တရုတ်နိုင်ငံ ရှောင်လင်ကျောင်းတော်ကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာ့သိုင်းပြောင်းပြန် ဆရာတစ်ဦး

တရုတ်နိုင်ငံ ရှောင်လင်ကျောင်းတော်ကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာ့သိုင်းပြောင်းပြန် ဆရာတစ်ဦး
July 11, 2016 Asian Fame

7:30 am
တရုတ်နိုင်ငံ ရှောင်လင်ကျောင်းတော်ကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာ့သိုင်းပြောင်းပြန် ဆရာတစ်ဦး

mart

မြန်မာ့သိုင်းပြောင်းပြန် ပညာရပ်ကို လက်ဆင့်ကမ်း ဖြန့်ဖြူးနိုင်ဖို့ အတွက် ရှမ်းလူမျိုး သိုင်းပြောင်းပြန် ဆရာကြီး ဦးမောင်လေး တည်ထောင်ခဲ့တဲ့ ခူးကာချန့် သိုင်းပြောင်း ပြန်သင်တန်းကျောင်းမှ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှာ သိုင်းသင်တန်းကျောင်းတွေကို ဖွင့်လှစ်သင်ကြားပေးခဲ့လျက်ရှိပါတယ်။ နိုင်ငံ တကာကိုပညာရပ် ဖြန့်ဖြူးနိုင်ဖို့အတွက်လည်း သိုင်းပြောင်းပြန် ပညာရဲ့သမိုင်း၊ သိုင်းပြောင်းပြန် ဆရာကြီး ဦးမောင်လေးရဲ့ အကြောင်းနဲ့ သိုင်းပြောင်းပြန် အခြေခံပညာရပ်များကို အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြုစုထားတဲ့ စာအုပ်ကလည်း အဆိုပါ သင်တန်းကျောင်းမှ စက်တင်ဘာလအတွင်းမှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

သိုင်းပြောင်းပြန် ပညာရပ် ပြန့် ပွားစေနိုင်ဖို့အတွက် သိုင်းပြောင်း ပြန်ဆရာကြီးများက အရှိန်အဟုန် ဖြင့် ကြိုးပမ်းနေကြပြီး ဇူလိုင်လ ပထမပတ်အတွင်းမှာတော့ သိုင်း ပြောင်းပြန်ပင်မဆရာကြီး ဦးသိန်း အေးက သူ့ရဲ့တပည့်ဖြစ်သူ ဆရာ ဦးဌေးရှိန်ကို တရုတ်ပြည် ဟန်နန်ပြည်နယ်၊ တန့်ဖန်းမြို့မှာရှိတဲ့ ရှောင်လင်သင်တန်းကျောင်းရဲ့ စည်းကမ်းစနစ်ပိုင်း၊ ကမ္ဘာကိုဖြန့်ချိတဲ့ မီဒီယာစနစ်နဲ့ ပညာရပ်လက်ဆင့် ကမ်း ဖြန့်ဝေမှုအပိုင်းတွေကို သွား ရောက်လေ့လာစေခဲ့ပါတယ်။

” ရှောင်လင်က ကမ္ဘာကသိတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် သူ့မှာ ထူးခြားတဲ့အရည်အချင်းရှိတဲ့ စနစ်တစ်ခုတော့ရှိမယ်။ သူတို့ရဲ့ ပညာရပ်ကို လေ့လာတာမဟုတ်ဘဲ စည်းစနစ်ပိုင်း၊ ကမ္ဘာကိုဖြန့်ချိတဲ့ မီဒီယာအပိုင်းတွေကို အတွင်းကျကျ သိချင်လို့ လေ့လာစေခဲ့တာပါ” လို့ ဆရာကြီးဦးသိန်းအေးက ရှင်းပြခဲ့ပါ တယ်။ ဆရာကြီးဦးသိန်းအေးရဲ့ စီစဉ်မှုနဲ့အတူ တစ်ပတ်ကြာ တရုတ် ပြည်ခရီးသွားရောက်ခဲ့ပြီး ရှောင်လင် သင်တန်းကျောင်းတွေကို လေ့လာခဲ့ တဲ့ ဆရာဦးဌေးရှိန်က..

