ဒီမိုကရေစီခရီးလမ်းကို ချုပ်နှောင်ဆွဲငင်ထားသော လက်တံကြီးတစ်ခု(လူငယ်စင်မြင့်)

ဒီမိုကရေစီခရီးလမ်းကို ချုပ်နှောင်ဆွဲငင်ထားသော လက်တံကြီးတစ်ခု(လူငယ်စင်မြင့်)
August 18, 2016 Asian Fame

11:35 am
ဒီမိုကရေစီခရီးလမ်းကို ချုပ်နှောင်ဆွဲငင်ထားသော လက်တံကြီးတစ်ခု(လူငယ်စင်မြင့်)

လက်ရှိ မြန်မာနိုင်ငံသည် ပထမဆုံးသော အရပ်သားစစ်စစ် အစိုးရသစ်နှင့် ခေတ်သစ် စနစ်သစ်ဆီသို့  ဦးတည်လျှောက် လှမ်းနေသော အချိန်ဖြစ်ပါ၏။ ထိုခ ရီးသည် အစိုးရ၏ တာဝန် တစ်ခုတည်းမဟုတ်။ ရွေးကောက်တင်မြှောက်ခွင့်ရှိသော ပြည်သူ၏ တာဝန်လည်းဖြစ်ပါသည်။ ဥပဒေပြုရေးနှင့် အစိုးရကို ထိန်းေ ကျာင်း တည့်မတ်ရာ လွှတ်တော်၊ ထိုလွှတ်တော်မှ ပြည်သူ့ ကိုယ်စားပြုသော ကိုယ်စားလှယ်များမှအစ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားအသီးသီး မှ ပြည် သူ့ ဝန်ထမ်းများ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသော နိုင်ငံ့အရေးကဏ္ဍအသီးသီး၌ သက်ဆိုင်ရာ ကျွမ်း ကျင် ပညာရှင်တို့ ဦးဆောင်အား ထုတ်နေကြပါ၏။ သို့သော် ထိုမျှနှင့်မလုံလောက်။ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဟူသော မဏ္ဍိုင်သုံးရပ် လိုအပ် သ ကဲ့သို့ ထိုမဏ္ဍိုင်များကို စောင့်ကြည့်တည့်မတ် ထိန်းကျောင်းရန်လည်း မီဒီယာဟူသော မဏ္ဍိုင်လိုပါသည် ။ မီဒီယာဟူသည် ရုပ်သံ၊ သတင်း ဂျာနယ်မျှသာမက မီဒီယာ၏ တရားကိုယ် သဘောသည် ပြည်သူ့အသံဖြစ်သည်။ ပြည်သူ့ဆန္ဒ ပြည်သူ့အမြင်၊ ပြည်သူ၏ ဝေဖန်စောကြောမှုသာဖြစ်၏။ ထိုအထဲ တွင် လူငယ်တို့၏ ကိုယ်ပိုင် အသိအမြင်၊ လူငယ်တို့၏ ကိုယ်ပိုင် အတွေး အရေး၊ လူငယ်တို့၏ ကိုယ်ပိုင် အိပ်မက်အနာဂတ်၊ လူငယ်တို့၏ ပြောရေးဆိုခွင့် သည်လည်း အဓိက ကျေ သာ နေ ရာတွင် ရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည် ။ ထိုယုံကြည်ချက်ကြောင့်ပင် ကျွန်ုပ်တို့ ပေါ်ပြူလာနယူးစ်ဂျာနယ် တွင် ‘လူငယ်စင်မြင့်’ ဟူသော ကဏ္ဍ သစ် တစ်ခု ဖွင့်လှစ်ကာ လူငယ်များ၏အသံကို စင်တင်သိကြား စေလိုခြင်း ပင်ဖြစ်ပါသည်။

Aggar

(၁)
မြန်မာ့နိုင်ငံရေး တူရူသည် နိုင်ငံတော်၊ ဈေးကွက်နှင့် အရပ်ဘက် အဖွဲ့အစည်း စသည်ဖြင့် ဒီမိုကရေစီ၏ သရုပ်သဏ္ဌာန် အပီပြင်ဆုံး အနေအထားဖြင့် သွားနေ သည်ဟု ယူဆမိသည်။ ဤတွင် ပြောစရာ ရှိလာသည်က ရှေ့သို့ အဘယ်မျှရောက်ပြီ လဲဟူ၍ဖြစ်သည်။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၏ သဘောသဘာဝအရ တစ်ဆင့်ချင်း သွားရသော အနေအထား လည်းရှိသည်။ တစ်ဖက်က တိုင်းပြည်တိုး တက်ရေး၊ လူသားအရင်းအမြစ် (တစ် နည်း) နိုင်ငံတကာအဆင့်မီ ပညာရေး စနစ် တည်ဆောက်ေ ရး၊ နိုင်ငံခြားရေးရာ မူဝါဒများတွင် ကမ္ဘာ့နိုင်ငံများနှင့် ကူးလူး ဆက်ဆံရေး၊ အာရှတွင်း နိုင်ငံများနှင့် အနီးကပ်ဆုံး ပေါင်းသင်း ဆက်ဆံရေးတို့ သည် အရေးကြီးေ သာ ရှေ့အလား အလာ များဖြစ်သည် ။ တစ်ဖက်မှာတော့ပြဿနာ ရပ်များ ဖြေရှင်းရေးပင်ဖြစ်သည်။

