Click မနှိပ်ခင် အသိညဏ် ဦးစေချင်

Click မနှိပ်ခင် အသိညဏ် ဦးစေချင်
August 25, 2016 Asian Fame

3:45 pm
Click မနှိပ်ခင် အသိညဏ် ဦးစေချင်

သိပ်မကြာသေးခင်ကာလတုန်း က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူပြောသူပြော များပြီး နာမည်ကြီးသွားခဲ့တဲ့ ကိစ္စ ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဘာကိစ္စ လဲဆိုတော’ငါသူခိုးပါ’ဆိုတဲ့ဆိုင်းဘုတ် ကိစ္စပါပဲ။ ကျွန် တော် ဒီလောက်ပြောလိုက်တာနဲ့ ဖေ့စ်ဘွတ်ခ်သူ၊ ဖေ့စ်ဘွတ်ခ်သား တွေအနေနဲ့ ဘယ်အကြောင်းအရာ ကိုပြောနေတယ် ဆိုတာ သဘောပေါက် ပြီး ငိုနေတဲ့သနားစဖွယ် ကလေး ငယ်လေးရဲ့မျက်နှာကို မြင်ယောင် မိကြလိမ့်မယ်ထင်ပါတယ်။ဒီလိုပါ… ဘာဆိုတာ မရေရာတဲ့ တစ်စုံ တစ်ရာ ကို ခိုးမိတယ် လို့ ယူဆရတဲ့ အသက် ၁၄ နှစ် လောက်လို့ခန့်မှန်းရသော ကလေးငယ်တစ်ယောက်ကို ဖမ်းမိတဲ့သူ က တရားဥပဒေလမ်းကြောင်း အတိုင်း အရေး ယူဆောင်ရွက်ခြင်း မပြုဘဲ ‘ငါသူခိုးပါ’ ဆိုတဲ့စာသား ပါတဲ့ဆိုင်းဘုတ်ကို ကလေးရဲ့ လည်ပင်းမှာဆွဲ၊ လမ်းဘေးလူမြင် ကွင်းက သစ်ပင်တစ်ပင်မှာ လက် ပြန်ကြိုးတုတ်ပြီး လူပုံအ လယ်ထုတ် အရှက်ခွဲတဲ့အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာ ပြုလုပ်သူလို့ယူဆရတဲ့သူက ‘စံပြ လုပ်ပြတာပါ’ ဆိုတဲ့ စကားလုံးကို သုံးပြီး ဖေ့စ် ဘွတ်ခ်စာ မျက်နှာ ပေါ်တင် ခဲ့ရာက ပြစ်တင်ရှုတ်ချမှု တွေ၊ အားပေးအားမြှောက်ပြုမှု တွေ၊ အငြင်းပွား မှုတွေ ဖြစ်လာ ခဲ့ပြီး ဖေ့စ် ဘွတ်ခ်တစ် ခွင်မှာ တော်တော် လေးကိုပွထသွားခဲ့တာပါ။

vvv
ပထမဆုံး အငြင်းပွားမှုက ကလေးငယ်အနေနဲ့ တကယ်တမ်း ခိုးခဲ့တယ်ဆိုရင်တောင် အဲဒီလို ဆိုင်းဘုတ်ဆွဲပြီး လူပုံအလယ်မှာ အရှက်ခွဲတာမျိုးကို ဒီလူအနေနဲ့ လုပ်သင့်သလား၊ မလုပ်သင့်ဘူး လားဆိုတဲ့ကိစ္စပါ။ ဒီနေရာမှာ လူ့အဖွဲ့အစည်းအတွင်း ပြစ်မှု တစ်စုံတစ်ရာကျူးလွန်တဲ့အခါမှာ စုံစမ်းစစ်ဆေးပြီး အပြစ်ပေးနိုင်ဖို့ အတွက် လူ့အဖွဲ့အစည်းတိုင်းမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာရှိပါ တယ်။ အဲဒီ့ ဖြစ်ပျက်လာသော ပြဿနာတွေ၊ အငြင်းပွားမှုတွေကို ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သော လွှတ်တော်တွေကနေ အတည်ပြု ပေးလိုက် တဲ့ဥပဒေတွေနဲ့အညီ တရားစီရင်ရေးမဏ္ဍိုင်က စီရင်ဆုံး ဖြတ်ကြရပါတယ်။ ဒါကြောင့်တရား ဥပဒေစိုးမိုးရေး ဆိုတဲ့စကားရပ် တစ်ခု အဓိပ္ပာယ်ပြည့်ဝစွာနဲ့ ပီပြင်ပေါ်လွင် လာစေဖို့ တရားသောဥပဒေတွေ ကို ရေးဆွဲအတည်ပြုပေးကြရတဲ့ လွှတ်တော်တွေ၊ အဲဒီ့ ဥပဒေတွေကို အကောင်အထည်ဖော် ကျင့်သုံးကြ ရတဲ့ တရားရေးဌာနတွေ၊ အဲဒီ့ ဥပဒေတွေ အတိုင်း စီမံအုပ်ချုပ်ကြ ရတဲ့အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲဌာနတွေ၊ အဲဒီ့ ဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးကြရတဲ့ပြည်သူတွေ အားလုံးဟာ အားကောင်းခိုင်မာ စွာနဲ့ ကိုယ့် အလုပ်ကိုယ်လုပ်နေ ကြဖို့ အရေးကြီးပါတယ်။

