မြန်မာ၊ တရုတ်၊ အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေး

မြန်မာ၊ တရုတ်၊ အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေး
August 26, 2016 Asian Fame

11:47 am
မြန်မာ၊ တရုတ်၊ အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေး
In Articles

‘ဂျီတူး’ ဟုအလွယ်ခေါ်လေ့ရှိ ကြသော ကမ္ဘာ့မဟာအင်အားကြီး နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး သည် မြန်မာနိုင်ငံ ၏ နိုင်ငံခြားဆက် ဆံရေး တွင် အဓိကနေရာမှ ပါဝင်နေကြောင်း အထူးပြောရန် လိုမည်မထင်ပါ။ အစိုးရသစ် တက် လာပြီးနောက်ပိုင်း နိုင်ငံခေါင်း ဆောင်တို့ ယင်းနှစ်နိုင်ငံအနက် မည်သည့်နိုင်ငံ ကို ဦးစွာ သွား ရောက်မည် ဆိုသည့် ကိစ္စကို လေ့ လာသူအများက စိတ်ဝင်စားခဲ့ကြ သည်။ သံတမန်ထုံးတမ်းအရ အ လေးအထားဆုံး နိုင်ငံကို အဦးဆုံး သွားရောက်လေ့ရှိေ သာေ ကြာင့် ဖြစ်သည်။ အစိုးရသစ်အနေဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ် သော လာအိုသို့ ပထမဦးဆုံးသွား ရောက်ခဲ့ခြင်းဖြင့် ယင်းမေးခွန်းကို ပါးနပ်စွာ ရှောင်လွှဲနိုင်ခဲ့ သည် ဟု ထင်ပါသည်။

ယခု တရုတ်နိုင်ငံသို့ ဒေါ် အောင်ဆန်းစုကြည် အလည်အပတ်သွားရောက်မည်ဆိုခြင်းမှာ သံတမန်ထုံးတမ်းအရ တရုတ်နိုင်ငံ ဘက်မှ အထူးတမန် အဖြစ် နိုင်ငံ ခြားရေး ဝန်ကြီး ကိုယ်တိုင် အစိုးရ သစ် တာဝန်ယူပြီးလျှင် ပြီးချင်း အဦးဆုံး လာရောက်ဖိတ်ကြားထား ခြင်းဖြစ်သောကြောင့် တရုတ်နိုင်ငံ ကို ဦးစွာသွားရောက်ခြင်းမှာ ထုံးတမ်းနှင့်အ ညီပင် ဖြစ် သည်ဟု ဆို နိုင်သည်။ အမေရိကန်တို့ကလည်း ဒုတိယ အမျိုးသားလုံခြုံရေး အကြံ ပေးပုဂ္ဂိုလ်ကို စေလွှတ်၍ ဖိတ် ကြားထားသဖြင့် အမေရိကန်သို့ လည်း နောက်ပိုင်း တွင် ဦးစားပေး ၍ သွားရောက်လိမ့်မည်ဟု ယူဆ ရသည်။ မည်သို့ပင်ဖြစ်စေ အကဲ ဆတ်လှသော နိုင်ငံတကာ ဆက် ဆံရေးနယ်ပယ်တွင် ဆင်ခြင်တုံ အသိတရားဖြင့် မျှမျှတတ စဉ်းစား ဆုံးဖြတ်နိုင်ခြင်းမှာ အကောင်းဆုံး ဖြစ်သည်။

