သဘာဝဘေး ရေပြင်ကျယ်ထဲက ပရဟိတ လှေငယ်လေးတစ်စင်း

သဘာဝဘေး ရေပြင်ကျယ်ထဲက ပရဟိတ လှေငယ်လေးတစ်စင်း
August 26, 2016 Asian Fame

11:22 am
သဘာဝဘေး ရေပြင်ကျယ်ထဲက ပရဟိတ လှေငယ်လေးတစ်စင်း
In Articles
ဓာတ်ပုံ ကျော်ကျော်

ဓာတ်ပုံ ကျော်ကျော်

လောကတခွင် အမှောင်ထု က ကြီးစိုးနေဆဲ။

လမ်းမထက်မှာလည်း ခွေး တစ်ကောင် ကြောင်တစ်မြီးမျှမရှိ။ နံနက် ၃ နာရီဆိုသည့် ဤအချိန် သည် လောကလူသားတွေအဖို့ အိပ်စက်နားနေရန် အကောင်းဆုံး အချိန်အခါပင်။ သို့ရာတွင်အင်္ကျီ နက်ပြာရောင်ကို တူညီစွာဝတ်ဆင် ထားကြသည့် လူတစ်စုကတော့ အများနှင့်မတူ။ ထိုအမှောင်ထုကို ဂရုမစိုက်အား။ အိပ်မောကျနေ သည့် လောကသားများကို အန်တု လျက် ပျားပန်းခတ်မျှ အလုပ် ရှုပ် နေကြလေသည်။

တာဝန်ကျရာ အလုပ်များအ တွက် ညကတည်းက တစ်ရေးမှမ အိပ်ဘဲ စိတ်စောကာနိုးကြားတက် ကြွနေကြသူများရှိသလို ခဏတ   ဖြုတ် တစ်ရေးမှေးကာ အားမွေးခဲ့ ကြသူများလည်း ပါဝင်လေသည်။ သူတို့ရှေ့တွင်တော့ အစိမ်းရောင် တာလပတ် ဖုံးအုပ်ထားသည့် ဟိုင်း ဝေးသွား ကုန်စည်ပို့ဆောင်ရေးကား ကြီးတစ်စီးနှင့် အသက်ကယ်အင်္ကျီ များ၊ သောက်ရေသန့်ဘူးများနှင့် အိုးကြီးအိုးငယ် အသွယ်သွယ်တို့ တင်ဆောင်ထားရာ လိုက်ထရပ်ကား သုံးစီးက အသင့်အနေအထားဖြင့် စောင့်ကြိုနေသည်။

”ကဲကဲ.. လူစုံပြီလား။ စုံရင် ထွက်မယ်ဟေ့” ဟု ဆော်သြသံများ၊ ”ူင်နဲခေုနအ တွေသေချာယူခဲ့ကြ ဟေ့။ မမေ့စေနဲ့”ဟုဆိုသော အော် ဟစ်သတိပေးသံများလည်း ကား များဆီမှ ကြားနေရသည်။ မကြာ မီပင် ကုန်တင်ကားကြီးက ရှေ့ဆုံး မှဦးဆောင်လျက် ယင်းနောက် တွင် ကားသုံးစီးတစ်တန်းတည်း လိုက်ပါ လာသည့် ကားတန်းကြီးမှာ ရန်ကုန် ရွှေမြို့တော်ကြီးရှိ ဗဃြ ဟု အ များခေါ်သော ပုသိမ်ညွန့် ရပ်ကွက် လေးမှ စတင်ထွက်ခွာလာကြလေ ပြီ။ ကားပေါ်တွင်တော့ လက် မောင်းနှင့် ရင်ဘတ်တို့တွင် စပါးနှံ နှစ်ခက်အလယ် ၌ ခေါင်းေ ပ်ါတွင် အထုပ်တစ်ခုတင်ထားသော လူ သားတစ်ဦးပုံ အမှတ်တံဆိပ်ကို ထည့်သွင်းခတ်နှိပ်ထားသည့် ဖြူ စင်သစ် လူငယ်ပရဟိတ အသင်းမှ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ ရွှင်လန်းတက်ြ<ွကစွာ လိုက်ပါလာခဲ့ ကြပါသည်။ ၄င်းတို့ရှေးရှုရာဒေသ ကား ရန်ကုန်မြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် တိုက်ကြီးမြို့နယ်အ ပိုင်မှ ရေဘေးသင့်ကျေးရွာများဖြစ် ကြသည့် မြေတိုင်၊ မြကျွန်းသာနှင့် ကလော့သော့ေ ကျးရွာများသို့ပင်။

