ယာဉ်ကြော ပိတ်ဆို့မှု ၏ အကြောင်း အရင်းကို ရှာခြင်း

ယာဉ်ကြော ပိတ်ဆို့မှု ၏ အကြောင်း အရင်းကို ရှာခြင်း
July 20, 2016 Asian Fame

12:33 pm
ယာဉ်ကြော ပိတ်ဆို့မှု ၏ အကြောင်း အရင်းကို ရှာခြင်း

carရန်ကုန်မြို့ပေါ်တွင် သယ်ယူ ပို့ဆောင်ရေး ပြဿနာ မျိုးစုံတွေ့ ကြုံလာကြ၍ သတင်း မီဒီယာများ တွင်လည်း သတင်းထူး အနေဖြင့် တွေ့ရ ဖန်များလာသည်။ ဒီတော့ ငယ်စဉ်က Transportation ဘာသာ အား သင်ယူခဲ့သည် များကို ပြန် သတိရ သည်။ ထိုအချိန် တွင် အတန်း လစ်ပြေးကာ ရုပ်ရှင်ကြည့်ခဲ့ခြင်း များပါ ပြန်အမှတ်ရမိသည်။

မည်သို့မျှ သဘောထားသည် မဟုတ်။ အလေးအနက် ထားသည် လည်း မမည်။ ပေါ့ပေါ့ လွယ်လွယ် ထားသည်လည်း မဆိုနိုင်။ ဒီစာတွေ က Structureလိုမခက်ဟု ထင် မှတ်ထားခြင်းကြောင့်ဖြစ်မည်။ ပြန် ဖတ်၍ရမည်ဟု ထင်မှတ် ထား၍ ဖြစ်မည်။ ကံဆိုးချင်တော့ ယင်း ဘာသာနှင့် Thesis  တင်ရဖို့ ဖြစ် လာသည်။ ဘာပဲဖြစ်ဖြစ် နဖူးတွေ့ ဒူးတွေ့ တွေ့လာမှတော့ နောက် ဆုတ်၍မဖြစ်တော့။

ယင်းသို့ဖြင့် ဆူးလေဘုရား လမ်းပေါ်တွင် ဖြတ်သွားသော မော်တော်ယာဉ် များကို ယခင် ပပဝင်း ရုပ်ရှင်ရုံရှေ့ မျက်နှာစာ ဆင်ဝင် အဆောင်ပေါ် မှ စောင့် ကြည့်ရေတွက်ရသည့် လက်တွေ့ အလုပ်မျိုး လုပ်ရသည်ကို ခပ်ရေး ရေး မှတ်မိ၏။ မီးနီမီးစိမ်းသည် မှာ မိနစ်မည်မျှ ကြာသည်။  ယာဉ် အရေအတွက် မည်မျှဖြတ်သွား သည်။ ခရီးသည် တင်ကားက စီး ရေ မည်မျှ။ ကိုယ်ပိုင်ကားက စီး ရေ မည်မျှ အစ ရှိသော မော်တော် ယာဉ် အမျိုးအစား၊ အရေအတွက် များကို မှတ်တမ်း တင်သည်ကို သတိရမိ၏။

ယခုခေတ်လို မော်တော်ယာဉ် မများသေးခြင်း ကပင် တော်သေး သည်ဟု ဆိုရမည်။ ယနေ့ခေတ်လို ဆိုလျှင် စစ်ဆေး မှတ်တမ်း တင်ရန် လွယ်ကူမည် မဟုတ်။ မည်သို့ပင် ဖြစ်စေ၊ ဤသို့ ယာဉ်ကြောပိတ် ဆို့ခြင်းဖြစ်နေသည် ကပင် ကျေးဇူး တင်စရာ ။ Transportation သမား များ ရှေ့တန်းရောက်တော့မည်။

‘လူဆိုတာ ကိုယ့်အတ္တအကျိုးကို တော့ ဦးစားပေးတတ်တာကိုး’။

တကယ်တော့ ရန်ကုန်မြို့က ပင် တစ်ပြည်လုံး တွင် နေရထိုင်ရ အဆင်ပြေ ဆုံးဖြစ်နေသလား မသိ။ ဒီမှာ တစ်နိုင်ငံလုံးမှ လူများ လာစု နေသည် ထင်ရ၏။ ဟိုတုန်းက ရန်ကုန် မြို့တော်တွင် သင့်တင့်သော  လူ အရေအတွက် သာ နေထိုင်ခွင့် ပြုရေးဟူ၍ စဉ်းစား စီမံ ခဲ့ကြဖူး သည်။

