါ အမှုများအားလုံးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ အခြားအမှုများ ဖြစ်ပွားမှုအနေ ဖြင့်လည်း ရက် ၁ဝဝ ကာလအ တွင်း ကြိုတင်ကာကွယ် အရေးယူ ပေးမှု ၅၈၁ဝ၈ မှု၊ အခြားအမှု ၁၆၈၅၄ မှုတို့ဖြစ်ပွားခဲ့ကာ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး အမှု များအနေဖြင့်လည်း အမှုစုစုပေါင်း ၂၇၈၈ မှုမှ တရားခံ ၄၃၄၉ ဦး တို့ ကိုဖမ်းဆီးခဲ့ကြောင်း၊ အသိ ပညာ ပေးမှုအနေဖြင့် ရက် ၁ဝဝ ကာလ အတွင်း ပြည်သူ ၅၄၆၇၄၁ ဦးတို့ ကို အသိပညာပေးနိုင်ခဲ့ကြောင်း သိရသည်။ယင်းထဲမှ ထူးခြားချက်အနေ ဖြင့် ဘိန်းချက်စခန်း ၂ ခု၊ စိတ် ကြဆေးပြား ၂၉ ဒသမ ၈ သန်း၊ ဘိန်းစိမ်း၊ ၁၇၅ ကီလို၊ ဘိန်းဖြူ ၆ဝ ကီလို၊ အက်ဖက်ဒရင်း ၅ဝဝ ကီလို၊ ကဖင်း ၁၄တန်တို့ ဖမ်းဆီးရ မိခဲ့ကြောင်း သိရသည်။ဤ သည်တို့ က စာရင်းဇယား များဖြစ်ပါသည်။ ထည့်သွင်းစဉ်း စားရန်မှာ အရေအတွက်များပြား လာခြင်းလား၊ ထိထိရောက်ရောက် ပို၍ အားစိုက်ဖမ်းဆီးဖော်ထုတ် လာခြင်း လား ဟု ဖြစ်ပါ၏။

သွေးစွန်းသောသြဂုတ်ဇာတ်ရှုပ်

သြဂုတ်လ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ကြီးတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သည်။ ၇၂နာရီအတွင်း တရားခံကို ဖော် ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။အ ကြောင်းရင်း ကေ တာ့သူမကြင်၍ ဒေါသဝင်ကာ ဆင်ခြင်တုံ တရားမဲ့ ခြင်း။ အပြစ်မဲ့ကလေးငယ် ကတော့ မြေစာပင်ဖြစ်ခဲ့ရသည်။ သြဂုတ် ၂ဝ ရက်နေ့တွင်တော့ မင်္ဂလာဒုံမြို့ နယ်မှ ရဲဝန် ထမ်းေ ဟာင်း မိသားစု လေးလောင်းပြိုင် အသတ်ခံရပြန် သည်။ တရားခံကိုတော့ မဖော် ထုတ်နိုင်သေးပါ။ တကယ်တော့ ဤအမှုများက အများသိပြီးသလို အဖွင့်တွင် ဆိုခဲ့သည့် အိမ် တွင်းလုံ ခြုံမှု ပျောက်ဆုံး လာခြင်းကို တံခါး ခေါက်ခြင်းဖြစ်သည်။ ထိုမျှနှင့် မပြီးသေးပါ။ သြဂုတ် ၂၁ ရက် ည ၁ဝ နာရီ ခန့်က ၈၁ဒိုင်နာယာဉ်စီးခရီးသည် ကိုယာဉ်မောင်းနှင့် စပယ်ယာ တို့ က ဝိုင်း၍ ထိုးကြိတ်ရာ ခရီးသည် ပက်လက်လန် လဲကျသော ဒဏ်ရာ ဖြင့် သေဆုံးခဲ့သည်။ ကျူးလွန်သူ များကိုတော့ ဖမ်းဆီးထားပြီး ဖြစ် သည်။ဤအမှုကတော့ သွားသတိ လာ သတိအကြောင်း သတိပေး ခြင်းဖြစ်ပါမည်။ မြို့စွန် ဒေသများ တင်မဟုတ်ပါ။

