မြန်မာစာနာမည်တပ်သော အဖွဲ့အစည်းများ

မြန်မာစာနာမည်တပ်သော အဖွဲ့အစည်းများ
July 13, 2016 Asian Fame

5:59 pm
မြန်မာစာနာမည်တပ်သော အဖွဲ့အစည်းများ

Capture

မြန်မာစာ မြန်မာစကား သည် မြန်မာနိုင်ငံ တွင် ဘိုးဘေးအစဉ် အဆက်ကတည်းက အတူတကွ နေထိုင်လာခဲ့ကြသော တိုင်းရင်းသား လူမျိုးများ အပြန်အလှန်ဆက်သွယ် ရာတွင် အသုံးပြုခဲ့ကြသော ‘ကြားခံ’ ဘာသာစကားဖြစ်သည်။ ‘ဘုံ’ စကား ဖြစ်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော တိုင်း ရင်းသားလူမျိုးအချင်းချင်း ကြားခံ ဘာသာစကားဖြစ်သော မြန်မာစ ကားမြန်မာစာကို အသုံးပြု၍ ဆက် သွယ်ခဲ့ကြသည့်အတွက် တစ်ဦးနှင့် တစ်ဦးအပြန်အလှန်နားလည်ရေး၊ အပေးအယူမျှတရေး၊ ချစ်ကြည်ရင်း နှီးရေး၊ ညီညွတ်စည်းလုံးရေးတို့ကို အထောက်အကူပြုသည်။ ကရင်နှင့် ရှမ်း၊ ရှမ်းနှင့် ကချင်၊ ကချင်နှင့် ချင်း၊ ချင်းနှင့်မွန်၊ မွန်နှင့်ရခိုင်၊ ရခိုင်နှင့် ကယားစသည်ဖြင့် လူမျိုးမတူ၊ ဘာ သာစကားမတူသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမချင်း ပြောဆိုရေး သားဆက်သွယ်ရာတွင် မြန်မာစကား၊ မြန်မာစာက ပေါင်းကူးတံတား  သဖွယ်ဆက်သွယ်ပေးသည်။ ဤ အစဉ်အလာသည် ရှေးနှစ်ပေါင်း များ စွာကတည်းက ကျင့်သုံးခဲ့သော အစဉ်အလာဖြစ်သည်။

ပုဂံခေတ်၊ ၁ဝရာစု၊ ၁၁ရာစု တွင် မြန်မာစာအရေးအသားစတင် ပေါ်ပေါက်ပြီးနောက် မြန်မာစကား သည် အသုံးနယ်ကျယ်ပြန့် လာသကဲ့ သို့ မြန်မာစာပေသည်လည်း ဖွံ့ဖြိုး လာခဲ့သည်။ ၁၁ရာစုမှ ၁၉ရာစုအထိ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသော မြန်မာစာသည်
၁၉ရာစုကုန်ခါနီးတွင် မြန်မာနိုင်ငံအင်္ဂလိပ်လက်အောက် ကျရောက်ချိန်တွင် ညှိုးညှိုးမှိန်မှိန်ဖြစ် လာရသည်။

ဆရာကြီး ဒေါက်တာ ဂျေအက်စ်ဖာနီဗယ်၏ စကားဖြင့် ဆိုရလျှင် မြန်မာစကားသည် ထီးသုံး နန်းသုံးစကားဘဝမှ မီးဖိုချောင်သုံး စကား ဘဝသို့ လျှောကျခဲ့ရသည်။

သို့သော် စေတနာလည်းမှန်၍၊ အမြော်အမြင်လည်းရှိသော ပညာ ရှင်များ၏ ကြိုးပမ်းမှုကြောင့် မြန်မာ စာသည် မူလနေရာသို့ တဖြည်းဖြည်း ပြန်ရောက်လာရသည်။ တက္ကသိုလ် တွင် တင့်တင့်တယ်တယ်သင်ကြားရ သည့် ဘာသာရပ်အဖြစ်သို့ ရောက် လာရ သည်။ ခေတ်မီတိုးတက်သော အမြင်ဖြင့် ရေးသားသော စာကောင်း ပေမွန်များ ပေါ်ပေါက်လာရသည်။