ဒါဆိုရင် တရားဥပဒေစိုးမိုး ရေးအတွက် ပြည်သူလူထုရဲ့ အဓိကကျသော ပါဝင်ပတ်သက်မှု၊ ပြည်သူရဲ့အလုပ်က ဘာပါလဲ။ ပြည်သူလူထုအနေနဲ့ တရားသော ဥပဒေေ တွ ပေါ်ထွန်းလာရေး အတွက် သက်ဆိုင်ရာလွှတ်တော် တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရပါ မယ်။ မိမိတို့အတွက် အကျိုးမပြု သော၊ မိမိတို့ကို ဝန်ထုပ်ဝန်ပိုးဖြစ် စေပြီး မိမိ တို့ရဲ့ဘဝနေထိုင်မှု အပေါ် ဖိစီးနှိပ်စက်နေသော ဥပဒေ တွေရှိခဲ့ရင် အဲဒီ့အဖြစ်အပျက်တွေ ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆီ အကြံပြုတင်ပြတာမျိုးတွေ လုပ်ရပါမယ်။ တရားဥပဒေ ချိုးဖောက်မှု တစ်ခုခု မိမိရဲ့မျက်စိရှေ့မှောက်မှာ ဖြစ်ပွားခဲ့တယ်ဆိုရင် အဲဒီ့ကိစ္စကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက် နိုင်ရေးအတွက် ရဲဌာနကဲ့သို့သော အစိုး ရဌာ နတွေနဲ့ တရားရေးဌာန တွေကို အကူအညီပေးတာ၊ ပူး ပေါင်းဆောင်ရွက်တာမျိုးတွေ လုပ် ရပါမယ်။ ဥပမာ – မိမိရှေ့မှာ လူတစ်ယောက်ကို ကားနဲ့တိုက် ပြေး တယ် ဆိုရင် ကား နံပါတ်မှတ် ထားပြီး ရဲကို အကြောင်းကြားတာ၊ ကိုယ့်မျက်စိရှေ့မှာလူတစ်ယောက် ယောက်က မသင်္ကာစရာတစ်ခုခု လုပ်နေတာတွေ့ရင် ချက်ချင်းရဲကို အကြောင်းကြားတာ လူရဲ့ပုံပန်း သဏ္ဌာန်ကိုမှတ်ထားပြီး ပြောပြ တာစတာတွေ လုပ်တာမျိုးပါ။

