အာရုံနစ်မျောမှု နဲ့ စွဲလမ်းစိတ်

အာရုံနစ်မျောမှု နဲ့ စွဲလမ်းစိတ်
August 26, 2016 Asian Fame

3:05 pm
အာရုံနစ်မျောမှု နဲ့ စွဲလမ်းစိတ်

additငယ်စဉ် မွေးစ ကတည်း ကနေ အရွယ်ရောက် ဆယ်ကျော်သက် လူငယ်ဘဝ ဖြတ်သန်း ကြတဲ့ အချိန်၊ သက်လတ်ပိုင်း အရွယ်၊ သက်ကြီး အရွယ်တွေ အထိ လူသားတွေ အားလုံး ဟာ မိမိတို့နှစ်သက်ရာ စွဲမက်စိတ်၊ စွဲလမ်းစိတ်တွေ ကိုယ်စီ နဲ့ ဖြတ် သန်း နေကြ ရတာဖြစ်ပါတယ်။ ငယ်စဉ်ဘဝ ကို ဖြတ်သန်းချိန်မှာ အရုပ် နဲ့ဆက် စပ် ကစားစရာတွေက ငယ်စဉ်ဘဝ အတွက် စွဲလမ်းမှု၊ အရွယ်ရောက် ဆယ်ကျော်သက် ဖြစ်လာချိန်မှာ ဂိမ်း တွေ ဆော့ကစားရတာက ဆယ် ကျော်သက်တွေ အတွက် ထိုင်ရာက နေမထတဲ့ စွဲလမ်း တပ်မက် မှုတွေပါ ။အရွယ် သုံးပါးလုံးမှာ သူ့အရာနဲ့သူ့ ကိုယ်ပိုင် ကြိုက်နှစ်သက် စွဲလမ်းမိစေ တဲ့ အကြောင်းအရာ များစွာ ရှိနေ တတ်ပါ တယ်။

တချို့ဆိုရင် မိမိရဲ့ အလုပ် ကိစ္စ တွေကို တပ်မက်စွဲလမ်းမှုတွေဖြစ်ကာ ညဘက် အိပ်ရာဝင် ချိန်မှာ တောင် အိပ်မက်တွေအဖြစ် အသက်ဝင် လာ ပြီး အလုပ် ကိစ္စတွေကို လုပ်နေတဲ့ အလား ထင်မြင်ယောင်တတ် ကြပါ တယ်။ အိပ်ရာကနေ နိုးထလာမှ သာ အိပ်မက် ပါလား ဆိုပြီးတော့မှပဲ ပြန်ပြုံးဖြစ်မိခဲ့ကြတဲ့သူတွေ ဒီကမ္ဘာ လောကမှာ ဒုနဲ့ဒေးရှိပါတယ်။

မီဒီယာ ကုမ္ပဏီ တစ်ခုက ဝန်ထမ်း တစ်ဦးဖြစ်တဲ့ မကေကေကတော့ အခုနောက်ပိုင်း သူ့ကို ဆွဲဆောင်ညှို့ ယူထားတဲ့အရာ ကတော့ facebook ပါလို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

“တစ်ရက် မကြည့်လိုက်ရရင်ကို မနေနိုင်ဘူး။ အိပ်ရာနိုးတာ နဲ့ ဖေ့စ် ဘုတ်ဖွင့်တယ်။ တစ်ခါ တစ်ခါ ဖေ့စ် ဘုတ်ကြီးကိုများ ချစ်မိနေပြီ လားလို့ ထင်မိတယ်။ ဖေ့စ်ဘုတ်ကို စပေါ် ကတည်းက သုံးလာတာ ဒီနေ့ထက် ထိပဲ။ ထမင်းမေ့၊ ဟင်းမေ့ပေါ့။ သူငယ်ချင်းတွေနဲ့ ချိန်းတွေ့ လို့ သူတို့ နောက်ကျနေရင်တောင် စိတ်မဆိုး တတ်တော့ဘူး။ ဖေ့စ်ဘုတ်က အဖော် တစ်ဦးအနေနဲ့ ရှိနေလို့လေ။ ရောဂါ တစ်မျိုးပေါ့။ တစ်ခုရှိတာက ဖေ့စ် ဘုတ်ကို စွဲလမ်းနေတော့ မိသားစု တွေနဲ့လည်း သိပ်စကား မပြောဖြစ် တော့ပဲ နဲ့ စကားပြောတာတွေ နည်း လာတယ်။ သူငယ်ချင်းတွေ နဲ့ တွေ့ ရင်လည်း ဖေ့စ်ဘုတ်ပဲ ပွတ်နေကြ တော့ တော်ကြာ ကိုယ့် ကိုယ်ကိုယ် တောင်မှ စကား မပြော တတ်တော့မှာ တောင် စိုးရိမ်လာတယ်။ တစ်ခါတစ် ခါ စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်သွားတာ မသိ လိုက် ဘူး။ နစ်မျောနေ မိတာ။ နားချိန်ဆိုလို့ အိပ်နေ တဲ့ အချိန်လေးပဲ ရှိတော့တယ်” လို့ မကေကေ ကတော့ ပွင့်ပွင့် လင်းလင်း ဆိုပါတယ်။