သို့ရာတွင် လမ်းခုလတ်၌ပင် ရပ်ဆိုင်းသွားခဲ့ရ၍ ခရီးမရောက်ခဲ့ ပေ။ ယင်း ဖြစ်စဉ်မှာ ယခုယာဉ် ကြောကျပ်တည်းခြင်း၏ အရင်းခံ ပြဿ နာဖြစ်မည်။ ယခုမူတိုးလာ သော လူဦးရေကို မထိန်းနိုင်တော့။ မော်တော် ယာဉ်များလည်း အဆီး အတား မရှိသလို တင်သွင်းလာ၏။  ယခုမူ ရန်ကုန်မြို့တွင် ပြေးဆွဲနေ သော ခရီးသည်တင် ယာဉ်လိုင်း ၃ဝဝ ကျော်ကို စုစည်း၍ လိုင်း ၅ဝ သာ ထားရှိသောစနစ် စက်တင် ဘာလ တွင် စတင်မည်ဟု သတင်း ကြားသည်။ မထသက လည်း ယခု အခြေအနေတွင် သူမပါ၍ မပြီးဟု သဘောထားလိမ့်မည်။  တကယ် တော့ အားလုံး ညှိညှိနှိုင်းနှိုင်း တိုင် တိုင်ပင်ပင် ဆောင်ရွက် ကြမှသာ အလုပ်ဖြစ်မည့် အရေးကိစ္စ။

မြို့တွင်း ပြေးဆွဲသည့် ခရီး သည်တင် ယာဉ်မောင်းများ စည်း ကမ်းချိုးဖောက်ပါက ဒဏ်ငွေ အပြင် မထသ လက်အောက်ရှိ ယာဉ်လိုင်း များတွင် မောင်းနှင်ခွင့် တစ်လမှ ရာသက်ပန်ရပ်ဆိုင်းသည့် ပြစ်ဒဏ်များ ချမှတ်မည် ဟုလည်း သတင်းကြား၏။

ယင်းသို့ အရေးယူတော့မည့် သတင်းများ ထွက်ပေါ်နေသည့် ကြားမှ ယာဉ်နှစ်ထပ် ရပ်ထားမှုကို ဟွန်းတီးသည့် ယာဉ်မောင်းအား မကျေနပ်သော လူတစ်စုက ယာဉ် နှစ်စီးဖြင့် လိုက်၍ သံတုတ်များနှင့် ဝိုင်းဝန်း ရိုက်နှက်မှု အလုံမြို့နယ် တွင် ဖြစ် ပွားကြောင်း ထော်လော် ကန့် လန့် သတင်းမျိုးလည်း ပေါ် လာသေး၏။

အားတက်စရာ များလည်း ကြားရပါသည်။ ရန်ကုန်မြို့ရှိ  ၊ ဘတ်စ်ကား၊ တက္ကစီ၊ မြို့ပတ်ရထား၊ ရေကြောင်း ပို့ဆောင်ရေး ကိစ္စများကို ကိုင်တွယ် မည့် ရန်ကုန်တိုင်း သယ်ယူ ပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီးဖြစ်၍ အဆိုပါအဖွဲ့တွင် ရန်ကုန် တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က နာယက အဖြစ် လည်းကောင်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက် သွယ်ရေး ဝန် ကြီး ဒေါ်နီလာကျော် က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဒေါက်တာ မောင်အောင်က အတွင်း ရေးမှူး အဖြစ် လည်းကောင်း အသီး သီး တာဝန် ယူထားပြီဟုကြားရ၏။ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းရန် အထပ်မြင့်ယာဉ်ရပ် နားရန်နေရာ များ၊ မိုးပျံရထား လမ်း နှင့် Water taxi များပြေး ဆွဲရန် အစီအစဉ်များလည်း ရှိသည်တဲ့။ အစကောင်းပါစေ။ အနှောင်း လည်း သေချာပါစေဟု ဆန္ဒပြု ပါသည်။

ယာဉ်ကြော ကျပ်တည်းမှု အခြေအနေက ရန်ကုန်မြို့တွင်း ရော မြို့ပြင်ပါ နေရာ အနှံပေါ်ပေါက် နေပြီး ထိန်းမရတော့မည့် အခြေ အနေ ကို ရောက်နေပြီ။ အဲဒါကို လုံးလုံးပပျောက်အောင် မဖြေရှင်း နိုင်သည့် တိုင် အနိမ့်ဆုံး အခြေ အနေတော့ ရောက်အောင် လုပ်နိုင် မှဖြစ်မည်။