ယခုနှစ် မိုးလယ်ပိုင်းအချိန်က မြန်မာပြည်အနှံ့ မိုးများသည်းထန် စွာရွာသွန်းမှုကြောင့် ယခင်နှစ်က ကဲ့သို့ပင် ရေကြီးမှုဒဏ်ကို ပြည် နယ်နှင့်တိုင်းအနှံ့ ဆိုးရွားစွာခံစား ခဲ့ကြရသည်။ ထို့အတွက် အစိုးရ ပိုင်းမှ တာဝန်ရှိသူများအပါအဝင်၊ ပရဟိတ အသင်းအဖွဲ့များ၊   ဖောင် ဒေးရှင်းများ၊ တာဝန်ရှိရပ်မိရပ်ဖ များနှင့် ရပ်ရွာဒေသအသီးသီးမှ တာဝန်သိ ပြည်သူများက ရေဘေး သင့်ဒေသများသို့ မိမိတို့ တတ်နိုင် သော အလှူဒါနများကို ပေးလှူခဲ့ ကြသည်။ ထိုအထဲတွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုသိမ်ညွန့်ရပ် ကွက်မှ ဖြူစင် သစ်အမည်ရလူငယ်များ အဓိကပါ ဝင်သည့်ပရဟိတအဖွဲ့သည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပေပြီ။

”အစ်မတို့ အဖွဲ့လေးကို ပြီးခဲ့ တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလမှာ စပြီးဖွဲ့ဖြစ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရပ်ရွာမှာ ဒီလိုပရဟိတအဖွဲ့ ဆိုတာ ရှိသင့်တယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ပါ” ဟု ဖြူစင်သစ် မွေးဖွားလာရ ခြင်းကို အဖွဲ့၏ တာဝန်ခံဖြစ်သူ မအေးအေးလှိုင်က   ပြောပြသည်။

ကားတန်းကြီး တဖြည်းဖြည်း ထွက်ခွာလာခဲ့ပြီး နောက်တွင်တော့ ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ ထန်း တပင်မြို့နယ်အပိုင်တွင်ရှိသော မြို့ ချောင်းတံတားအောက်တွင် ကား များ ရပ်နားကာ ကုန်းလမ်းခရီးကို အဆုံးသတ်လိုက်လေသည်။ ယင်း နောက်တွင် တိုက်ကြီးမြို့ နယ်ဘက် သို့ကူးမည့်ဇက်ပေါ်သို့ ကားများ ပေါ်တွင်ပါလာသော ပစ္စည်းများ ကို လူအင်အားကောင်းကောင်းဖြင့် စတင်ပြောင်းရွှေ့ကြေ လတော့သည်။ ထိုတွင်မှ အစိမ်းရောင်တာလပတ် မိုးထားသော ကုန်တင်ကားကြီးပေါ် တွင် ပါလာသည့်အရာများကို အ ထင်းသား မြင်ေ တွ့ရပါတော့သည်။