တစ်ခါ တစ် ရံ စွဲလမ်းမှုတွေ ကြောင့် မိမိတို့ရဲ့ လူမှု ပတ်ဝန်းကျင်နဲ့ လူမှု ဆက်ဆံ ရေးရာ တွေဟာရာ ခိုင် နှုန်း အားဖြင့် လျော့ကျ နိမ့်ပါး လာတတ်တဲ့ အခြေ အနေကိုတော့ ပြန်လည်ပေး ဆပ်ရ တတ်ပါတယ် ။အထူး သဖြင့် ဒီကနေ့ ခေတ်မှာ ဆိုရှယ် မီဒီယာတွေနဲ့ အင်တာ တိန်းမန့် ပစ္စည်းတွေ ပေါများလာ ခြင်းက လူမှု ဆက်ဆံရေးကို လျော့ကျ ထိခိုက်လာစေနိုင်ပါတယ်။

ဒဂုံတက္ကသိုလ် တတိယနှစ် ကျောင်းသားရဲမင်းဖြိုးကတော့ ငယ်စဉ်ကတည်းက ဂိမ်းဆော့တာကို ဝါသနာပါတဲ့ အတွက် ဂိမ်းအမျိုး အစား စုံလင်စွာ ကို ကစားဖူးတယ် လို့တော့ ဆိုပါတယ်။

“ကျွန်တော် အခု စွဲလမ်းနေတာ ကတော့ ပိုကီမွန်ဂိုးဂိမ်းဗျ။ ဒီဂိမ်းက  ဆော့လို့လည်း ကောင်းတယ်။အိ မ် ထဲမှာနေရင် ဒီကောင်က ဆော့ လို့မရ ဘူးလေ။ အပြင်ထွက် GPS ဖွင့်ပြီးမှ ဆော့ ရတာဖြစ်တော့ ရန်ကုန်မြို့ထဲက လမ်းတွေကိုလည်း ပိုသိရတာပေါ့ဗျာ။ ပိုကီမွန်ဆော့ရင်း နဲ့ ကျွန်တော့်မှာ နောက်ထပ် သူငယ်ချင်းတွေတောင်ထပ်တိုးလာပါသေးတယ်။ အခုတော့ Level 11 ရောက်နေ ပါပြီ” လို့ ရဲမင်းဖြိုး က ပြောပြပေးပါတယ်။

ပိုကီမွန်ဂိမ်းကို ကမ္ဘာအနှံ့ အပြားက ဆယ်ကျော်သက်လူငယ် တွေ အများအပြား ဆော့နေကြပြီး အချို့နိုင်ငံတွေ မှာဆိုရင် လမ်းကူးတဲ့ အခါ၊ သတိထားဖို့တွေ အထိပါ သတိပေးထုတ်ပြန်ချက်တွေ ထုတ် ထားသလို ပိုကီမွန် မဆော့ရနေရာ တွေ ဆိုပြီးတော့ပါ ထုတ်ပြန် ထားတာ တွေ ရှိပါတယ်။အထူးသဖြင့်ကတော့ ပိုကီမွန် ဆော့နေရင်းနဲ့ မတော်တဆ မှုဖြစ်တာတွေ ရှိလာတာကြောင့် အခုလိုမျိုး ထုတ်ပြန်ချက်တွေ ကို ထုတ်ပြန် လာတာဖြစ်ပါတယ်။ ပိုကီမွန်ဂိမ်းက စဆော့ပြီ ဆိုတာနဲ့ စွဲသွားပါတော့တယ်။ ဆော့ကစားတဲ့ သူဟာ လည်း ဂိမ်းထဲက အစီအစဉ် အတိုင်း ပိုကီမွန်ကောင်လေးတွေကို လိုက်ဖမ်းနေရတဲ့ ညှို့ယူခြင်းကို ခံထားရတာမို့လမ်းသွားရင်း တခြား အရာတွေကို ဂရုစိုက်နိုင်မှု အာရုံ လျော့ကျ သွားပါတယ်။ အဲဒီတော့ မမြင်ရတဲ့ အန္တရာယ်တွေဟာ အချိန် မရွေး ဖြစ်သွားနိုင်ပါတယ်။