ပြည်သူတွေအနေနဲ့ တရား ဥပဒေစိုးမိုးရေးအတွက် အကောင်း ဆုံးအကူအညီပေးနိုင်တာကတော့ မိမိကိုယ်တိုင် တရားဥပဒေနဲ့အညီ နေထိုင်ခြင်းပါပဲ။ တရားဥပဒေနဲ့ အညီနေ ထိုင်တာ၊ အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ လိုအပ်လို့ချမှတ်ထား သော စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတာ၊ လူ့အဖွဲ့အစည်းရဲ့ ကျင့်ဝတ်တွေကို လေးစား လိုက်နာ စောင့် ထိန်း တာမျိုးတွေဟာ နိုင်ငံ သားကောင်းတစ်ယောက်ရဲ့ အလုပ် တွေပဲ ဖြစ်ပါတယ်။ လုပ်ရမယ့် အလုပ်တွေ ရှိသလို၊ မလုပ်ရမယ့် အလုပ်တွေလည်းရှိပါတယ် ။ ပြည်သူ တစ်ေ ယာက် ချင်းအနေနဲ့ ကိုယ်နေ တဲ့အိမ်၊ ကိုယ်အာဏာပိုင်တဲ့ အဝန်းအဝိုင်း အတွင်းမှာ စည်း ကမ်းတွေ ထုတ်ပြန်တာမျိုး၊ ဆုကြေး ဒဏ်ကြေးတွေ သတ်မှတ် တာမျိုးတွေ လုပ် လို့ရတယ်ဆို ပေမယ့် ကိုယ်အာဏာ မပိုင်သော လူ့အဖွဲ့အစည်းအစိတ်အပိုင်း တစ်ခုအတွက်ဆိုရင်တော့ အစိုးရ ကဖြစ်စေ၊ သက်ဆိုင်ရာ အုပ်ချုပ် ရေးဌာနကဖြစ်စေ စည်း မျဉ်း စည်း ကမ်းတွေထုတ်ကြသလို၊ ဥပဒေ တွေဆိုရင်လည်း သက်ဆိုင်ရာ လွှတ်တော်တွေကနေသာ ပြဋ္ဌာန်း ခွင့်ရှိတယ်ဆိုတာကို နားလည်ထား ရပါမယ်။