တရုတ်၊ အမေရိကန်နှင့် မြန်မာ အကျိုးစီးပွားနောက်ခံ

အမေရိကန်တို့ အရှေ့တောင် အာရှဒေသကို စတင်၍ စိတ်ဝင် တစား ပါဝင်ပတ်သက်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ အင်အားကြီးအဖြစ်မှ ဆုတ်ခွာသွား သော ဗြိတိသျှတို့၏နေရာတွင် အ စားထိုးဝင်ရောက်လာသောအခါ ကျမှဖြစ်၏။ သို့သော် မြန်မာနိုင်ငံ နှင့် အမေရိကန်တို့ ထိတွေ့မှုမှာမူ ဒုတိယကမ္ဘာစစ်အတွင်းကပင် စတင်ခဲ့သည် ဟုဆိုနိုင်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း တရုတ်-ဂျပန် စစ်ပွဲများ၌ တရုတ်ဘက်ကို နောက် ကြောင်းမှနေ၍ လက်နက်ခဲယမ်း နှင့်စားနပ်ရိက္ခာများ ဖြည့်တင်းပေး ရန်ဖောက်လုပ် ခဲ့သည့် စတီးဝဲလ် လမ်းမခေါ် လီဒိုလမ်းမသည် အ မေရိကန်ဗိုလ်ချုပ် စတီးဝဲလ်၏ အ မည်ကိုစွဲယူခေါ်တွင်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်စတီးဝဲလ်သည် တရုတ်ကူ မင်တန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်၏ အဓိကစစ်ရေးအ ကြံပေးနှင့် မဟာမိတ်တစ်ဦး ဖြစ် သည်။ ယင်း၏ ကွပ်ကဲမှုအောက် တွင် ‘မရီးလ် ပရောက်ဒါ’ ခေါ် အမေရိကန် အထူးတပ်ဖွဲ့များ သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကချင် ဒေသခံတိုင်းရင်းသားများနှင့် တွဲ ဖက်၍ ဂျပန်ဆန့်ကျင်ရေးစစ်ဆင် မှုများ ကို ပြုလုပ်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ် နောက်ပိုင်း တွင်မူ အသစ်ပေါ်ထွန်းလာသော ကွန်မြူနစ်တရုတ်ပြည်နှင့် ကမ္ဘာ့ မဟာအင်အားကြီး အမေရိကန်တို့ ၏ စစ်အေးကာလ အားပြိုင်မှု တွင် မြန် မာနိုင်ငံက နယ်ရုပ်အဖြစ်ပါဝင် ခဲ့ရသည်။ ယူနန်စစ်မျက်နှာမှဆုတ် ခွာထွက်ပြေးလာခဲ့ကြသော တရုတ် ဖြူကူမင်တန်တပ်မ(၉၃)သည် ရှမ်း ပြည်နယ် ၌ ခြေကုပ် ယူလျက် နယ် စပ်တစ်ဖက်ရှိ ထိုင်းနိုင်ငံ၌ အခြေ ပြုသော အမေရိကန်ဆီးတိုးစစ်ဌာန ချုပ်နှင့်ဆက်သွယ်ကာ ထောက်ပံ့မှု များရယူခဲ့သည်။ ထိုကာလ၌လွတ် လပ်ပြီး စ မြန်မာနိုင်ငံ အနေဖြင့် တစ်ဖက်မှ နိုင်ငံတကာ သံတမန် နည်း၊ စစ်ရေးနည်းလမ်းများဖြင့် တရုတ်ဖြူတပ်များကို မြန်မာ့မြေ ပေါ်မှ တွန်းလှန်ဖယ်ရှားခဲ့ရသည်။ တရုတ်ဖြူ တို့ကို နောက်ကွယ် မှ ထောက် ပံ့အားပေးခဲ့သော အမေရိ ကန်တို့နှင့်လည်း လေကြောင်းတိုက် ပွဲတစ်ရပ်ပင် ဆင်နွှဲခဲ့ရသေးသည်။ ထိုတိုက်ပွဲတွင် မြန်မာ့လေသူရဲ ဗိုလ်ပီတာ ကျ ဆုံးခဲ့ ရပြီး အရှေ့ တောင် အာရှတွင် စစ်ပြီးခေတ်၌ ပထမဆုံး လေကြောင်း တိုက်ပွဲဖြစ် သည်။ အခြားတစ်ဖက်၌လည်း တရုတ်ဖြူတပ်များ ဆုတ်ခွာ သွား သော နေရာတွင် မိမိနိုင်ငံ၏ ပိုင် နက်နယ်မြေကို ထိန်းသိမ်းစောင့် ရှောက်နိုင်ရန် ကြိုးပမ်းရပြန်သည်။ ဗြိတိသျှကိုလိုနီ လက်ထက်ကပင် မပြီးပြတ်ခဲ့သော နယ်နိမိတ်သတ် မှတ်ရေး ကိစ္စ များကြောင့် သူ့ဘက်၊ ကိုယ့်ဘက် မကွဲပြားသော နေရာ အချို့တွင် တရုတ်နီ(ပီအယ်လ်အေ) တပ်အချို့နှင့် မြန်မာ့တပ်မတော်တို့ ထိပ်တိုက်ရင်ဆိုင်ရမှုများ ရှိခဲ့သည်။ ထို့ ကြောင့် တရုတ်-မြန်မာ နယ်နိ မိတ်သတ် မှတ်ရေးကို ‘ဘဘ’ စစ် ဆင်ရေးဖြင့် တရုတ်-မြန်မာ နှစ် နိုင်ငံပူးပေါင်း၍ ၁၉၅ဝ ပြည့်လွန် နှောင်းပိုင်းနှစ်များတွင် အရေးတ ကြီး လုပ်ဆောင် ခဲ့ရသည်။ ၁၉၆၂ ခုနှစ် တွင် တရုတ်-အိန္ဒိယ နယ်မြေ အငြင်းပွားမှုမှစတင်၍ နယ်စပ် ကန့်သတ်စစ်ပွဲတစ်ပွဲ ဖြစ်သွားခဲ့ သည်။ အင်အားချင်း ကွာခြားလှ သော တရုတ်နှင့်မြန်မာ တို့အကြား မိုင်ထောင်ချီ ရှည်လျားလှသော နယ်နိမိတ်တစ်လျှောက် အနည်း ငယ်မျှသောပြဿနာများကို အောင် မြင်စွာ ဖြေရှင်းလျက် ငြိမ်းချမ်းစွာ တိုင်းတာ သတ်မှတ်နိုင် ခဲ့သည်မှာ ထိုခေတ်ကနှစ်နိုင်ငံ ခေါင်းဆောင် အချင်းချင်း ခင်မင်ရင်းနှီးမှုနှင့် အ ပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင် မှုတို့ကြောင့် ဖြစ်သည်။