သြဂုတ်လ၂၉ရက်နေ့က ဗဟန်းမြို့နယ်တွင်လည်း အိမ်အ တူနေသူ မတ်ဖြစ်သူက မရီးကို သတ်ဖြတ်၊ ကလေးငယ်ကိုလည် ပင်းညှစ် ရိုက်နှက်ကာ ငွေယူပြေး သည့် အမှု လည်း ဖြစ်ပွားခဲ့ပြန် သည်။ ကျူးလွန်သူကိုတော့ ထိုနေ့ ညတွင် မော်လမြိုင်သို့အပြေး ဖမ်း ဆီးမိခဲ့ပြီဖြစ်သည်။ ထို့ပြင် သြဂုတ် လ ၂၈ ရက်နေ့ ည ၇ နာရီအချိန် ခန့်က လသာ လမ်းအတွင်း တိုက် လှေကား ၅ လွှာအရောက် အမျိုး သမီးတစ်ဦးကို ဓားထောက်၍ ကျပ် ဆယ်သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများ အနုကြမ်းစီးသွားသည် ကလည်း ရန်ကုန်မြို့လ ယ်ကောင် တွင်ဖြစ်ပါ၏။ ထို့နေ့ညနေ ၃ နာရီ လောက်ကလည်း ရွှေပြည်သာတွင် အဘွားအိုတစ်ဦးတည်း အစောင့် ကျန်ခဲ့သော မိတ္တူဆိုင်တွင်း လူ တစ် ဦးဝင်ရောက် ကာ ထိုးနှက်၍ ငွေလုပြေးမှု ဖြစ်ခဲ့သေးသည်။

ဤသည်တို့က မီဒီယာများသိ ရှိသော သတင်းမျှသာဖြစ်ပြီး အမှု ဖွင့်မထားသော၊ တိုင်ကြားချက်မရှိ သော၊ ကြိတ်၍ ဖြေရှင်းနေလိုက် သော အမှုအခင်းတို့ မည်မျှရှိနေဦး မည် ကိုတော့ မသိနိုင်ပါ။  သြဂုတ်လကတော့ ထိုကဲ့သို့ အနိဋ္ဌာရုံများနှင့် ပြည့်နှက်နေသ ကဲ့သို့ အင်တာနက်ဖေ့စ်ဘွတ်ခ် တွင်လည်း ထိုအမှုများမြင်တွေ့ရပြီး နောက် မိမိတို့ အသီး သီးကြုံဆုံမြင် တွေ့ရသည်တို့ကို ဝေမျှကြသည် တို့က အလန့်တကြားပင်။ အလှူခံ ယောင်ဆောင်၍ ခိုးရန်ကြိုးစား ခြင်း၊ ကားခိုးရန်လာသူကို ဓာတ်ပုံ ရိုက်မိ၍ လက်နက် များဖြင့် ရန်ပြု ခံရခြင်း၊ တိုက်ခန်းလှေကားတွင် မသင်္ကာဖွယ် လာစောင့်နေသူတို့၊ အများအပန်းဖြေရာ ပြည်သူ့ရင် ပြင်တွင်ပင် စုံတွဲများထံ ၌ ငွေကြေး တောင်းခံ သည့်အဖွဲ့မှ လူတစ် ဦး ကို ဖမ်းဆီး ရာပြန်ခုခံ၍ အကြမ်းဖက် ဖမ်းလိုက်ရခြင်း၊ ဖုန်းဆိုင်တွင်း ဝင် ရောက်ခိုးသည့် ၈ နှစ်သားကလေး ငယ် စသည် စသည်တို့ဖြင့် မိတ် ဆွေ အချင်းချင်း သတိပေးစရာ များ ဖြင့် ပြည့်နှက်နေတော့သည်။

ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ

အချို့ကတော့ ဤသို့မှုခင်း များကို နောက်ကွယ်မှလှုံ့ဆော်သူ များရှိနိုင်သည်ဟု အတွေးနယ်ချဲ့ သည်။ အချို့ကလည်း သမ္မတ ဦးသိန်းစိန် လက်ထက် လွတ်ငြိမ်းချမ်းသာ ခွင့်ပေး ခဲ့သည့် အကျဉ်း သား ၁၁၅၇၄ ဦး ရှိသည့်အနက် လူသတ်မှုကျူးလွန်သူ ၂၃၇၄ ဦး၊ မုဒိမ်းမှုကျူးလွန်သူ ၁၇၂၆ဦး ပါ ဝင်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ပြောကြား သည်ဆိုသော သတင်း တစ်ရပ်ကို ကိုးကား၍လည်း ထောက်ပြကြသည်။ မည်သူကမှ သက်သေသက္ကာယ မပြနိုင်သော် လည်း ထိုသို့သော်တွေးရန်များ ရှိ သော်လည်း အဓိကအားဖြင့် ပြည် သူတို့ လုပ်နိုင်သည်က မိမိတို့တာ မိမိတို့လုံစေရေးဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးသည် အရေး ကြီးသည်ဆိုရာ၌ အစိုးရနှင့်လည်း မပြီး၊ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့ များနှင့် လည်း မပြီးပါ။ မြို့နယ် ရပ်ကွက်ဒေသအာဏာပိုင် အဖွဲ့ အစည်းများ၊ ရပ်ကွက်သူ ရပ်ကွက် သားများနှင့် အိမ်ထောင်စုတိုင်း တွင်လည်း တာဝန်ရှိပါသည်။

သက်ဆိုင်ရာ မြို့နယ်ရပ်ကွက် တို့အလိုက် အသီးသီးတာဝန်သိ စိတ်ဖြင့် ရပ်ကွက်လုံခြုံရေးဆိုင်ရာ အစီအမံများ၊ အကာအကွယ်များ၊ အချက်ပြမှုများ၊ မိမိပတ်ဝန်းကျင် ကို အပြန် အလှန်စောင့်ကြည့်သတိ ပေးမှုများ၊ တရားဥပဒေဘောင်အ တွင်းမှ လုပ်ထုံး လုပ်နည်းနှင့်အညီ စစ်ဆေး စောင့်ရှောက်မှုများကို တစ် နိုင်တစ်ပိုင် လုပ်နိုင်ကြသလို လုပ် ရန်လည်း လိုအပ်နေပြီဖြစ်ပါသည်။

သို့ဖြစ်၍ အကြောင်းအရာ တစ်စုံတစ်ရာ ဖြစ်ပေါ်မှသာ အစ ဆွဲထုတ် အပြစ်ရှာကြခြင်း အစား ဖြစ်ခဲ့သော အဆိုးများကို ဥပမာ ယူကာ အစိုးရကလည်း မြေပြင် အခြေအနေကို စနစ်တကျသိရှိစွာ ညွှန်ကြားခြင်း၊ သက်ဆိုင်ရာတာ ဝန်ရှိ အဖွဲ့အစည်းများအနေနှင့် လည်းအဂတိတရားကင်းစွာ စေတ နာပါပါ ဆောင်ရွက်ခြင်းတို့နှင့် အ များပြည်သူတို့၏ ကိုယ်စီ ကိုယ်င တာဝန်သိစိတ်၊ တာဝန်ယူ စိတ်တို့ ဖြင့် မိမိတို့လုံခြုံရေးသာမက ပတ် ဝန်းကျင် အများပြည်သူတို့၏ လုံခြုံ ရေးကိုပါ အပြန်အလှန် စောင့် ရှောက်ခြင်းဖြင့် ကာ ကွယ်ကြပါစို့ ဟု အလေးအနက် တိုက်တွန်း လိုက်ရပါသည်။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*