” အဓိကကတော့ တရုတ်ပြည်က တိုက်ခိုက်ရေးပညာနဲ့ပတ်သက်လို့ နာမည်ကြီးတယ်ပေါ့။ နာမည်ကြီး တော့ ဆရာကလည်း ရှောင်လင်ကျောင်းကို သွားလေ့လာခဲ့တာပါ။ သူတို့ပညာရပ်တွေကို ဘယ်လိုစနစ် နဲ့ ထိန်းသိမ်းလဲ၊ ဘယ်လိုပြန့်ပွား အောင်လုပ်ကြသလဲ၊ အင်နဲ့အားနဲ့ သင်တန်းသားတွေအများကြီးဖြစ် လာအောင်နဲ့ သင်တန်းသားတွေကို ဘယ်လိုပို့ချလဲဆိုတာ လေ့လာဖို့ သွားပါလို့ လွှတ်လိုက်တဲ့အတွက် သွားရောက်လေ့လာခဲ့ပါတယ်” လို့ ပြောပါတယ်။ ဦးဌေးရှိန်အနေနဲ့ တန့်ဖန်းမြို့မှာရှိတဲ့ ရှေးဟောင်းရှောင်လင် ဘုန်း ကြီးကျောင်းကိုလည်း သွားရောက် လေ့လာဖြစ်ခဲ့သလို ရုရှားသမ္မတ ပူတင် ကိုယ်တိုင်လာရောက်လေ့လာခဲ့တဲ့ ရှောင်လင်သင်တန်းကျောင်းကို သွားရောက်လေ့လာခဲ့ပေမယ့် ကျောင်းကပွဲနဲ့ တိုက်နေတာမို့ သူ့ရဲ့ ကျောင်းခွဲဖြစ်တဲ့SHAOLIN EPO WUSHU ZHUANXIUYUAN သင်တန်း ကျောင်းကိုပဲ သွားရောက်လေ့လာ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

” ဒီကျောင်းက အခြေခံပညာ ကနေ တက္ကသိုလ်ဘွဲ့ရတဲ့အထိ ရှိတယ်။ သင်တန်းပြီးသွားရင် ဘွဲ့ပေးအပ်နှင်းတယ်ပေါ့။ အကျယ်အဝန်းကတော့ ဧက ၅ဝ ဝန်းကျင်လောက် ကျယ်ဝန်းတယ်။ တစ်နှစ်သင်တန်း ကြေးကတော့ အသက်နဲ့ အတန်း အလိုက် ယွမ် ၇ဝဝဝ ကနေ ယွမ် ၁၉၈ဝဝ အထိရှိတယ်။ သင်တန်းသား ၈ဝဝဝ လောက်ရှိပြီး သင်တန်းပို့ချတဲ့ဆရာက ၂ဝဝ နဲ့ အက်မင် ၁ဝဝ ကျော်ရှိတယ်။ ကျောင်းအိပ် ကျောင်းစားနေရပြီးတော့ အခန်းတစ်ခန်းမှာ ကျောင်းသား ၆ ယောက်နေရတယ်။ အခန်းထဲမှာ နှစ်ထပ်ခုတင်၊ တီဗီ၊ အဲကွန်း၊ ရေချိုးခန်း၊ အိမ်သာ အပြည့်အစုံစီစဉ်ပေးထားတယ်” လို့ ဆရာဦးဌေးရှိန်က သူလေ့လာခဲ့တဲ့ ကျောင်းရဲ့အခြေအနေကို မျှဝေပြော ပြခဲ့ပါတယ်။

သင်တန်းသားအားလုံး မနက် စောစော အပြေးလေ့ကျင့်ခန်း လုပ်ရပြီး စာသင်ချိန်နဲ့ တိုက်ခိုက်ရေးသိုင်းသင်ချိန်တွေကလည်း တစ်ဝက်စီ သတ်မှတ်ထားပြီးတော့ စာသင်ခန်း နဲ့ သိုင်းသင်တဲ့အခန်းတွေမှာလည်း ပစ္စည်းကိရိယာ အစုံအလင်ထားရှိ တယ်လို့လည်း သိရပါတယ်။ စည်း ကမ်းပိုင်းဆိုင်ရာကို တင်းကျပ်ထားပြီးတော့ဧည့်တွေ့ချိန်မှာလည်းအက်မင်ရဲ့ ခွင့်ပြုချက်ရမှသာ တွေ့ခွင့်ရပြီး နှစ်ကူးကျောင်းပိတ်ရက်မှာ နှစ်ပတ်သာ အိမ်ပြန်ခွင့်ရှိကြောင်းလည်း ဆရာ ဦးဌေးရှိန်က ပြောပြပါတယ်။