ko ko hlaing2

 ၁၉၆ဝ နှင့် ၁၉၇ဝ ပြည့်လွန် နှစ်များတွင်မူ တရုတ်-မြန်မာဆက် ဆံရေးမှာ ထိုစဉ်က တရုတ်နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးနှင့် ဒေသတွင်း မူဝါဒတို့၏ အရှိန်ရိုက်ခတ်ခြင်း ခံ ရပြီး ခပ်တန်းတန်းဖြစ်သွားခဲ့သည်။ တစ်ချိန်က ဘက်မလိုက်လှုပ်ရှားမှု နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်မှုများတွင် ဦးဆောင်ခဲ့ပြီး အိမ်နီးချင်း ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် သင့် တင့်စွာ ဆက်ဆံလိုသော သဘောထားပျော့ပျောင်းသည့် တရုတ်ခေါင်း ဆောင်များမှာ သဘောထားတင်း မာသူများ၏ မဟာပစ္စည်းမဲ့ ယဉ် ကျေးမှုတော်လှန်ရေး ၌ ဖောက်ပြန် ရေးဝါဒီ များအဖြစ် စွပ်စွဲခံခဲ့ရပြီး ဖယ်ရှားသုတ်သင်ခံရခြင်း၊ ဘေး ဖယ်ချောင်ထိုးခံရခြင်းများဖြင့် ကြုံ တွေ့ခဲ့ကြရသည်။ ထိုကာလတွင် တရုတ်-မြန်မာ အဓိကရုဏ် ဖြစ်ပွား ခဲ့ပြီးနောက် ပိုင်း ၁၉၆၉ ခုနှစ်မှ စ၍ တရုတ်နယ်စပ်ဒေသ၌ ဗမာ ပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက် စစ်ဒေသ ပေါ်ပေါက်လာကာ ရှမ်း ပြည်နယ် တစ်ခွ င်နှင့် ကချင်ပြည် နယ် အရှေ့ပိုင်း၌ စစ်မီးတောက် လောင်ခဲ့ရသည်။ ထိုစဉ်က စစ်ပွဲသုံး လက်နက်ခဲယမ်းနှင့် စစ်ပစ္စည်း များကို အမေရိကန်အပါအဝင် အခြားနိုင်ငံများမှ ဝယ်ယူ သုံးစွဲခဲ့ရ သော်လည်း ဘက် မလိုက်ရေးမူကို မထိခိုက်စေရန် အထူးသတိထား လုပ်ဆောင်ခဲ့ရသည်။ အကြောင်း မှာ ထိုစဉ်က စစ်အေးခေတ် ဘက် နှစ်ဖက် အကြား မြေစာပင်ဖြစ်ခဲ့ကြရသော တောင်နှ င့်မြောက် ဗီယက် နမ်၊ တောင်နှင့်မြောက် ကိုရီးယား တို့၏ ကံကြမ္မာမျိုးနှင့် မကြုံတွေ့လို သောကြောင့် ဖြစ်သည်။