ဥပမာအနေနဲ့ ပြောရရင် မြို့ ထဲက လမ်းတွေထဲက ကားရပ်စရာ နေရာကိစ္စပါ။ ကိုယ်က အိမ်ကိုပိုင် ပေမယ့် အိမ်ရှေ့ကလမ်းကိုတော့ ကိုယ်မပိုင်တဲ့အတွက် ‘အိမ်ရှေ့ ကား မရပ်ရ’ လို့အိမ်ရှင်က ရေးပိုင် ခွင့် မရှိသလို၊ ကိုယ့်အိမ်ရှေ့က နေရာကို ကိုယ်တစ်ယောက်တည်း ပိုင်သလို နေရာဦးထားလို့ မရပါဘူး။ ပုဂ္ဂလိကပိုင်နဲ့ အများပြည်သူပိုင် ကို ခွဲခြား နားလည်ရမှာဖြစ်သလို၊ ပုဂ္ဂလိကအခွင့်အာဏာ၊ လုပ်ပိုင် ခွင့်နဲ့ အများပြည်သူနဲ့ဆိုင်သော အခွင့်အာဏာလုပ်ပိုင်ခွင့်တွေကို ခွဲခြားသိထားဖို့ လိုပါတယ်။ တရား စီရင်ရေး မှာလည်း အဲဒီ့ သဘော အတိုင်းပါပဲ။ ကိုယ့်အိမ်မှာ ကိုယ့် မိသားစုမှာ စည်းကမ်းချိုးဖောက် တာမျိုးဖြစ်တဲ့အခါ ကိုယ်တိုင် တရား စီရင်မယ်ဆိုတာမျိုးဖြစ်နိုင်ပေမယ့် လူ့ အဖွဲ့ အစည်းအတွင်းက လူသား တွေနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို လူ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် အစုအဖွဲ့တစ်ခုက ဝင်ပြီးတရား စီရင်လို့မရပါဘူး။ လူ့အခွင့် အရေး နှုန်းစံေ တွကို တန်ဖိုးထားလာတဲ့ နောက်ပိုင်းခေတ်တွေမှာ ငါ့အိမ် ထဲမှာ ငါကိုယ်တိုင်တရားစီရင်မယ် ဆိုတဲ့ပုံစံကိုတောင် အတိုင်းအတာ တစ်ခုထက် ကျော် လာတဲ့အခါ ခွင့် မပြုကြေ တာ့တာတွေ ရှိလာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူ တစ်ယောက်ချင်းစီ တစ်ယောက် ချင်းစီတိုင်းဟာ လူ့အဖွဲ့အစည်း ရဲ့ အစိတ်အပိုင်း တွေဖြစ် တာ ကြောင့် လူ့အ ဖွဲ့ အ စည်းကနေ ဥပဒေတွေနဲ့ အ ကာအကွယ်ပေးထားလို့ပဲ ဖြစ်ပါ တယ်။ ငါ့သားသမီးပဲ ငါ ဆုံးမချင် သလို ဆုံးမမယ်ဆိုတာမျိုး မရပါ ဘူး။ ငါပိုက်ဆံပေးခန့်ထားတဲ့ ငါ့ ဝန်ထမ်းပဲ၊ ငါစီရင်ချင်သလို စီရင် မယ်ဆို တာ မျိုး မရတော့ပါဘူး။ တရားဥပဒေတွေဆိုတာ ဟာမတရား မှုတွေရဲ့ ဖိစီးနှိပ်စက်မှု ဒဏ်ကို ပြည်သူတွေ မခံရစေဖို့ ပြည်သူ လူထုကို အကာအကွယ်ပေးနိုင် အောင် ဖန်တီး ထားတဲ့ အကာ အကွယ်တွေပဲဖြစ်ပါတယ်။ တစ်စုံ တစ်ယောက်က ပြစ်မှုကျူးလွန် တယ်၊ အဲဒါကို ရဲက ဖမ်းတယ်၊ ပြီးတဲ့အခါ တရားစီရင်ရေးမဏ္ဍိုင် က တည်ဆဲ ဥပဒေတွေ အ တိုင်း တရားစီရင်လိမ့်မယ်။ ဒါက ဖြစ် ရမယ့်ဖြစ်စဉ်မှာ အဲဒီ့ဖြစ်စဉ်တစ်ခု လုံးမှာ ပါဝင်ပတ်သက်နေတဲ့ ရဲ၊ တရားစီရင်ရေးမဏ္ဍိုင်၊ တည်ဆဲ ဥပဒေတွေဟာ ကျွန်တော်တို့နိုင်ငံ အနေနဲ့ကြည့်မယ်ဆိုရင် အားနည်း ချည့်နဲ့နေတာ အသေအချာပါပဲ။ ဒါပေမယ့် အဲဒီ့ပြဿနာကို ဖြေရှင်း နိုင်ဖို့က အဲဒီ့ချည့်နဲ့နေသော အရာ တွေ အားကောင်းလာအောင် ဝိုင်းကြိုးစားကြဖို့ပါပဲ။ သူတို့လုပ် တာ မကောင်းလို့ ငါတို့ဘာသာ ငါတို့ဝင်လုပ်မယ် ဆိုတာမျိုး မရပါ ဘူး။ ပြီးခဲ့တဲ့ ကာလတွေတုန်းက ဖြစ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူကို ရဲစခန်း ကနေ ထုတ်ပေးဖို့ သွား တောင်းတာမျိုး၊ ပြစ်မှုကျူးလွန်သူ ရဲ့အိမ်ကို လူအုပ်စုဖွဲ့ပြီး ဖျက်ဆီး ပစ်တာမျိုးတွေဟာ ‘တရားစီရင် ရေးဘောင်ကိုကျော်လွန်တဲ့ ရမ်း ကားမှု’ ပါပဲ။