ထိုပြဿနာရပ်များ၏ အပြန့်အကား သည် ဒီမိုကရေစီ ခရီးလမ်းနှင့် နိုင်ငံတိုး တက်ရေးအတွက် ချုပ်နှောင် ဆွဲငင်ထား သော လက်တံများပင် ဖြစ်သည် ။ ထိုချုပ် နှောင်ဆွဲ ငင် ထား သော လက်တံများကို ဖြုတ်ချနိုင်မှသာ ရှေ့သို့ လွတ်လွတ် ကျွတ်ကျွတ် သွားနိုင်မည်ဖြစ်သည် ။ သို့သော်လည်း လွယ်ကူသော ကိစ္စရပ်ကား မဟုတ် ပေ ။ ၂၁ ရာစုပင်လုံ ညီလာခံ ဟုခေါ်ဆို သော ပြည်တွင်းစစ် ရပ်တန့်ရေးကို သြဂုတ် လ မကုန်ခင်တွင် တိုင်းရင်းသားလက်နက် ကိုင်များနှင့် ဆွေးနွေး ညှိနှိုင်းသွားမည်ဟု သိရသည်။ အရင်အစိုးရ လ က်ထက်က လက်မှတ်မရေးထိုးဖြစ်သော(၁၃) ဖွဲသည် အဘယ့်ကြောင့် မရေးထိုးဖြစ်ခဲ့ကြ သနည်း။ အရင်အစိုးရအပေါ် လက်နက် ကိုင် တိုင်းရင်းသားများက ပုဂ္ဂလ ဓိဋ္ဌာန် မကြည်ညိုသောကြောင့်လား ။ ဒါမှ မဟုတ် အခြားသော နောက်ကွယ်ကမည် သည့် ဖိအားမျိုးတွေက တိုင်းရင်းသား လက်နက်ကိုင် တွေအပေါ် လွှမ်းမိုး ထား လေသလဲ ။ ပြဿနာတစ်ရပ်နှင့် တစ်ရပ် အစပ်အဟပ်များမှာ တစ်ခုနှင့်တစ်ခု ကူးလူးယှက်နွှယ်နေသည် ဟု ယူဆရသည် ။ အကယ်၍ NLD အစိုးရအတွက် ၂၁ ရာစု ပင်လုံ ညီလာခံ မှ ပေါ်ထွက်လာသော ပြည်တွင်းစစ်ရပ်တန့်ရေး ရလဒ်ကောင်း များ ရရှိလာခဲ့လျှင် အကြီးမားဆုံးသော ချုပ်နှောင် ဆွဲငင်ထားသည့် လက်တံကြီး တစ်ခု ပြုတ်ကျ သွားမည်ဖြစ် သည်။

ထိုလက်တံကြီး ပြုတ်ကျသွားသည် နှင့် အခြားသော ရှေ့ဆက်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အခြားအခြားသော ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်သွား လိမ့်မည်ဟု ယူဆရာ သည်။ သို့သော်လည်း ကျွန်တော့်အမြင် အရ နှစ်ပေါင်း ၆ဝ နီးပါးမျှ သက်တမ်း ကြာမြင့်လာပြီဖြစ်သော ပြဿနာတစ်ရပ် ရုတ် ချည်း အောင်မြင်ဖို့ရာမှာ ထင်ထား သလောက် မလွယ်ကူချေ ။ တစ်ဖန်အဖန် တလဲလဲပြုလုပ် တတ်သော အလေ့အထ သည်လည်း အောင်မြင်မှုဆီသို့  ဦးတည် သွားနို င်ပြန် သည် ။ တပ်မတော်ဘက် ကလည်း ပြည် တွင်း ငြိမ်းချမ်းရေးရလျှင် (တဖြည်းဖြည်း) ဆုတ်ခွာသွားမည်ဟု ပြောဆိုထားသည် ။ လက်ရှိ အနေအထား အရ လက်နက်ကိုင် တိုင်းရင်းသားများ ၊ အစိုးရနှင့် တပ်မတော်တို့ အားလုံးပူးပေါင်း ပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ဖြစ် သည်။ ပြည်တွင်းစစ်နှင့် ဒီမိုကရေစီသည် ရန်ဘက်ဖြစ်သည် ။ ပြည်တွင်းစစ် လျော့ ပါးလာမှသာ ဒီမိုကရေစီလမ်းကြောင်း ပီပြင်လာမည်ဟု ယူဆရာသည် ။ ပြည်တွင်း စစ်ရှိနေသရွေ့ တပ်မတော်၏ အခန်း ကဏ္ဍမှာ အရေး ပါနေမြဲဖြစ်သည် ။ အရေး ပါနေသရွေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ နှောင့်နှေးနေဦး မည်သာ ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံး စဉ် ကာလက မိမိတို့အစိုးရ  ဖွဲ့နိုင်ခဲ့လျှင် အမျိုးသားရင်ကြားစေ့ရေး ကို ဦးစားပေး လုပ်ဆောင် သွားမည်ဟု ပြော ဆိုခဲ့ဖူးသည် ။ ယခုလည်း ယင်းပြောကြား ချက်အတိုင်း ရှေးရှုလုပ်ေ ဆာင်နေသည် ကို တွေ့ရတော့ ဝမ်းသာကျေနပ်မိသည်။

