2:06 am

မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ ဇွန်လ ၁ဝ ရက်နေ့ည တော ကြီးမျက်မည်းထဲက ချောင်းရေအလျဉ်ကြားမှာ မွေးကင်းစတောဆင်မ လေးဟာ မွေးသမိခင်ရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ ပြုစုစောင့်ရှောက်မှု ကင်းကွာခဲ့ရပါတယ်။ လူသားတို့ကြား သူ့မိခင်ဟာ ဆင်တစ်ကောင် လားဆိုတာ သူသိနိုင်မှာ မဟုတ်တော့ပါဘူး။ လူသားတွေကိုပဲ အမေထင်၊ ဆင်ဆိုတာ သူမသိဘဲ နို့ဘူးလေးတွေနဲ့ အနောက်တိုင်း ဖြစ် နို့မှုန့်တွေက သူ့ကိုအားမဖြစ်စေ။ မွေးသမိခင်ရဲ့ နို့ဦးရေဆိုတာ သူ မသိ၊ မိခင်နို့ကို ဘယ်လိုစို့ သောက်ရမယ်ဆိုတာ သူနားမလည်၊ မွေးစားမိခင်တွေဆီက ထိုက်သင့်သော မေတ္တာတရားကိုတောင် မရရှိခင်မှာဘဲ သူ လောကကို စွန့်ခွာခဲ့ပြီ။
မွေးဖွားရာဒေသကနေ တောတောင်အထပ်ထပ်ကို ကျော်ဖြတ် ရင်း မိခင်သစ်ရှာပုံတော်ခရီးက သူ့အတွက် ခက်ခဲသလို ပင်ပန်းနွမ်း နယ်မှုတွေကြောင့် သနားစဖွယ် တောဆင်မလေး မိကောက်ရ (ခ) မိချောဟာ ဆင်ဆရာဝန်လေးကိုပဲ အမေထင်ပြီး နွေးထွေးမှုကို ရယူ ခဲ့ရပါတယ်။ ဆင်ဆရာဝန်လေးရဲ့ သားချော့တေးနဲ့ရင်ခွင်ကြား နွမ်း နယ်မှုတွေဖြေသိမ့်အိပ်စက်ရင်း သူမရရှိခဲ့တဲ့မိခင်မေတ္တာကို အပြည့် အဝ ခံစားနေရတဲ့ ချစ်စဖွယ်အမူအရာလေးဟာ အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက်လို….။
သူ့အတွက် သစ်တောအရာရှိတွေ၊ သစ်ထုတ်လုပ်ရေး ဆင် ဆရာဝန်တွေက အစွမ်းကုန်ပြုစုကြသလို ဆင်စခန်းမှာရှိတဲ့ သား သည်အမေတွေက သူတို့ဆီက နို့ရည်တွေကို ညှစ်တိုက်ကြပေမယ့် ရက် ၂ဝ ကျော်ကြာ ခက်ခဲစွာရပ်တည်ရင်း လောကကို ခါးသီးစွာစွန့် ခွာသွားခဲ့ပါပြီ။နောင်ဘဝတွေများသာ ရှိခဲ့တယ်ဆိုရင် သမီးလေး မိကောက်ရ သို့တည်းမဟုတ် မိချောလေးဆိုသော တောဆင်မလေး မွေးသမိခင် ရဲ့နွေးထွေးကြီးမားတဲ့ မေတ္တာတရားနဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ လွတ်လပ်ပျော်ရွှင်စွာနဲ့ ဘဝခရီးကို ဖြတ်သန်းနိုင်ပါစေလို့….။
ဓာတ်ပုံ – ကိုမျိုး ၊ ခွန်လတ်

ဝမ်းပျက်ဝမ်းလျှောဝေဒနာ ခံစားနေရသော တောဆင်မလေး မိကောက်ရ (ခ) မိချောအား သရက်စမ်း ဆင်စခန်းရှိ ဝန်ထမ်းမိသားစု သားသည်အမေများက
သူတို့၏မိခင်နို့ရည်များဖြင့် တိုက်ကျွေးပြုစုရန် ဆောင်ရွက်နေကြစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှတစ်ဆင့် ဟင်္သာတခရိုင်၊ သီတာကုန်းမြင့် ကျောက်ခဲချောင်းကျေးရွာရှိ သစ်တောဦးစီးဌာန ယန္တရားစခန်းတွင်
တစ်ညတာရပ်နားစဉ်အတွင်း တိုင်း/ခရိုင်/မြို့နယ်အဆင့် ဆင်ဆေးကုဆရာဝန်များက
တောဆင်မလေး မိကောက်ရ (ခ) မိချောအား ကျန်းမာရေးကောင်းမွန်စေရန်အတွက် လမ်းလျှောက်လေ့ကျင့်ပေးနေစဉ်