“ဗမာပြည်သည်တို့ပြည်၊
ဗမာစာသည်တို့စာ၊
ဗမာစကားသည်တို့စကား၊
တို့ပြည်ကိုချစ်ပါ၊
တို့စာကို ချီးမြှင့်ပါ၊
တို့စကားကို လေးစားပါ”

ဟူသော တို့ဗမာအစည်းအရုံး ၏ ကြွေးကြော်သံနှင့်အညီ မြန်မာ စာ မြန်မာစကား၏ အရှိန်အဝါ သည် မြင့်မားလာရသည်။

    မြန်မာနိုင်ငံ လွတ်လပ် ရေးရချိန်တွင် မြန်မာစာကို ရုံးသုံးကျောင်းသုံးစာအဖြစ် နိုင်ငံတော်က ပြဋ္ဌာန်းလိုက် သည်။  အစဉ်အဆက်ေ ပ်ါပေါက်လာခဲ့ သော ဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးတွင် မြန်မာစာကို ရုံးသုံးကျောင်း သုံးစာ အဖြစ် နေရာပေးအသိအမှတ် ပြုထား သည်။

ယနေ့တွင် အကြောင်းကြောင်း ကြောင့် မြန်မာစကားပြောဆိုမှု၊ မြန် မာစာရေးသားမှုတို့တွင် အတိမ်း အချော်များရှိလာသောအခါ ဝိုင်းဝန်း ၍ ပြောဆိုကြ ဆွေးနွေးကြသည်။ ထောက်ပြကြသည်။ တည့်မတ်ထိန်း သိမ်းပေးကြသည်။

ကျွန်တော်သည် ထိုအကြောင်း များကို တမျှော်တခေါ်စဉ်းစားမိရင်း မြန်မာစာကို လေးစားမြတ်နိုးတန် ဖိုးထားသော စိတ်ဖြင့် ‘မြန်မာစာ’ ဟူသော ဝေါဟာရကို နာမည်တပ် အသုံးပြုကာ အစုလိုက်၊အဖွဲ့လိုက် ဆောင်ရွက်လှုပ်ရှားခဲ့ကြသော ပုဂ္ဂိုလ်များနှင့် ဆောင်ရွက်မှုများကို သတိရမိပါသည်။