၁၉၇ဝ နှောင်းပိုင်းနှင့် ၁၉၈ဝ ပြည့်လွန်နှစ်များတွင်မူ စစ်အေး ကာလနှောင်းပိုင်း မဟာဗျူဟာအ ပြောင်းအလဲများက လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ ၁၉၇၈ ခုနှစ် တွင် တရုတ်နိုင်ငံ က ပုံမှန်ကွန်မြူ နစ်ပုံစံမှ လေးမျိုးခေတ်မီရေး အစီ အစဉ်များချမှတ်၍ လမ်းခွဲထွက်ကာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်လာခဲ့သည်။ ၁၉၇၉ ခု နှစ်တွင် တရုတ်နှင့် အမေရိကန်အ ကြား သံတမန်ဆက်သွယ်မှု စတင် ခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့ အကြားဆက်ဆံရေး အကောင်းဆုံး ကာလတစ်ခု ဖြစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အရှေ့မြောက်စစ်ဒေသရှိ ဗကပ(ဗဟို)မှ ခေါင်းဆောင်အချို့  နှင့်မြန်မာအစိုးရတို့ လားရှိုး၌ ငြိမ်း ချမ်းရေးတွေ့ဆုံ ဆွေးနွေးခဲ့သည်။ သို့သော်မအောင်မြင်။ ၁၉၈၅ ခု နှစ်တွင် တရုတ် ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ်ပါတီအား ဆက် လက်၍ ငွေကြေးပစ္စည်း ထောက်ပံ့ ခြင်း မပြုနိုင်တော့ကြောင်း အ ကြောင်းကြားကာ ထောက်ပံ့မှုများ ကို ဖြတ်တောက် လိုက်သည်။ တရုတ် နှင့် မြန်မာအစိုးရနှစ်ရပ်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာသည်။ ၁၉၈၈ ခုနှစ်တွင် တရုတ် -မြန်မာ နယ်စပ်ကုန်သွယ်ရေးကို စတင်ခွင့်ပြုခဲ့သည်။

တရုတ်-မြန်မာ ဆက်ဆံရေး ကောင်းမွန်လာချိန်တွင် နှစ်နိုင်ငံ စလုံးနှင့် အမေရိကန်တို့၏ ဆက် ဆံရေးမှာ မြန်မာနိုင်ငံ၌ ၁၉၈၈ ခု နှစ် အရေးအခင်းနှင့် တရုတ်နိုင်ငံ၌ ၁၉၈၉ ခုနှစ် တီယန်အန်မင် အရေး အခင်းတို့ကြောင့် အကြီးအကျယ် ထိခိုက်ယိုယွင်းသွားခဲ့သည်။   တရုတ် နှင့်အမေရိကန်မှာ စီးပွားရေးအရ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မှီခိုနေရပြီး အင်အားကြီးသူချင်း လည်းဖြစ်၍ နိုင်ငံရေး မသင့်မြတ် သည့်တိုင် ‘မချစ်သော်လည်း အောင့် ကာနမ်း’နေနိုင်ကြသေးသည်။ မြန် မာနိုင်ငံအတွက်မှာမူ အမေရိကန် ၏ စီးပွားရေးအကျိုးစီးပွားလည်း မရှိ၊ အင်အားအရလည်း အားနည်း သော ပစ်မှတ်အပျော့စား (Soft Target) ဖြစ်နေသောကြောင့် ၁၉၉၅ ခုနှစ် မှစ၍ အမျိုးစုံလှသော ပိတ်ဆို့မှု၊ ဖိအားများနှင့် ရင်ဆိုင် ခဲ့ရသည်။ အီရတ်၊ မြောက်ကိုရီး ယားတို့နှင့် တန်းတူ ကြမ်းကြုတ်ဆိုး သွမ်းနိုင်ငံ(Rogue State) စာရင်း သွတ်သွင်း၍ အုပ်စိုးသူအပြောင်း အလဲ (Regime Change) လုပ် ဆောင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း ခဲ့သည်။ ဤအခြေအနေကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် ကုလ သမဂ္ဂ၌ ဗီတိုအာဏာရှိသည့် တရုတ် နိုင်ငံနှင့် ပိုမို ထိတွေ့ဆက်ဆံကာ သံတမန်ရေး အကာအကွယ်ယူခဲ့ရ သည်။ စီးပွားရေးအရလည်း ကမ္ဘာ့စီးပွားရေးအင်အားကြီးဖြစ်လာ သော တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်း ဆောင်ရွ က် ခဲ့ရ သည်။
ko ko hlaing1
အပြောင်းအလဲအစ