ထိုင်းကုမ္ပဏီ တစ်ခုဖြစ်တဲ့ Wired ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့  မခြူးရွှေစင် ကတော့ ဂိမ်းတွေ သိပ် မဆော့ဖြစ်ပေမယ့် သူတအား စွဲလမ်း ကြိုက်နှစ်သက်တဲ့ ကိုရီးယားဇာတ် ကားတွေနဲ့ အစီအစဉ်တွေ ကိုတော့ အိမ်ရောက်ရင် တီဗီ နဲ့ကြည့်ဖြစ်သလို လမ်းသွား ရင်းနဲ့တော့ လက်ကိုင် စမတ်ဖုန်းနဲ့ မလွတ်တမ်း ကြည့်ဖြစ် တယ်လို့ ဆိုပါတယ်။

“ကိုရီးယား ဇာတ်ကားတွေ တအားကြိုက်တယ်။ အရင်တုန်းကဆို မထတမ်း ကြည့်ဖြစ်ခဲ့တယ်။ အခု ရုံး အလုပ်တွေ နဲ့ဖြစ်လာမှ နည်း နည်း လျော့သွားတာ။ ဒါပေမဲ့ ကိုရီးယား အစီအစဉ် Running Man ကိုတော့ စကြည့်ဖြစ်တဲ့ အချိန် ကတည်းက ကြိုက်သွားတော့ အခု အချိန် အထိ ထွက်လာသမျှကို မလွတ်တမ်း ကြည့်တယ်။ တောက်လျှောက် အသစ်တွေဘာ ထပ်ထွက်လဲ ဆိုပြီး တော့ Episodes တွေ ကိုစောင့်ကြည့် တယ်။ Running Man ဆိုတာက Reality Show ဖြစ်တဲ့အတွက် ပျော်စရာကောင်းပြီး နာမည်ကျော် တွေရဲ့ ကာရိုက် တာတွေကိုပါ မြင်တွေ့ခွင့်ရတဲ့ အတွက် တအား ကြိုက်တယ် ။စွဲစွဲမြဲမြဲကို ကြည့်တာ ထမင်းမေ့ဟင်းမေ့ပေါ့” လို့ မခြူး ရွှေစင်က ဆိုပါ တယ်။

အစွဲအလမ်း ဆိုတာ လူတိုင်းမှာ ရှိတတ်ပြီး အဲဒီ စွဲလမ်းမှုနောက်ကို လိုက်နေတဲ့ အချိန်မျိုးတွေမှာ ညှို့ယူ ခြင်းခံထားရ သဖွယ် အနီး ပတ်ဝန်း ကျင်အရာ များစွာကို မေ့လျော့သွား တတ်ပါတယ်။ တစ်ခါတစ်ရံ စွဲလမ်းမှု တွေက လူတစ်ဦး အတွက် ခွန်အား သဖွယ် ထမင်းမေ့၊ ဟင်းမေ့ဖြစ်သည် အထိ ဖြစ်စေသလို စွဲလမ်းတတ်မှုဟာ ဘေးအနီး ပတ်ဝန်းကျင်နဲ့ အဆက် အသွယ် ပြတ်သွားနိုင်တဲ့ အထိ လည်း နစ်မျော သွားနိုင်ပါတယ်။ စကားပုံထဲ ကလိုပါပဲ။ “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့အတိုင်း အတိုင်းအတာ တစ်ခု စီနဲ့သွားရင်း လှပတဲ့ ပတ်ဝန်းကျင်တွေ ကို ကိုယ်စီ ပုံဖော်နိုင်မှာ အမှန်ပဲဖြစ် ပါတော့တယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*