ဖြေရှင်းချက်များ အနက် အရေးပါသည့် အချက် တစ်ရပ်မှာ သယ်ယူ ပို့ဆောင်ရေးစနစ်ကို အလိုက်သင့် အလျားသင့် ညီညွတ် အောင် ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ အမှန်တကယ်တွင် လမ်းများ သည်လည်း ကျယ်မည်။ လမ်းအတား အဆီး များလည်း ရှင်းသည် ဆောက် လုပ်ရေး ပစ္စည်းများဖြင့် လမ်းသွား လမ်းလာကို အနှောင့်အယှက် ပြု ခြင်းလည်း ကင်းမည်။ ထိုသို့ဖြစ် လျှင် ယာဉ် အသွား အလာလည်း များမည်။ မြို့နေ လူထုလည်း သက် သောင့်သက်သာ ရှိနေမည်။

ထို့ပြင် ပြည်သူလူထု သုံး ခရီးသွားလာရေး စနစ်ကို အကျိုး သင့် အကြောင်းသင့် ဆောင်ရွက် ထားမည်။ ယာဉ်သုံးရာတွင်လည်း အလွယ်တကူဖြစ်နေမည်။ မြို့ နေလူထု များ၏ ခရီးသွားလာရေး အတွက် တောင်းဆိုချက် များကို ထိထိရောက်ရောက် ဖြည့် ဆည်း ပေးမည်။ ယင်းသို့သာ ဆိုလျှင် သေချာသည်၊ ပြည်သူ လူထုသည် သူတို့ ကိုယ်ပိုင်ကားသုံးမည့်အစား အများသုံးခရီးသည် ပို့ဆောင်ရေး ယာဉ်ကို ရွေးကြလိမ့်မည်။ တစ် နည်းအားဖြင့် လမ်းများပေါ်ရှိ မော်တော်ယာဉ်အရေ အတွက်ကို လျှော့ချနိုင်လိမ့်မည်။

ထို့ပြင် အခြား ဆုံးဖြတ်ရမည့် အချက်တစ်ရပ်လည်း ချမှတ်ရန်ရှိ သေးသည်။ မြို့တော်သူ မြို့တော် သားတို့ ခရီးတို၊ ခရီးရှည်သွားလာ ကြသည်။ စဉ်းစားတွေးခေါ်တတ် ကြသည်။ ယင်းတွေးခေါ်ပုံ နည်း လမ်းကို ယခင်ထက် ပိုကောင်း အောင်ပြင်ကြဖို့ လိုပြီ။ ခရီးသည် ပို့ဆောင်ရေး အပေါ် လူအများက နားလည် လက်ခံလာကာ သူတို့ သွားလာရန် အတွက် အဓိက ကျ သော အများစုသုံး လုပ်ငန်း အဖြစ် မှတ်ယူ ခဲ့လျှင် လမ်းများပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှု ဘယ်တော့မှ ဖြစ်လိမ့်မည်မထင်ချေ။ ယင်းသို့ ဖြစ်စေကာမူ ဒေသဆိုင်ရာ အာဏာ ပိုင် အဖွဲ့အစည်း များကလည်း ပို့ ဆောင်ရေးသုံး ထုတ်ကုန်များ ပမာဏ ကိုလျှော့ချရန် တစ်ပြိုင်တည်း အရေး ယူပေးရန်လိုပြီ။ သယ်ယူ ပို့ဆောင် ရေးကဏ္ဍ အသီးသီးအတွက် တင် သွင်းသော ယာဉ်နှင့် ပူးတွဲ ပစ္စည်း များအပေါ် အခွန်ကို တိုးကောက် ရန် စီမံရတော့မည်။

ယင်းသို့မှသာလျှင် ကားဈေး နှုန်းကြီးကာ မည်သူမျှ ကိုယ်ပိုင် ကားဖြင့် သွားလာရန် စဉ်းစား တော့မည် မဟုတ်ချေ။