အမေရိကန် တွင် ၂ဝဝ၈ ခုနှစ် ရွေးကောက်ပွဲ၌ ဒီမိုကရက် သမ္မတ အိုဘားမား အနိုင်ရရှိခြင်း၊ မြန်မာ နိုင်ငံတွင်၂ဝ၁ဝ ပြည့်နှစ်၌ အထွေ ထွေရွေးကောက်ပွဲ ကျင်း ပ၍ နှစ် ပေါင်းများစွာအတွင်း ရွေးကောက် ခံသမ္မတနှင့် အစိုးရသစ်တက်ရောက် လာခြင်းတို့က အမေရိကန်-မြန်မာ ဆက်ဆံရေးတွင် ထင်ရှားသိသာ သော အပြောင်း အ လဲ တစ်ရပ် ဖြစ် ပေါ်လာစေခဲ့သည်။သမ္မတ အိုဘားမားအနေဖြင့် ယခင် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် ကျင့်သုံးခဲ့သော တစ်ဖက်သတ် ဖိ အားပေးပိတ်ဆို့မှုဖြင့် အုပ်စိုး သူ ပြောင်းလဲေ ရးမူဝါဒမှ ပိုမိုလက်တွေ့ ကျသော ဆုပေး၊ ဒဏ်ပေးဆက်ဆံ ရေးမူဝါဒ ပုံစံသို့ ပြောင်းလဲခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် အာဏာရရှိလာ သည့် ရွေးကောက် ခံမြန်မာ အစိုးရ သစ် လက်ထက်၌ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်မှု အ ခြေအနေပေါ်မူတည်၍ ဆက်ဆံ ရေး၌ ဖြေလျှော့မှုများ ပြုလုပ်လာခဲ့ သည်။

သံအမတ်အဆင့်ဆက်သွယ် မှုကိုပြန်လည်ထူထောင်ခြင်း၊ သမ္မတ အိုဘားမားကိုယ်တိုင် မြန်မာနိုင်ငံ သို့ နှစ်ကြိမ်လာရောက်လည်ပတ်ခဲ့ ခြင်းများအပါအဝင် ထင်ရှားသိသာ သည့် သံခင်းတမန်ခင်းလုပ်ရပ်များ ဖြစ် ပေါ်လာခဲ့သကဲ့သို့ စီးပွားရေး၊ ယဉ်ကျေးမှုစသည့် အခြားမျက် နှာစာများ၌ လည်း နွေးထွေးမှု များ ပြန်လည် စတင်လာခဲ့သည် ။ထို ကာလတွင် တရုတ်-မြန်မာ ဆက်ဆံရေး၌မူ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့ပေ။ ၂ဝ၁၁ ခုနှစ် ပထမဆုံးရွေးကောက်ခံ အစိုးရ တက်လာပြီး မကြာမီမှာ ပင် မြန်မာ နှင့်တရုတ် နှစ်နိုင်ငံအကြား မဟာ ဗျူဟာမိတ်ဖက် ပူးပေါင်းဆောင် ရွက်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ သို့ရာတွင် ထိုနှစ် စက်တင်ဘာလ တွင် မြစ်ဆုံရေကာတာ လျှပ် စစ် စီမံ ကိန်းအား မြန်မာဘက်မှ ရပ်ဆိုင်း လိုက်ခြင်း၊ မုံရွာကြေးနီစီမံကိန်း၌ ဒေသခံများနှင့် ပြဿနာ ကြီးထွား လာခဲ့ခြင်း စသည့်ဖြစ် ရပ်များကြောင့် နှစ်နိုင်ငံဆက် ဆံရေးတွင် အဖုအထစ်များ ဖြစ်ပေါ်ခဲ့သည်။ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုတွင်လည်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က မြန်မာနိုင်ငံ သို့ တရုတ်နိုင်ငံမှ လာရောက် ရင်းနှီး မြှုပ်နှံ မှု သည် ဒေါ်လာ ၈ ဘီလျံ ကျော် ရှိခဲ့ရာမှ တရုတ်လုပ်ငန်းရှင် တို့၏ စိုးရိမ်ပူပန်မှုကြောင့် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ဒေါ်လာ သန်း ၁ဝဝ အောက်အထိ ကျဆင်းသွား သည်။ တရုတ် ရင်းနှီးမြှုပ်နှံမှု အချို့မှာ ဟောင်ကောင်-စင်ကာပူဘက် မှ လှည့်ဝင်လာကြသော်လည်း ပေါ် ပေါ်ထင်ထင် တရုတ်နာမည်မခံလို သည်ကို တွေ့ရသည်။ လုံခြုံရေး ကဏ္ဍ၌လည်း တရုတ်-မြန်မာ နယ် စပ်တွင် ကိုးကန့်အရေးအခင်းကဲ့သို့ ကိစ္စရပ်များဖြစ်ပွားခဲ့ခြင်းက နှစ် ဖက်ဆက်ဆံရေးတွင် အထစ် အ ငေါ့များ ဖြစ်စေခဲ့သည်။ မည်သို့ပင် ဖြစ်စေ အစိုးရ ချင်းဆက်ဆံရေး၊ သံခင်းတမန်ခင်း ဆက်ဆံရေး၌ မူ ပုံမှန်တိုးတက်မှုများ ရှိခဲ့ပြီး မြန်မာ အစိုးရ၏ လိုအပ်သော အကူ အညီ များ (ဥပမာ ဆီးဂိမ်းဖွင့်ပွဲအခမ်းအ နား)တွင် တရုတ်ဘက်မှ မဆိုင်းမတွ ကူညီပေးခဲ့သည်ကို တွေ့ရသည်။