ရန်ကုန်တက္ကသိုလ်သည် မြန်မာ စာဖွံ့ဖြိုးရေးအတွက် ရေခံမြေခံ ကောင်းတစ်ခုဖြစ်သည်။ ရန်ကုန် တက္ကသိုလ်မြန်မာစာဌာနသည် တက္ကသိုလ်မြန်မာစာသင်ကြားရေး တွင် အချက်အချာဌာနဖြစ်သည်။ ကိုလိုနီခေတ်တွင် ဆရာကြီးဦးဖေ မောင်တင် ဦးဆောင်သော ‘မြန်မာ စာသမား’များက ‘ခေတ်စမ်းစာပေ’ ခေါ် စာသစ်ပေသစ်တစ်မျိုးကို ဖန် တီးခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တွင် ရန်ကုန်တက္ကသိုလ်မြန်မာစာ ဌာနဝန်းကျင်၌ ပေါ်ပေါက်လာသော ဝေါဟာရတစ်ခုရှိပါသည်။ မြန်စာ ဂုဏ်ဆိုသော ဝေါဟာရဖြစ်သည်။ မြန်မာစာပါမောက္ခဆရာကြီး ဦးဧမောင်လက်ထက်တွင် မြန်မာစာ ဂုဏ်ထူးတန်းမှာ ပညာဆည်းပူးပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့ရသော ပုဂ္ဂိုလ်များ က ‘မြန်စာဂုဏ်’ဟူသော ဝိသေ သနထည့်ကာ ကလောင်နာမည်ယူ ပြီး စာပေများ ရေးသားကြသည်။ ‘မြန်စာဂုဏ်’သည် ‘မြန်မာစာ၏ဂုဏ်’ သို့မဟုတ် ‘မြန်မာစာဂုဏ်ထူးဘွဲ့ရ သူ’ဟု အဓိပ္ပာယ်ရပါသည်။ ကျွန် တော်လေ့လာမိသလောက် ‘မြန်စာ ဂုဏ်’တပ်၍ စာရေးသော ပုဂ္ဂိုလ် များမှာကျွန်တော့်ဆရာ၊ဆရာမများ ဖြစ်သော မြန်စာဂုဏ်ကျော်မြင့်  ၊ မြန်စာဂုဏ်တင်မော်ေ ဌး၊ မြန်စာဂုဏ် မြင့်ကြည်၊ မြန်စာဂုဏ်စံတင်၊ မြန်စာ ဂုဏ်မြမြသန်း၊ မြန်စာဂုဏ်မြိုင်သန့်၊ မြန်စာဂုဏ်မျိုးဆွေ၊ မြန်စာဂုဏ်ခင် ခင်အေး တို့ဖြစ်ပါသည်။ အားလုံး ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှ ဆရာ၊ဆရာမများဖြစ်သည်။ ထိုဆရာ၊ ဆရာမများတွင် ‘မြန်စာဂုဏ်   ကျော်မြင့်’  ကလောင်နာမည်ဖြင့် ရေး သော ဆရာဦးဖိုးကျော်မြင့်မှာ စာရေး အများဆုံးဖြစ်ပါသည်။ စာအုပ်များ၊ ဆောင်းပါးများ အများ အပြားရေးခဲ့ သည်။ အမျိုးသားစာပေဆုများလည်း ရခဲ့သည်။ ဆရာမှာ လွန်ခဲ့သော နှစ် ၄ဝကျော်က ရုတ်တရက်ကွယ်လွန် သွားရှာပါ သည်။ ကျန်ဆရာ၊ဆရာမ များ၏ စာများများစားစား မတွေ့ ရပါ။

ဆက်စပ်နှီးနွှယ်၍ဖော်ပြရလျှင် မန္တလေးတက္ကသိုလ်မြန်မာစာဌာနမှ ဂုဏ်ထူးဘွဲ့ရသည့် ဆရာ၊ဆရာမ များကလည်း ‘မန်းစာဂုဏ်’ ဟူသော ဝိသေသနထည့်ကာ ကလောင်နာ မည်ယူ၍ စာရေးကြသည်ကို တွေ့ ရပါသည်။ သတိထားမိသမျှ ‘မန်းစာဂုဏ်တင်ထွန်း၊ မန်းစာဂုဏ် တင်မြင့်၊ မန်းစာဂုဏ်ငွေစန်း’ တို့ဖြစ်သည်။ မြန်မာစာ၏ အင် အားများ တိုးပွားကျယ်ပြန့်လာ သော အဓိပ္ပာယ်ဖြစ်ပါသည်။
‘မြန်မာစာ’ဝိသေသနပါသော အသင်းတစ်သင်းမှာ ‘မြန်မာပြန့်’ ဟူသော အတိုကောက်နာမည် ဖြင့် ထင်ရှားသော ‘မြန်မာစာပေ ပြန့် ပွား ရေးအသင်း’ ဖြစ်သည်။ ထိုအသင်းတွင် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်မှာ ဆရာမောင်ကြည် ရှင်(ဘုတလင် ဦးချင်းစိန်)ဖြစ်သည်။ ‘အနုပညာစာ ပေမှာ ပေါင်းလျာဝပ်စင်း ယဉ်ကျေး ခြင်း’ဟူသော ဆောင်ပုဒ်ဖြင့် စာပေ လှုပ်ရှားမှုများ ဆောင်ရွက် ခဲ့သည်။ ‘အနုပညာလောက’ စာစောင် ၃အုပ် နှင့် အထိမ်းအမှတ်စာအုပ်များ ထုတ် ဝေခဲ့သည်။ ‘မြဝတီဦးစ၊ လက်ဝဲ နော်ရထာ၊ ဝန်ကြီး ပဒေသရာဇာ၊ ကျော်အောင်စံထား၊ ဂီတနက်သန်ကို စောညိန်း’စသည့်  အထိမ်းအမှတ်စာ အုပ်များ ဖြစ်သည်။  စာပေတန်ဖိုးကြီး မား လှသော ဆောင်းပါးများစု စည်း ထားခြင်းဖြစ်သည့်အတွက် အကိုး အကားပြုရန် စာအုပ်များဖြစ်သည်။ ‘မြန်စာပြန့်’ အသင်းရပ်နား သွားပြီး နောက် ယခုအခါ ဆရာကြီး ဦးဌေး မောင်၊ ဆရာမကြီး ဒေါ်ကြွံယ်ကြွယ် စသည့် ပုဂ္ဂိုလ်များ ဦးဆောင်၍ ပြန် လည်လှုပ် ရှားနေကြောင်း သိရပါ သည်။ အလွန်ဝမ်းသာစရာကောင်း ပါသည်။