အထက်မှာပြောခဲ့တဲ့ကိစ္စလေး ကို ပြန်ကောက်မယ်ဆိုရင် ကလေး ငယ်ဟာ ခိုးမှုတစ်ခုခုကို ကျူးလွန် ခဲ့မယ်ဆိုရင် အဲဒီ့အမှုမှာ ကလေး ငယ်အနေနဲ့ အပြစ်ရှိ၊ မရှိ စီရင် ဆုံးဖြတ်ေ ပးမယ့် တရားရေးမဏ္ဍိုင် ရှိသလို၊ အပြစ်ရှိခဲ့မယ်ဆိုရင် လည်း ပြစ်ဒဏ်တစ်စုံတစ်ရာချ မှတ်နိုင်တဲ့ တရားဥပဒေတွေလည်း ရှိနေပြီးသားပါ။ ဒါကို အခြားသော တစ်စုံတစ်ယောက် က အခုလို လည်ပင်းမှာ ‘ငါသူခိုးပါ’ လို့ ရေး ထားတဲ့ဆိုင်းဘုတ်ဆွဲပြီးလူပုံအလယ် ထုတ် အရှက်ခွဲတာဟာ နိုင်ငံတော် ရဲ့ တရားစီရင်ရေးအာဏာကို ဝင် ရောက်စွက်ဖက် သ လို ဖြစ်ပါတယ်။  နောက်တစ်ခုက တရားရုံး တစ်ခုခုကနေ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့ လူတစ် ယောက်ကို အပြစ်ရှိသူလို့ မသတ် မှတ်နိုင်ပါဘူး။ ကလေးငယ် အနေ နဲ့ တကယ်လို့ ခိုးခဲ့တယ်ဆိုရင် တောင် တရားရုံးမှာ အပြစ်မရှိ ကြောင်း ထုချေလျှောက်လဲပိုင်ခွင့် ရှိနေပါသေးတယ်။ အဲဒီ့မှာ ကလေး ငယ်ကို တရားခံအဖြစ် တစ်စုံ တစ် ဦး က စွပ်စွဲဆုံးဖြတ်ပြီး အခုလို လုပ်တာဟာ ကလေးငယ်ကို စိတ် ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ဖြစ်စေတဲ့အတွက် ဒီလိုလုပ်ရပ်မျိုး ဟာ ကလေးသူငယ် အနိုင်အထက် ပြုမှု  (Child Abuse) မြောက်ပါ တယ်။ ကလေးငယ်တွေရဲ့ ရုပ်ပိုင်း ဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာ ဖြစ်စေ တစ်စုံတစ်ရာ ထိခိုက်ေ စတဲ့ကိစ္စကို လုပ်တာ၊ ဒါ မှမဟုတ် အဲဒီ့လို လုပ်တာကို ခွင့်ပြုတာ၊ မတားမြစ် တာမျိုးကို ကလေးသူငယ် အနိုင့် အထက်ပြုမှု (Child Abuse) လို့ ခေါ်ပါတယ်။

သူစိမ်းတွေက မဟုတ်ဘဲ မိဘ တွေ၊ အုပ်ထိန်းသူတွေ ကိုယ်တိုင် က ကလေးငယ်တွေရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး ဖို့ ပျက်ကွက်တာမျိုးကိုတောင် ကလေး သူ ငယ် အနိုင့်အထက်ပြုမှု လို့ ယူဆနိုင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာထပ်ဖြစ် ခဲ့တဲ့ နောက်ကိစ္စတစ်ခုကတော့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ၊ သနားကရုဏာ သက် မှုတွေနဲ့ အဲဒီ့ ကလေးငယ်ရဲ့ပုံတွေကို မျက်နှာ မဖျက်ဘဲ လူမှုကွန်ရက်စာမျက်နှာ တွေပေါ်ကနေ ထပ်ပြီးဖြန့် (share) ကြတဲ့ကိစ္စပါပဲ။