ကားကြီးပေါ်တွင်တော့ ဆန် အိတ်များ၊ ဆီပုံးများ၊ ရေသန့် ၅ လီတာပုံးများ၊ ရေသန့်တစ်လီတာ အဆွဲများ၊ ဖိနပ်များ၊ အဝတ်အ ထည်နှင့် ဆေးဝါးများ၊ မုန့်များ အ စရှိသည်တို့က ကားကြီးနှင့်အပြည့် နေရာယူထားသည်ကို တွေ့ရသည်။ ထိုပစ္စည်းများကို အဖွဲ့ဝင်များေ ရာ ရေလုပ်သားများကပါ ဇက်ပေါ်သို့ ဝိုင်းဝန်းပြောင်းရွှေ့ပေးကြရာ နာရီ ဝက်ခန့်အကြာတွင်တော့ ဇက်ပေါ် သို့ လှူရန်ပစ္စည်းများ အား လုံး ရောက်ရှိ သွားကြပါတော့သည်။

ထိုအလှူပြုလုပ်ရန် ပစ္စည်း များကို တင်ဆောင်လာသော ဇက် လှေကြီးသည် ထန်းတပင်တစ်ဖက် ကမ်းမှ တိုက်ကြီးမြို့သို့ သွား   ရောက်ရန်အတွက် လှိုင်မြစ်၏ လက်တက်တစ်ခုဖြစ်သော ပကွန် မြစ်တစ်လျှောက်မှ ဆန်တက်ရ သည်။ အချိန်ကား နံနက် ၈ နာရီ   ကျော်ရုံမျှသာ။ လှေထဲတွင်တော့ နံနက်ခင်းနေရောင်ကို အန်တုနေ ကြသည့် အဖွဲ့သားများ၏ အား မာန်တို့က လှိုင်းတံပိုးထလျက်။

     ”အရင်ဆုံး မြေတိုင်ကို သွား ကြမယ်။ အဲဒီမှာပြီးမှ နောက်ထပ် ကျေးရွာတွေဆီဆက်မယ်”

ခရီး လမ်းအစီအစဉ်ကိုတော့ တာဝန်ရှိသူတို့ တိုင်ပင် ပြောဆိုနေ ကြသည်။

တစ်နာရီခွဲကျော် ကြာမြင့်ပြီး နောက်တွင်တော့ တိုက်ကြီးမြို့ နယ်အပိုင်မှ အထရောင်ကျေး ရွာ အုပ်စုဖြစ်သော မြေတိုင်ေ ကျးရွာ   လေးသို့ ဇက်လှေကြီးက ချဉ်းနင်း ဝင်ရောက်လာခဲ့ပေပြီ။ မြေတိုင် ကျေးရွာမှ မဟာသီရိဝိဟာရအ မည်ရ ဘုန်းကြီးကျောင်းလေး က တော့ ရေပေါ်တွင် တစ်ဝက်သာ သာခန့်သာ ကျန်ရှိတော့သည်။ အ.မ.က မူလွန်ကျောင်းလေးမှာ လည်း အောက်ထပ် တစ်ထပ် လုံး ရေဝင်နေ၍ စာမသင်ရသည်မှာ  တစ်ပတ်နီးပါး ရှိတော့မည်။ ဘုန်း ကြီး ကျောင်းသို့သွားရာ  သွပ်မိုး လျှောက်လမ်းများ၊ ဇရပ်နှင့်   အောင် သိဒ္ဓိစေတီတို့မှာလည်း ရေပေါ် တွင် တစ်ထွာသာသာခန့်သာပေါ် နိုင်တော့သည်။ အလှူပေးမည့်ဇက်   လှေကြီးအလာ ကိုတော့ ကျေးရွာ သားတွေက လှေလေးတွေကိုယ် စီနှင့် လာရောက်စောင့်ဆိုင်းနေကြ သည်ကို တွေ့ရသည်။

လှူဒါန်းရန် ပစ္စည်းများကို ဇက်ပေါ်မှတစ်ဆင့် မဟာသီရိဝိ ဟာရကျောင်းတိုက်ပေါ်သို့ ပြောင်း ရွှေ့ကြပြီး အသင့်ပါလာသော သင်္ကန်းနှ င့် လှူဖွယ်ပစ္စည်းများကို ကျောင်းတိုက်မှ တာဝန်ခံ ဦးဇင်း ဦးကောသလ္လထံသို့ ဆက်ကပ်လှူ ဒါန်းကြသည်။ အလှူဒါနအတွက် လည်း   ရေစက်ချ အမျှပေးဝေခဲ့ကြ သည်။

