ရန်ကုန်မြို့ကို ဝန်းရံနေတာက လယ်ကွင်းတွေ ဖြစ်တယ် . . . လယ်ကွင်းတွေကို ကျွန်တော်တို့က မြို့သစ်တွေ ပြောင်းလိုက်မယ်ဆိုတဲ့ အစီအစဉ်တွေ ရှိတယ် . . .

ရန်ကုန်မြို့ကို ဝန်းရံနေတာက လယ်ကွင်းတွေ ဖြစ်တယ် . . . လယ်ကွင်းတွေကို ကျွန်တော်တို့က မြို့သစ်တွေ ပြောင်းလိုက်မယ်ဆိုတဲ့ အစီအစဉ်တွေ ရှိတယ် . . .
July 6, 2016 Asian Fame

6:05 am
ရန်ကုန်မြို့ကို ဝန်းရံနေတာက လယ်ကွင်းတွေ ဖြစ်တယ် . . . လယ်ကွင်းတွေကို ကျွန်တော်တို့က မြို့သစ်တွေ ပြောင်းလိုက်မယ်ဆိုတဲ့ အစီအစဉ်တွေ ရှိတယ် . . .

interview 29

ဆောက်လုပ်ရေးဝန်ကြီးဌာနက အစိုးရသစ်သက်တမ်း ၅နှစ်တာအတွင်း တန်ဖိုးသင့် ၊ တန်ဖိုးနည်း အိမ်ရာများကို ဆောက်လုပ်သွားမည်ဟူ၍ သိရသည်။ အဆိုပါ စီမံကိန်းကို အလွှာအသီးသီးမှ ပြည်သူများ အထူးစိတ်ဝင်စားကြသည်။ သို့ရာတွင် စီမံကိန်းကြောင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သလောဟူ၍ စိုးရိမ်ပူပန်သူများလည်း ရှိနေကြသည်။ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ ၅ နှစ်တာ အိမ်ရာ စီမံကိန်းနှင့်ပတ်သက်၍ ယင်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဦးကျော်လင်းအား တွေ့ဆုံ၍ အသေးစိတ် မေးမြန်းခဲ့သည်တို့ကို တင်ပြအပ်ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဦးကျော်လင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

ယခင်အပတ်မှအဆက်

၁၂ဝဝနဲ့ မြှောက်ပြီးပေးလိုက်မှာ။ တစ်ဒေါ်လာ ၁ဝဝဝ ကျပ်ဆို ပြီးကျသွားတယ်ဆိုရင်တော့ ဘဏ်က မြတ်မယ်။ အဲဒီအချိန်မှာ ၁၂ဝဝ ကနေ ၁၄ဝဝ တက်သွားရင် တော့ ဘဏ်က ရှုံးသွားပြီ။ ဒီလို စွန့်စားမှုမျိုးလည်း နည်းလမ်း ၂ မှာတွေ့ရတယ်။ သို့သော်လည်းပဲ နိုင်ငံခြားဘဏ်နဲ့ ဆက်စပ်လုပ်ငန်း တွေက စွန့်စားမှုများပေမယ့် နိုင်ငံ ခြားဘဏ်တွေရဲ့ အတိုးနှုန်းက နည်းတယ်။ အများ ဆုံးမှ ၄ ဒသမ ၅ ရာခိုင်နှုန်းတို့၊ ၅ ရာခိုင်နှုန်းတို့ပဲ ရှိတယ်။ စွန့်စားမှုယူမယ်ဆိုရင် ယူနိုင်တဲ့ အနေအထားမျိုးရှိတယ်။ တာဝန်ရှိသူတို့သာ ခွင့်ပြုပေးရင် ယူနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့်မို့လို့ အခုလောလော ဆယ်မှာတော့ ဝန်ထမ်းအိမ်ရာတွေ နဲ့ပတ်သက်လို့၊ တန်ဖိုးနည်းအိမ်ရာ တွေနဲ့ ပတ်သက်လို့ စဉ်းစားပေး နေတာက တကယ်လည်း တန်ဖိုး နည်းစေချင်တယ်။ ပြီးတော့မှ ဝန်ထမ်းတွေကို သိန်း ၁ဝဝ အောက်တောင်မှ အမှန်အတိုင်း ပြောမယ်ဆိုရင် ဝန်ထမ်းတွေက သိန်း ၁ဝဝ တောင် ချက်ချင်းပေး နိုင်တဲ့ အနေအထား မရှိပါဘူး။ ဒါကိုလည်းပဲ အရစ်ကျစနစ်နဲ့ အ ခုနပြောသလို ပေးချေသွားနိုင် အောင် အမျိုးမျိုးစဉ်းစား ပေးနေ တယ်။ ကျွန်တော်တို့ဌာနအနေနဲ့ အဲဒီအတွက်လည်း ကျွန်တော်တို့ ဌာနပိုင်ဘဏ် ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ် ကိုယ်ပိုင် ဘဏ်ဖွင့်ထားတယ်။ သို့သော် လည်းပဲ ကျွန်တော်တို့ ဘဏ်ရဲ့ အရင်းအနှီးကနည်းနေလို့ အခုနက ပြောသလို နှစ် ၂ဝ ၊ ၂၅ နှစ် ပေးနိုင်ဖို့က ကျွန်တော်တို့ ဘဏ် တစ်ခုတည်း ရပ်တည်လို့ မရတဲ့ အနေအထား ရှိတယ်။ လောလော ဆယ်တော့ ဒါက အခုနကပြောတဲ့ ကိစ္စ။