” သန့်ရှင်းရေးဝန်ထမ်းမထားဘဲ ကျောင်းသားတွေကိုယ်တိုင် သန့်ရှင်းရေးလုပ်ကြရတယ်။ နောက်ပြီးတော့အပြစ်ရှိတဲ့ ကျောင်းသားတွေကို လည်း ခြေထောက်တွေ မိုးပေါ်ထောင်ခိုင်းပြီး ဒဏ်ပေးတဲ့စနစ်ကိုလည်း တွေ့ခဲ့ရတယ်” လို့ ထပ် လောင်းပြောပြခဲ့ပါတယ်။ ကျောင်းပညာနဲ့ တိုက်ခိုက်ရေးပညာကို မသင်မနေရစနစ်နဲ့ တွဲသင်ပေးပြီး စည်းကမ်းပိုင်း၊ စနစ်ပိုင်းကောင်းမွန်တဲ့အပြင် ကျောင်းသား ၈ဝဝဝ ကျော်အင်အားနဲ့ မိဘများရဲ့ အားပေးမှု၊ နိုင်ငံတော်အစိုးရပိုင်းရဲ့ ပံ့ပိုးမှုတွေကြောင့် ကျောင်းပြီးလို့ နိုင်ငံ့တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း တိုက်ခိုက်ရေးပညာက ပြည့်စုံနေပြီ ဖြစ်တဲ့အကြောင်းကိုလည်း..

” ဒီလိုမျိုး အင်နဲ့အားနဲ့ဖြစ်လာအောင် မိဘကိုယ်တိုင်ကရော၊ နိုင်ငံတော်အစိုးရပိုင်းကရော တိုင်းပြည်တည်ဆောက်ရေးအတွက်ကို လိုအပ် တယ်ဆိုပြီး ပညာရေးနဲ့ တိုက်ခိုက်ရေး ပညာတွဲသင်တာပေါ့။ ဒီကျောင်းက ထွက်လာတဲ့သူတွေ စစ်တပ်ထဲဝင်တာရှိသလို ရဲတပ်ဖွဲ့ထဲဝင်တာရှိတယ်။ ဒီတော့ တိုက်ခိုက်ရေးပညာ က ပြည့်စုံနေပြီလေ” လို့ သူ့အမြင်ကို ပြောပြခဲ့ပါတယ်။ သိုင်း ပြောင်းပြန်ပင်မဆရာကြီး ဦးသိန်းအေးကလည်း

” ရှောင်လင်ကျောင်းအကြောင်း လေ့လာပြီး အဲဒီလိုမဖြစ်သည့်တိုင်အောင် အဲဒီနီးပါးဖြစ်အောင် တဖြည်းဖြည်းလုပ်ယူရမယ်။ သူများဖြစ်တာကို သွားရေကျနေရုံနဲ့ မပြီးဘူး။ ဖြစ်အောင်လုပ်ကြရမယ်။ ငွေရေးကြေးရေးပိုင်း၊ စိတ်ဓာတ်ရေးရာပိုင်း အများကြီးပြုပြင်ရမယ်။ နိုင်ငံတော်အပိုင်း၊ မိဘ၊ ဆရာ ဒီ ၃ ခုရဲ့ ပံ့ပိုးမှုလိုတယ်။ ရပ်နေလို့တော့ မရဘူး။ လှုပ်တော့ လှုပ်ရှားနေရ မယ်။ ဒါပေမဲ့ အချိန်တော့ပေးရမယ်” လို့ သိုင်းပြောင်းပြန်ပညာရပ် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမယ့် အကြောင်းအရာတွေကို ဖွင့်ဟခဲ့ပါတယ်။ သိုင်းပြောင်းပြန် ဆရာကြီး ဦးဌေးရှိန်သွားရောက်လေ့လာခဲ့တဲ့ ရှောင်လင်သင်တန်းကျောင်းကတော့ ၁၉၉၅ ခုနှစ်က မစ္စတာလီယွမ်ကွမ်းဆိုသူက တည်ထောင်ခဲ့တာဖြစ်ပြီးတော့ အဆိုပါ သင်တန်းကျောင်းအတွက် ယွမ်သန်း ၂ဝဝ ရင်းနှီးမြှုပ်နှံ ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*