”ဦးဇင်းတို့ကျောင်းက ဒီရွာမှာ အမြင့်ဆုံး။ ဦးဇင်းတို့ကျောင်း တောင် ရေမြုပ်ဖို့ တစ်ထွာလောက် ပဲလို တော့တယ်ဆိုတော့ ကျေးရွာ သူကျေးရွာသားတွေဆို အင်မတန် မှ ဒုက္ခရောက်တယ်ပေါ့လေ။ တချို့ တွေ ဆိုရင် အိမ်တွေကိုဘေးကနေ ဖောက်ပြီးတော့ေ နရတ ယ်။ ရေ တွေက အိမ်တံစက်မြိတ်နဲ့ဆို ကပ် နေတဲ့အထိပဲ။ အဲဒီတော့ နေမှု ထိုင်မှုတော်တော်ကို ဒုက္ခရောက် တယ်ပေါ့နော်” ဟု လွန်ခဲ့သော တစ်ပတ်ခန့်က ရေကြီးခဲ့သည့် အ ခြေအနေကို ဦးဇင်း ဦးကောသလ္လ က ပြန်ပြောင်းမိန့်ကြားသည်။

”ရွာထဲမှာဆိုရင် လက်ခုပ်တစ် ဖောင်ထက်မြင့်တယ်။ လူမမီတဲ့ အထိပေါ့။ ကျောင်းကတော့ အောက် ထပ် တစ်ခုလုံးမြုပ်တယ်။ အပေါ် ထပ်ဆို မြုပ်ဖို့တစ်ထွာလောက်ပဲလို တော့တယ်။ ကုဋီလမ်းတွေ အကုန် လုံး မြုပ်တယ်။ အောင်သိဒ္ဓိစေတီ ဆိုရင် ပန်းတည်ခုံတွေ လည်းမြုပ်၊ အဲဒီက စေတီလေးတွေဆိုရင် သိမ် ပေါ်ကို အကုန်ပင့်လာရတယ်။ ဗောဓိပင်က စေတီတွေရော အကုန် လုံး သိမ်ပေါ် ပင့်ရတာပေါ့” ဟု ထို ရက်များဆီက ရေကြီး၍ ဒုက္ခ ရောက်ခဲ့ရပုံကို ထပ်မံ မိန့်ပါသည်။

ဦးဇင်း မိန့်တော်မူသည့်အ တိုင်းပင်။ ရှင်ဥပဂုတ္တကိုယ်တော် ကိန်းဝပ်ရာ ရွှေကျောင်းတော်ငယ် မှာလည်း ရေအောက်သို့ လုံးလုံး ကျလုနီးနီး အခြေအနေတွင် ကိုယ် တော်မှာ သပိတ်နှင့် ခေါင်းသာ ပေါ်တော့ရာ ယခင် ငါးရက်ခန့်က အချိန်ဆိုလျှင် မည်သို့နေမည်မသိ။ အိမ်လေးများကတော့ ဝါးအိမ်လေး တွေသာများသဖြင့် အိမ်အမိုးပေါ် တွင် ဝါးစင်ထပ်ဆင့်၍ နေကြရ သည်ဟု ရွာသားတွေက ဆိုကြ သည်။ ထို့အပြင် မြွေများကလည်း အသက်ဘေးမှ ပြေးလွှားရင်း လူ များ၏ အိပ်ရာထဲတွင် ဝင်ခွေနေ ကြသည်မှာ ခဏခဏကြုံကြ ရ ကြောင်း ကြားသိရသည်။