မဟာဗျူဟာအကျိုးစီးပွား

ဤသို့သော အခြေအနေတွင် ၂ဝ၁၆ ခုနှစ်၌ NLD အစိုးရသစ် ရွေးကောက်ပွဲ အနိုင်ရရှိပြီး အာ ဏာရလာခဲ့ရာ တရုတ်-အမေရိ ကန်-မြန်မာ သုံးပွင့်ဆိုင် ဆက်ဆံ ရေးမှာ မည်သို့ဖြစ်ပေါ်လာမည်ကို လေ့လာသူအများက စိတ်ဝင်တ စား စောင့်ကြည့်နေခဲ့ကြသည်။ တရုတ်နိုင်ငံဘက်မှလည်း ဒီမိုက ရေစီ အစိုးရလက်ထက်တွင် အ နောက်ဘက်သို့ ပိုယိမ်းသွားလေ မည်လောဟူသော စိုးရိမ်မှုဖြင့် မျက်စိဒေါက်ထောက် ကြည့်နေ မည်မှာမလွဲပေ။ အထူးသဖြင့် တောင်တရုတ်ပင်လယ်ကိစ္စ၌ ထိပ်တိုက်တွေ့ကာ တင်း မာနေကြသော ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံတို့၏ အားပြိုင်မှုသည် တရုတ်နိုင်ငံ၏ ‘မဟာဗျူဟာမလွယ်ပေါက်’ ဖြစ် သည့် မြန်မာနိုင်ငံဘက်သို့ ကူမင် တန် အရေးအခင်း ကာ လကဲ့သို့ ကူး စက်ရောက်ရှိလာမည်လော ဟု လည်း တွေးချင့်စရာ ဖြစ်နေသည်။မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ ၏ မဟာဗျူဟာ အကျိုးစီးပွားဘက် မှ ကြည့်လျှင် အမေရိက န်နှင့်ရော တရုတ်နှင့်ပါ သင့်မြတ်စွာ ပေါင်း သင်းဆက်ဆံရမည့် အကြောင်း အချက်များ ရှိနေသည်။