တောဆင်မလေး မိကောက်ရ (ခ) မိချော

ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ သရက်စမ်း ဆင်စခန်းရှိ ကလေးငယ်များက တောဆင်မလေး မိကောက်ရ (ခ) မိချောအား နှစ်ခြိုက်စွာ အိပ်ပျော်စေရန်
သူတို့၏လက်များဖြင့် ပွတ်သပ်ချော့မြှူနေကြသည်ကို တွေ့ရစဉ်

ဟင်္သာတခရိုင်၊ သီတာကုန်းမြင့် ကျောက်ခဲချောင်းကျေးရွာရှိ သစ်တောဦးစီးဌာန ယန္တရားစခန်းတွင် တောဆင်မလေး မိကောက်ရ (ခ) မိချောအား
လက်ထောက်မန်နေဂျာ ဆင်ဆေးကုဆရာဝန် ဒေါက်တာမျိုးမင်းအောင်က တေးဆိုချော့သိပ်နေစဉ်

ပုသိမ်မြို့နယ်ရှိ သစ်တောဝန်ထမ်းအိမ်ရာရှိ မိသားစုများနှင့် ရင်းနှီးပျော်ရွှင်စွာ
ကစားနေသော တောဆင်မလေး မိကောက်ရ (ခ) မိချောအား
သူမ၏ ဆင်ထိန်းနှင့်အတူ တွေ့ရစဉ်

ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ သရက်စမ်း ဆင်စခန်းရှိ ကလေးငယ်များနှင့်အတူ တောဆင်မလေး မိကောက်ရ (ခ) မိချောတို့ ပျော်ရွှင်စွာ လမ်းလျှောက်
ဆော့ကစားနေကြသည်ကို တွေ့ရစဉ်

ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ သရက်စမ်းဆင်စခန်း၌ ညဘက် အိပ်စက်အနားယူနေသော တောဆင်မလေး မိကောက်ရ (ခ) မိချောအား ခန္ဓာကိုယ် နွေးထွေးမှုရစေရန်အတွက် အိမ်ရာခြုံစောင်များဖြင့် ထားရှိသည်ကို တွေ့ရစဉ်

ငပုတောမြို့နယ် ဆင်မုံကြိုးဝိုင်း၊ သစ်ကွက်အမှတ်(၂၅)၊ အနောက်ငရုတ်ကောင်းသို့သွားသောလမ်း၊ မိုင်တိုင် ၇ မိုင် ၂ ဖာလုံ၊ ရေပေါက်မြောင်နေရာအနီးတစ်ဝိုက်ဝယ် ရွာသားများ ခြောက်လှန့်ကြသဖြင့် မိခင်ဆင်မကြီး ထွက်ပြေးသွားခြင်းကြောင့် တစ်ကောင်တည်း ကျန်ရစ်ခဲ့သောတောဆင်မလေး မိကောက်ရ (ခ) မိချောအား တိုင်း/ခရိုင်/မြို့နယ်အဆင့် ဆင်ဆေးကုဆရာဝန်များက အထူးကြပ်မတ်လျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှတစ်ဆင့် ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ သရက်စမ်း ဆင်စခန်းသို့ပို့ရန် ဆောင်ရွက်နေစဉ်

ဟင်္သာတခရိုင် ကြံခင်းမြို့နယ်၊ သရက်စမ်း ဆင်စခန်း၌ ဝမ်းပျက်ဝမ်းလျှောဝေဒနာ ခံစားနေရသော တောဆင်မလေး မိကောက်ရ (ခ) မိချောအား တိုင်း/ခရိုင်အဆင့် ဆင်ဆေးကုဆရာဝန်များက ၂၄ နာရီပတ်လုံး အထူးကြပ်မတ်ကုသပေးသော်လည်း ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်ခန့်အချိန်တွင် သေဆုံးသွားခဲ့သည်။
Comment (1)
-
Have actually been taking little over a month.