အဆိုပါ ရေဘေးဒဏ်ခံ အ ထရောင်ကျေးရွာ အုပ်စုတွင်တော့ အထရောင်၊ မြကျွန်းသာ၊ မြေတိုင် နှင့် ကလော့သော့ဟူသော ရွာများ ရှိပြီး အိမ်ခြေပေါင်း ၅ဝဝ ကျော် ရှိကာ အထရောင်၊ မြကျွန်းသာနှင့် မြေတိုင်တွင်ပင် အိမ်ထောင်စုပေါင်း ၄ဝဝ ကျော်နှင့် လူဦးရေ ၁၄ဝဝ ကျော်ရှိသည်ဟု အထရောင်ကျေး ရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဥက္ကဋ္ဌ ဦးဆန်းဦး၏ အဆိုအရ သိ ရသည်။

”ရေစကြီးတာက ဒီလ ၅ ရက် ၆ ရက်လောက်မှာ ပုံမှန်ရေထက် ပိုမြင့်လာပြီး အများဆုံးတက်သွား တာက ၁၇၊ ၁၈ ရက်လောက်မှာ   ပေါ့။  အဲဒီလိုတက်တာက နှစ်စဉ် ပုံမှန်တက်တဲ့ ရေပုံစံမဟုတ်ဘူး။ ပုံမှန်ဆို လေးပေလောက်ပဲ တက် တာ”ဟု ရေကြီးသည့် အခြေအနေ ကို ဦးဆန်းဦးက ရှင်းပြသည်။

ထိုသို့ ရေဘေးသင့်ခဲ့သည့်အ တွက် အထရောင်ကျေးရွာအုပ်စု တွင် နေထိုင်ကြသော ဒေသခံများ ၏ စိုက်ပျိုးမြေများမှာ ဧက ၂ဝ   လောက် ပျက်စီးခဲ့ရပြီး ကျန်သည့် ကျေးရွာအုပ်စုများမှ နယ်ကျော် ကာ လာရောက်စိုက်ပျိုးထားသော စိုက်ပျိုးမြေစုစုပေါင်း ၅၈၅ ဧက လည်း လုံးလုံးပျက်စီးသွားခဲ့ရသည့် အတွက် နေရေးသာမက စား သောက်ရေးပါ ဒုက္ခရောက်ခဲ့ရ ကြောင်းကို ၄င်းက ထပ်မံ ပြော ကြားခဲ့သေးသည်။

မြေတိုင်ကျေးရွာသို့ လှူစရာ ရှိတာများ လှူခဲ့ပြီးနောက်တွင် လည်း ဖြူစင်သစ်အဖွဲ့သားများအဖို့ အနားမနေအားသေးပါ။ ကျန်ရှိ   သောရွာများအတွက် လူအင်အား ခွဲကာ သွားရောက်လှူဖို့ရာ ပြင် ဆင်ကြရပါသေးသည်။            စက်လှေတစ်စီးတွင် လှူရန် ပစ္စည်းများနှင့် လူအချို့လိုက်ပါ လျက် နောက်ထပ်တစ်စီးတွင်တော့ အဖွဲ့သားအချို့လိုက်ပါကာ က လော့သော့ကျေးရွာသို့ ခုတ်မောင်း ခဲ့ကြသည်။ ” ဒီကနေဆိုရင် နှစ် နာရီလောက်တော့သွားရမယ်” ဆို သော စက်လှေသမား၏စကားသံ က အဖွဲ့သားများကို အားမဖြစ်စေ ခဲ့သည်ကတော့အမှန်။ သို့ရာတွင် တာဝန်က ကျန်ရှိနေသေးသော ကြောင့် နေ့ခင်းကြောင်တောင် နေ ပြင်းပြင်းပူနေသည့်အထဲတွင် လမ်း ခရီးတစ်လျှောက် အခြေအနေများ ကို ဓာတ်ပုံရိုက်သူကရိုက်၊ ဗီဒီယို မှတ်တမ်းတင်သူကတင်ဖြင့် ကျရာ တာဝန်ကို ကိုယ်စီထမ်းဆောင် ရင်း အားတင်းကာ ရှေ့ဆက်ခဲ့ကြရပြန် သည်။