‘မြန်မာစာပေချစ်မြတ်နိုးသူ များအသင်း’သည်လည်း နောက်ပိုင်း မှာပေါ်ပေါက်လာသော အသင်းဖြစ် သည်။ ‘မြန်စာချစ်’ ဟုအတို အကောက် ခေါ်သည်။ ဆရာကြီး ဂုဏ်ထူးဦး သိန်းနိုင်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက် ၍ စာရေးဆရာများ၊ စာပေဝါသ နာရှင်များ ပါဝင်ေ ဆာင်ရွက်လျက် ရှိသည်။ မြန်မာစာတိုးတက်ဖွံ့ဖြိုး ရေးအတွက် စာအုပ်ထုတ်ဝေခြင်း၊ ဟောပြောပွဲများ ကျင်းပခြင်းစ သည့်လှုပ်ရှားမှု များကို ဆောင်ရွက် လျက်ရှိပါသည်။

နောက်ဆုံးဖော်ပြလိုသော အသင်းမှာ ရန်ကုန်ပညာရေး တက္ကသိုလ်မှ မြန်မာစာကျောင်းသား ကလေးများ (ဆရာကောင်း၊ ဆရာ မကောင်းများ)ဖြင့် ဖွဲ့စည်းထားသော ‘မြန်မာ့ရင်သွေးမြန်မာစာမြတ်နိုး သူများအသင်း’ဖြစ်သည်။ မြန်မာစာ ချစ်သော

လူငယ်များစုပေါင်းကာ မြန်မာစာဖွံ့ဖြိုးရေးအတွက် ကြိုးစား ဆောင်ရွက်ကြသည်။ ‘ကမ္ပည်းသစ်’ ခေါ်စာစောင်ကလေးများကို ထုတ် ဝေ ကြသည်။ ‘ကမ္ပည်းသစ်’တွင် ဖတ်ချင်သဖွယ် ‘စာဟောင်းစာ ကောင်း’များ ထည့်သွင်းထားသကဲ့ သို့ လူငယ်များ ရေးသားသော ‘စာ
သစ်စာကောင်း’များလည်း ပါဝင် သည်။ တစ်ဖက်တွင် အစဉ်အလာကို တမြတ်တနိုးထိန်းသိမ်းကာ တစ် ဖက်တွင် အသစ်ဖန်တီးရန် ကြိုးစား နေကြသော ‘မြန်မာ့ရင်သွေး မြန် မာစာမြတ်နိုးသူကလေးများ’၏ စေ တနာနှင့် ကြိုးပမ်းမှုတို့ကို သာဓု ခေါ်ရပါသည်။

ကျွန်တော့်စိတ်အာရုံတွင် ‘မြန် စာဂုဏ်’၊ ‘မြန်စာပြန့်’၊ ‘မြန်စာချစ်’၊ ‘မြန်မာ့ရင်သွေး’ဟူသော နာမည် ကလေးများသည် လင်းလင်းလက် လက်လှုပ်ရှားလည်ပတ်နေပါတော့ သည်။

မောင်ခင်မင်(ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*