ယာဉ်ကြော ပိတ်ဆို့မှု ပြဿ နာကို ဖြေရှင်းရန် တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ရသည် များ လည်း ရှိပါသည်။ ပထမဆုံးမှာ အစိုးရ အဖွဲ့သည် ပြည်သူ လူထု အတွက် ခရီးသည် ပို့ဆောင်ရေး စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်း စား၍ တိုးတက် ကောင်းမွန်စေ ရန် ဆောင်ရွက် ရမည်။ အထူးသဖြင့် ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန် တွင် လမ်းများပေါ်၌ ကားများ၊ လူများ ရှုပ်ထွေး ပိတ်ဆို့နေခြင်း ကို လျော့ နည်း သက်သာအောင် ပြုပြင်ပေး ရမည်။

ကိုယ်ပိုင်ကားများ မောင်းနှင် သွားလာခြင်းကို လျော့နည်းလာ စေရန် ကန့်သတ်ပေးရမည်။ ခရီး သည် ပို့ဆောင်ရေးဖြင့် ပြည်သူ များ သက်သက် သာသာ ဖြစ်ကာ စိတ်ချမ်းသာ ခဲ့လျှင် မိမိတို့၏ ကိုယ်ပိုင်ကားကို အိမ်တွင် ထားခဲ့ လိမ့်မည်သာ ဖြစ်ပါသည်။ တခြား တစ်ဖက်မှ ကြည့်လျှင်လည်း အစိုး ရ အဖွဲ့များသည် မြို့သူမြို့သား များ၏ သိမြင် နားလည်မှုကို တိုး မြှင့် ပေးရမည်။ အရေးတကြီး ပျာ ယိ ပျာယာ လုပ်ဆောင်ရ၍ တိုးတိုး ခွေ့ခွေ့သွားလာနေ ရသော အချိန် မှာ တစ်နေ့တွင် နှစ်ကြိမ်လောက် ရှိတတ်သည်။

ထိုအချိန်မျိုး၌ ဖရိုဖရဲ အခြေ အနေကို ရင်ဆိုင် တွန်းလှန်နိုင်ရန် လိုသည်။ လူများသည် ယာဉ်ကြော နှင့်ဆိုင်သည့် စည်းမျဉ်း စည်းကမ်း များကို လိုက်နာခြင်း မရှိလျှင် သံသယ ဖြစ်စရာ မလိုတော့။ အရာ ရာသည် အဆိုးဆုံး အခြေအနေသို့ ရောက်သွားမည်။ ယာဉ်ကြောပိတ် ဆို့မှုသည် တစ်ပြိုင်တည်းဖြစ်မည်။ ယင်းသို့ဖြစ်ပျက် ပုံနှင့် ခြားနား ချက်တစ်ခုရှိသည့် ယာဉ်ကြော ဆိုင် ရာ စည်းမျဉ်း စည်းကမ်း များကို လိုက်နာ ခဲ့လျှင် လမ်းပေါ်၌ ကား များ အပြည့်မောင်းနှင် နေကြ သော်လည်း တဖြည်းဖြည်းတော့ ရွေ့လျားနိုင်၏။ မည်သည့် အနေ အ ထား ကို သဘောကျသနည်း။

မည်သို့ဖြစ်စေ အဆိုပါအချက် များမှာ အခြေခံကျသော အကြောင်း များ ဖြစ်ကြပါသည်။ အကြောင်း ရင်းကို ရှာ၍ ပယ်သတ်ကြရမည်။

ယခုမူ ဤတိုင်းပြည်မှာ လမ်း ကြောင်းနေရာ ကျဉ်းကျဉ်းလေး ရဖို့ တောင် လူတွေလုနေရ၏ ။ကိုယ့် လမ်းနှင့်  ကိုယ်မမောင်းနိုင်။ ဒီ တော့ ကိစ္စဝိစ္စ တိုင်း ရှုပ်ရှုပ်ထွေး ထွေး ဖြစ်နေ၏။ ဒါတွေကို ငြင်း နေကြဖို့ မလိုပါ။ ဒုက္ခဆိုသည် မှာ လူတိုင်း ကိုယ်စီရှိကြ၏။

ယင်းဒုက္ခ ရင်ခွင်ထဲ ထည့် သွင်းကာ ပိုက်ထွေးထားရန် မဟုတ်ပေ။ အကြောင်းရင်းကို ရှာ ၍ ကိုယ်စီ တာဝန်ရှိသည် ဟုခံယူ ကာ ဖြေရှင်း ကြရမည် ဖြစ်ပါ ကြောင်း  ။ ။
x x x x x

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*