သို့နှင့် တစ်နာရီခွဲကျော်ကြာမောင်းနှင်ပြီးနောက် ကလော့သော့ သို့ရောက်သည်။ ရပ်ကွက်လူကြီး အိမ်သို့ သွားရောက်ကာ လှူရန် ပစ္စည်းများကို အိမ်ထောင်စုအ လိုက် နာမည်ခေါ်၍ အချိုးကျပေး လှူခဲ့ကြသည်။ ကလော့သော့ ကျေးရွာကတော့ မြေတိုင်ထက်ပင် အခြေအနေ ဆိုးသေးသည်။ မြေ တိုင်ထက် မြေပိုနိမ့်သောကြောင့် ဟု သိရသည်။

အပြန်လမ်းတွင် စက်လှေမှ နပ်ကျိုးသွား၍ စက်လှေနောက် တစ်စီးဖြင့် လူခွဲကာ ပြန်ခဲ့ကြရ သေးသည်။ မည်သို့ပင်ဆိုစေ အခက်အခဲ များကြားမှ အလှူဒါန တစ်ခုကတော့ ပြီးမြောက်အောင် မြင် ခဲ့ပြန်ပြီဟု ဆိုရပေမည်။

”ဒီနှစ်မှာတော့ သိန်းငါးဆယ် ကျော် ဖိုးလောက် လှူဖြစ်တယ်လို့ ဆိုရမယ်။ အစ်မတို့အဖွဲ့က သဘာဝ ဘေးအန္တရာယ်တွေအတွက်ပဲ ပိုပြီး အဓိကထားလှူပါတယ်” ဟု ဖြူစင် သစ်အဖွဲ့၏ အလှူဒါနများအ ကြောင်းကို အဖွဲ့ခေါင်းဆောင် မအေးအေးလှိုင်က ပြောပြပါသည်။
ထိုသို့ ပြည်သူများအနေနှင့် ရေ ဘေး ဒုက္ခကြုံတွေ့ရခြင်းနှင့်ပတ် သက်၍ ”အဓိကကတော့ ခေတ် အဆက်ဆက် တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့မှု၊ တာဝန်ယူမှု၊ တာဝန်ခံ မှု ကင်းမဲ့ခဲ့တဲ့အတွက်ကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့  အကျိုး တရားတွေပေါ့။ နောက်တစ်ခုက တိုင်းပြည်ရဲ့ ဥတုရာသီ တောကိုမှီ ဆိုတဲ့စကားဟာ တကယ်တော့ အဲ ဒီလို ကိုယ်ကျိုးရှာတဲ့ စီးပွားရေး သမားတွေရဲ့ တာဝန်မဲ့မှုကြောင့်မို့ လို့ တောတွေပြုန်းတယ်။ တောင် တွေလည်း တွင်းတွေ၊ ချိုင့်တွေ ဖြစ်ကုန်တယ်ပေါ့။ အဲဒီရဲ့အကျိုး ဆက်ကို လူများစုဖြစ်တဲ့ ပြည်သူလူ ထုက ခံရတယ်ပေါ့” ဟု ဦးရန် အောင်က မှတ်ချက်ပြုသည်။

သို့ဖြင့် အပြန်ခရီးက မိုးသည်း သည်းရွာသည့်အထဲတွင် စိုသူစို၊ ရွှဲ သူရွှဲဖြင့်ပြန်ခဲ့ကြရသည်။ မိုးလည်း ချုပ်ခဲ့ပြီ။

အဖွဲ့သားအားလုံးလည်း မောပန်းကာ အားအင်ကုန်ခန်းနေ ကြပြီ။ ဆာသူတွေလည်းဆာ၊ အိပ် ပျော်သူတွေလည်း အိပ်ပျော်နေကြ ပြီ။ သို့သော်  တာဝန်သိ လူငယ်လူ ရွယ်လေးများ၏ မေတ္တာကမ္ဘာတွင် တော့ အလှူဒါနမှတစ်ဆင့် ဖြစ် ပေါ်လာသည့် အပြုံးပန်းတွေက ထာဝ ရ မွှေးပျံ့နေတော့မည်သာ ဖြစ်တော့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*