အမေရိကန်တို့နှင့် ပတ်သက် ၍ လက်ရှိအခြေအနေအထိ အမေ ရိကန်တို့၏ ပိတ်ဆို့မှုများကို လျှော့ ပေါ့ပေးခြင်းသာ ရှိသေးပြီး လုံးဝ ဥဿုံ ဖယ်ရှားနိုင်ခြင်းမရှိသေးပေ။ ဤအခြေအနေ၌ နိုင်ငံတကာနှင့် စီးပွားရေးအရ ဆက်သွယ် ဆောင် ရွက်ရာတွင် အခက်အခဲများစွာရှိနေ ဆဲဖြစ်သည်။ အမေရိကန်စီးပွား ရေးလုပ်ငန်းကြီး အများစုမှာလည်း ပိတ်ဆို့မှုများ ရာနှုန်းပြည့်ကင်းရှင်း မသွားမချင်း စိတ်ချလက်ချဝင် ရောက်လာဖွယ်မရှိသေးပေ။ထို့အ ပြင် နိုင်ငံတကာမျက်နှာစာ၌ မြန်မာနိုင်ငံအပေါ်တစ်ဖက် သတ်အ မြင်လွဲ မှားနေသည့် ကိစ္စများစွာကို ရှင်းထုတ်ပစ်ရေးမှာလည်း အမေရိ ကန်တို့၏ နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုလိုအပ်မည် ဖြစ်သည်။ တစ်ချိန်တည်း ၌ မြန်မာနိုင်ငံ အနေဖြင့် ပထဝီနိုင်ငံရေးအရ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၃ဝဝ ခန့် ရှည်လျားစွာ ဆက်စပ်နေပြီး ကမ္ဘာ့လူဦးရေအများဆုံး၊ စီးပွား ရေးအင်အားတွင် ဒုတိယ အတောင့် တင်းဆုံး၊ စစ်သည်အင်အားတွင် ကမ္ဘာပေါ်၌ အများဆုံးဖြစ်သည့် အိမ်နီးချင်းတရုတ်နိုင်ငံနှင့် မဖြစ် မနေ သင့်မြတ်အောင်နေမှ အကျိုး ရှိမည့် ပကတိလိုအပ်ချက်က ရှိနေ ပြန်သည်။ စီးပွားရေးအရလည်း ယနေ့ထက်တိုင် ပမာဏအကြီးမား ဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုတွင်လည်း ဆယ်စုနှစ်အ တွင်း အကြီးမားဆုံး ရင်းနှီးမြှုပ်နှံ သူ ဖြစ်နေဆဲပင်။ အခြေခံအဆောက် အအုံလို အပ်ချက်ကြီးမားလှသော မြန်မာ နိုင်ငံအတွက် တရုတ်တို့က ကမကထ ပြုထူထောင်ထားသည့် အာရှအခြေခံ အဆောက် အအုံနှင့် ရင်းနှီးမြှုပ်နှံမှု ဘဏ်(AIIB) ကဲ့သို့ ဘဏ္ဍာရေးအဖွဲ့အစည်းများကို ပစ်ပယ်၍ မရနိုင်ပေ။ လုံခြုံရေးနှင့် ပတ်သက်၍လည်း တရုတ်နယ်စပ် တစ်လျှောက်ရှိ တိုင်းရင်း သားလက် နက်ကိုင် အဖွဲ့အစည်းများမှာ တစ် ဖက်နိုင်ငံနှင့် မကင်းနိုင်ကြသူများ ချည်းဖြစ်ရာ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်တွင် ကြီးမားစွာသက်ရောက် မှုရှိမည် မှာ ငြင်းနိုင် ဖွယ်မရှိချေ။ သစ်နှ င့် ကျောက်စိမ်း တရားမဝင် ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးထုတ် လုပ်မှု၊ လက်နက်မှောင်ခိုမှု၊ လူ ကုန်ကူးမှုစသည့် တရား မဝင် နိုင်ငံ ဖြတ်ကျော် မှုခင်း ကိစ္စ ပြဿနာများ စွာ မှာလည်း တရုတ်-မြန်မာ နှစ် နိုင်ငံနယ်စပ်တွင် ပမာဏကြီးမား စွာ ပေါ်ပေါက်လျက်ရှိရာ နှစ်နိုင်ငံ အကြားအမှန်တကယ် ထိထိရောက် ရောက် ပူးပေါင်းဆောင်ရွက်မှုမရှိ ဘဲ ဖြေရှင်း၍ရနိုင်မည် မဟုတ်ပေ။