အမှန်အတိုင်းပြောရရင် ဒီကိစ္စဟာလည်း လုပ်သင့်တဲ့ကိစ္စ တစ်ခုမဟုတ်ပါဘူး။ ကိုယ်က ဒီလုပ်ရပ်ကိုမှားပါတယ်ဆိုပြီး ထောက်ပြချင်တယ်ဆိုရင်တောင် ကလေးငယ်ရဲ့ပုံ မပါ ဘဲဖြစ်စေ၊ ကလေးငယ်ရဲ့မျက်နှာကို ဖုံးပြီး တော့ဖြစ်စေShare သင့်ပါတယ်။ ကိုယ်က ဘယ်လိုသဘောမျိုးနဲ့ပဲ ဖြန့်ဖြန့် ကလေးငယ်အရှက်ခွဲခံ နေရတဲ့ပုံ အင်တာနက်ပေါ် ပြန့် သွားခြင်းဟာ ကလေးငယ်ကို ထပ်မံအရှက်ခွဲနေတာနဲ့ အတူတူ ပါပဲ။ ဒီကိစ္စကို ထောက်ပြတဲ့အခါ အချို့က အခုလို စောဒကတက် ပါတယ်။ ကလေးငယ်ရဲ့ ငိုနေတဲ့ မျက်နှာေ ပ်ါမှ ကလေးငယ်အပေါ် ပိုပြီး ကရုဏာသက်ကြမှာဖြစ်လို့၊ ပိုပြီး ရသပေါ်လွင်မှာဖြစ်လို့ မဖျက်ဘဲ ဒီအတိုင်းထားရတာပါ တဲ့။ ကိုယ့်စိတ်နဲ့ စဉ်းစားရင်တော့ မှန်ကောင်း မှန်နိုင်ပေမယ့် … ကလေးငယ်နေရာမှာ မိမိရဲ့ဆွေမျိုး သားချင်း သို့မဟုတ် မိမိကိုယ်တိုင် လို့ ထည့်သွင်းပြီး စဉ်းစားကြည့်ပါ။ ဒီလိုစိတ်မျိုးကို ကိုယ်ချင်းစာစိတ် လို့ခေါ်ပါတယ်။ ကိုယ့်ပိုစ့်တစ်ခု Like များများရဖို့ဆိုတဲ့ စိတ် တစ်ခုတည်းနဲ့ မစဉ်းစားဘဲ ကိုယ် ချင်းစာစိတ်လေးပါထားကြစေချင် ပါတယ်။ နိုင်ငံတကာဥပဒေတွေ မှာ Child Pornography Law ဆိုတာရှိပါ တယ်။ ကိစ္စတစ်ခုကို သင့်၏ မသင့်၏ မစဉ်းစားတတ် သေးတဲ့ကလေးငယ်တွေ၊ လူကြီး တွေ တစ်ခုခုလုပ်ရင်တောင် မလုပ်ဖို့ မငြင်းဆန်နိုင်သေးတဲ့ ကလေးငယ်တွေရဲ့ ဝတ်လစ်စလစ် ပုံတွေကို ရည်ရွယ်ချက်ရှိ၍ဖြစ်စေ၊ မရှိ၍ဖြစ်စေ တစ်နည်းနည်းနဲ့ ဖြန့်ချိတယ်ဆိုရင် အဲဒီ့Law နဲ့ ငြိပါတယ်။

ဥပမာ – သင်က သင့်ကလေး ရေကူးကန်မှာ ရေကူးနေပုံကို တင်တယ်ဆိုပါစို့ မမျှော်လင့်ဘဲ အခြားသော ကလေးငယ်တွေရဲ့ ဝတ်လစ်စလစ်ပုံတွေ သင့်ဓာတ်ပုံ ထဲမှာ ပါသွားခဲ့တယ်ဆိုရင် အဲဒီ့ ကလေးမိဘက သင့်ကို တရားစွဲ ပါလိ့မ်မယ်။ နောက်တစ်ခုက တော့Cyber Bullying ပါ။ နည်းပညာ တစ်ခုခုကိုသုံးပြီး အခြားသောသူတစ်ယောက်ကို ခြိမ်းခြောက်တာ၊ အရှက်ခွဲတာ၊ မတရားအနိုင်ကျင့်တာတွေ အား လုံးကို နည်းပညာသုံး၍အနိုင် ကျင့်မှုCyber Bullying လို့ သတ်မှတ်ပါတယ်။ အခုကိစ္စမှာ လည်း ”ကျွန်တော့်ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်ပေါ် မတင်ကြပါနဲ့ ဗျာ” လို့ ငြင်းဆန်နိုင်စွမ်းမရှိတဲ့ ကလေးငယ်ရဲ့ပုံကို တစ်နည်း နည်းနဲ့ ထပ်ဖြန့်နေကြခြင်းဟာ Cyber Bullying ပါပဲ။  ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ပြန့်နေတဲ့ ကလေးငယ်လေးရဲ့ ငိုမဲ့မဲ့မျက်နှာလေးကို ကြည့်ပြီး အတွေးပွားမိတာတွေကတော့ ဒီလောက်ပါပဲ။ ကိုယ့် Click တစ်ချက်ကြောင့် ကိုယ်ကိုယ်တိုင် ဥပဒေနဲ့ ငြိစွန်းသွားနိုင်တယ် ဆိုတာနဲ့ ကိုယ့် Click တစ်ချက် ကြောင့် အခြားသူတွေမှာ တစ်စုံ တစ်ရာ ထိခိုက်နစ်နာ မှုတွေ ဖြစ်သွားနိုင်တယ် ဆိုတဲ့ အသိလေး တွေ Click မနှိပ်ခင်တိုင်းမှာ ဦးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါ တယ်။

ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ
ညဏ်ပညာကို တန်ဖိုးထားပါ
အနုပညာကို ခံစားတတ်ပါစေ ..

နေဘုန်းလတ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*