ကျွန်တော့်အမြင်အရ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ကြားကာလများ ၌ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုရှိ၊ မရှိကို စိုးရိမ်မိသည်။ အစိုးရအပေါ် ပြည် သူတို့၏ သဘောထား ၊ လက်နက်ကိုင်အင်အားစု၏ သဘောထား တိမ်းစောင်း ချွတ်ချော်သွားမည်ကို စိုးရိမ်ပူပန်မိသည် ။ ကြီးမားသော ကိစ္စမဟုတ် သည့်တိုင် အသေးအမွှား အဖုအထစ်လေး တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တစ်စုံတစ်ရာ ထိခိုက်မည်ကို ပူပန်မိခြင်း ဖြစ်ပါသည်။ သတိ ကြီးကြီးထားရမည့် ကာလဟူ၍ သာမန်ပြည်သူ တစ်ယောက်အနေနှင့် ယူ ဆမိသည် ။ယနေ့ အွန်လိုင်းသုံးစွဲသူများ၏ အခန်း ကဏ္ဍသည်လည်း တစ်စိတ်တစ်ပိုင်း အနေဖြင့် အကျုံးဝင်လာပြီဖြစ်သည် ။ လူတစ်ဦးစီ၏ ဆန္ဒ၊ သဘောထားများကို ထုတ်ဖော်ပြ သရာ နေရာလည်းဖြစ်လာ သည်။ တစ်ဦးချင်းသုံးစွဲသူ များရှိသလို Page/ Group စသည် စသည်ဖြင့် ပုံစံ အမျိုးမျိုးဖြင့် သုံးစွဲလာကြသည် ။ သတင်း တစ်ပုဒ်ကို အွန်လိုင်း မီဒီယာတွေမှ တစ် ဆင့် ချက်ချင်းသိရှိ ဖတ်ရှုနိုင်ပြီး အပြန် အလှန်မျှဝေကြ၊ မှတ်ချက် တွေရေးကြရင်း အွန်လိုင်းမီဒီယာ၏ အခန်းကဏ္ဍမှာ တစ်စိတ်တစ်ပိုင်းအနေဖြင့် အရေးပါ လာ ပြီဖြစ်သည်။

နိုင်ငံရေးမျက်နှာစာ၏ ခြယ်သမွမ်းမံနေမှုတို့ကို ယေဘုယျအနေ ဖြင့် တွေ့မြင်ကြား သိနေနိုင်ပြီဟု ယူဆမိ သည်။သဘောထားအမြင်များ အလွယ်တ ကူ  ဝေလျှံပေါက်ကွဲရာ လ ည်းဖြစ်သည်။ နိုင်ငံရေးရေ ချိန်အညွှန်းများ ကိုလည်း ဖော်ထုတ်ပြသရာ နေရာတစ်ခုဟူ၍ လည်းယူဆရာသည် ။ခေတ်ပြောင်း ခေတ်လွှဲ မျိုးဆက်တစ်ရပ် အတွက်ဖွင့်ပေး ထား သာ တံခါးပေါက်များ ဖြစ်သည် ။ ထိုတံခါးပေါက်များဆီမှ ၂၁ ရာစု ပင်လုံညီလာခံ၏ အောင်မြင်မှု မှတ်တိုင် တစ်ခုကို ဝမ်းပမ်းတသာ မျှော်ကြည့်နေ မည် ဖြစ်ပါသည်။

မောင်ရဲခန့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*