တရုတ်နိုင်ငံဘက်မှလည်း မြန် မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန် ရန် မဟာဗျူဟာအရ အမျိုးသားအ ကျိုးစီးပွား လိုအပ်ချက်များရှိနေသည်။ တရုတ်နိုင်ငံ၏ အဓိကစီမံ ကိန်ြး ဖစ်သော ‘ရပ်ဝန်းတစ်ခု-လမ်းကြောင်းတစ်သွယ်’ စီမံချက်(Belt and Road Initiative) ၌ မြန်မာနိုင်ငံသည် တောင်အာရှ၊ အ ရှေ့တောင်အာရှတို့အကြား ပေါင်း ကူးနေရာဖြစ် ၍လည်းကောင်း၊ တရုတ်နိုင်ငံ အနောက်တောင်ဘက် မှ အိန္ဒိယသမုဒ္ဒရာသို့ မဟာဗျူဟာ ထွက်ပေါက်ဖြစ်နေ၍လည်းကောင်း အထူးအရေးပါနေသည်။ အထူးသ ဖြင့် တောင်တရုတ် ပင်လယ်၌ ရေ ကြောင်းပိတ်ဆို့မှုများဖြင့် ကြုံရပါ က ကျောက်ဖြူ-ကူမင်တန် ရေနံ နှင့်ဓာတ်ငွေ့ ပိုက်လိုင်းသည် အသက်ကယ်လမ်းကြောင်း ဖြစ်လာ ဖွယ်ရှိ မည့် အတွက် အရေးပါနေ ခြင်းဖြစ်သည်။ ထို့အပြင် ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သော ကုန်းတွင်း ပိုင်းပြည်နယ်များအတွက် မြန်မာ နိုင်ငံအပါအဝင် တောင်ဘက်နှင့် အနောက်ေ တာင်ဘက် အိမ်နီးချင်း နိုင်ငံများသည် အရေးပါသောဈေး ကွက်နှင့် ကုန်ကြမ်းအရင်းအမြစ် များ ဖြစ်နေသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေ ဖြင့် ဤအားသာချက်များကို ကိုင် စွဲ၍တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တွင် ကောင်းမွန်သော အပြန်အ လှန် စေ့စပ်ဆွေးနွေးမှုများကို ပြု လုပ်သွားနိုင် ဖွယ်ရှိသည်။ တရုတ် တို့ကို တစ်ဖက်သတ်ဦးစားပေးခြင်း၊ မျက်နှာသာပေးခြင်း (သို့မဟုတ်) လုံးဝဆန့်ကျင် ပစ်ပယ်ထားခြင်းဟူ သည့် အစွန်းတရားများကို ရှောင် ရှား၍ နိုင်ငံ တကာစံထုံးလုပ်နည်း များနှင့်အညီ သင့်လျော်မှန်ကန် မျှတသော စီးပွားရေးဆက်ဆံမှုများ ကို ထူထောင်သွားသင့်သည်။ကမ္ဘာ့အင်အားကြီး နှစ်ခုအ ကြား မဟာဗျူဟာ အား ပြိုင်မှုနှင့် ပတ်သက်၍မူ ‘ဓားခုတ်ရာ လက် ဝင်မလျှိုမိစေရန်’ အထူးသတိထား ၍ တည်တည်ငြိမ်ငြိမ် ရှင်းရှင်းလင်းလင်း နေထိုင်ပြုမူ ဆက်ဆံသင့်လှ သည် ။ နှစ်ဖက် စ လုံးနှင့် မိတ်မပျက် အောင် ထိန်းထိန်းသိမ်းသိမ်းဆက် ဆံရင်း ခေတ်အဆက်ဆက် မြန်မာ အစိုးရအသီးသီး လက်ကိုင်ပြုခဲ့ သော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်ရေးမူကြီး များကို အခြေခံလျက် မိမိနိုင်ငံ၏ အကျိုးစီးပွားအတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားသင့်ပါ သည်။ အထူးသဖြင့် ယနေ့ကာလ တွင် ကမ္ဘာ့မဟာဗျူဟာ အနေ အထား မတည်ငြိမ် မှု များနှင့် လုံခြုံ ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ တိုး ပွားလာနေရာ မိမိနိုင်ငံမှာလည်း အကူးအပြောင်းကာလ ဖြစ်နေသည် နှင့်အညီ အထူးသတိရှိစွာ ချင့်ချင့် ချိန်ချိန် လှုပ်ရှား သင့်ပါကြောင်း တင်ပြလိုက်ရပါသတည်း။

ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*