ဒီလိုဆိုရင် အစိုးရသစ်လက်ထက် ဆောင်ရွက်သွားမယ်ဆိုတဲ့ အိမ် ခန်းပေါင်း တစ်သိန်းရှစ်သောင်းကို ပြီးပြတ်အောင် လုပ်နိုင်ပါ့မလား။

တစ်သိန်းရှစ်သောင်းသော အိမ်ရာတွေကို ဘယ်လိုဆောက် မလဲဆိုတော့ အစိုးရကသာမက ပုဂ္ဂလိကကပါ ဆောက်နိုင်အောင် စည်းမျဉ်း စည်းကမ်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးဖို့လည်းလိုတယ်။ ဒီနေရာမှာ ပြောပြရရင် ကျွန်တော်တို့ လုပ် ဆောင်ချက်တစ်ခုကို နမူနာပြောပြ မယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့နယ်ရယ် ဒဂုံမြို့ သစ် အရှေ့ပိုင်းမြို့နယ်ရယ် ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ်တွေမှာ ပေ ၄ဝ ပေ၆ဝ ပေးထားတယ်။ ၁၉၉ဝ ကျော်တုန်းက ပေးထားတယ်။ သို့ သော်လည်းပဲ သူတို့က ကွန်ကရစ် တိုင်လေးတွေ ဆောက်ပြီးတော့မှ ဘာမှ မဆောက်ဘဲနဲ့ ဒီအတိုင်းပစ် ထားကြတယ်။ ဒါကြောင့် သူလည်း မဆောက် ကိုယ်လည်း မဆောက် သူ့ကြည့် ကိုယ်ကြည့်နဲ့ နေတာက အဲ့ဒါမျိုးက ဧကပေါင်းထောင်နဲ့ ချီ ပြီးရှိတယ်။ ဆိုလိုတာက ဒဂုံဆိပ် ကမ်းမြို့နယ်မှာပဲ ၆၆ ၊ ၆၇ ၊ ၆၈ ရပ်ကွက်တွေ စသည်ဖြင့်ကြည့် လိုက်။ အဲဒီတော့ ဒါတွေကို မင်း တို့မဆောက်ရင် သိမ်းမယ်ဆိုတဲ့ အနေအထား မျိုးမဟုတ်ဘဲနဲ့ ဆို လိုတာကတော့ တကယ်တမ်း ကျရင် သူတို့တွေဟာ ဥပဒေအရ ဆိုရင် မဆောက်ရင် သိမ်းမယ်။ သို့သော်လည်းပဲ ဒီရထားတဲ့သူတွေ ကလည်း ဝန်ထမ်းတွေ ဖြစ်နေတဲ့ အတွက် သူတို့အတွက်လည်း တစ် ဖက်တစ်လမ်းကနေ ပြန်လည်စဉ်း စားပေးရတယ်ဆိုရင် ကျွန်တော် တို့ အဲဒီမှာရှိတဲ့ ပေ ၄ဝ ပေ ၆ဝ အကွက်ပေါင်းက အကွက်ကြီးတစ် ကွက်ကို စဉ်းစားလိုက်မယ်ဆိုရင် အကွက်ပေါင်း ၁ဝဝဝ ရှိတယ်ဆို ပါစို့။ အဲ့ဒီ ၁ဝဝဝ လုံးကို ကျွန် တော်တို့က ရင်းနှီးမြှုပ်နှံသူတစ်ဦး ကို ကျွန်တော်တို့က ပုံစံပေးပြီး ဆောက်ခိုင်းလိုက်မယ်။ ဆောက် ခိုင်းလိုက်ပြီးတော့မှ အဲဒီမြေကွက် ပိုင်ရှင်တွေကို ဒီအထဲကနေမှ တိုက်ခန်းတစ်ခန်း ပေးမယ်။ ဥပ မာဆိုရင် လေးထပ်တွေ ဆောက် မယ်။ ငါးထပ်တွေဆောက်မယ်။ ခြောက်ထပ်တွေ ဆောက်မယ် စသည်ဖြင့် ရင်းနှီးမြှုပ်နှံတဲ့သူက ကျန်တဲ့ အခန်းတွေကို ရသွားမယ်။ မြေပါရသွားမယ်။ မြေကွက်လေးပဲ ပိုင်ထားသူက တိုက်ခန်းလေးပဲရ သွားမယ်။ အဲဒီလို စနစ်မျိုးကို ညှိ နှိုင်းပေါင်းစပ် ပြီးလို့ရှိရင် ဒီငါးနှစ် အတွင်းမှာ အောင်မြင်အောင် လုပ်နိုင်မယ်။ အဲ့ဒီတော့မှ ဒီမှာ အကွက်လွတ်ကြီးတွေ ဖြစ်နေတဲ့ ဒဂုံတောင်တို့ ဆိပ်ကမ်းတို့ ဒဂုံ အရှေ့တို့က လူနေရပ်ကွက်တွေ ဖြစ်လာမယ်။ တိုက်တွေ ဖြစ်လာ မယ်။ တိုက်တွေဖြစ်လာမှ တကယ် ကို လူနေစရာရလာမှ ဒီနေရာတွေ ဟာ ဖွံ့ဖြိုးတိုးတက်လာမယ်။ အဲ ဒီအတွက် ဒီလိုမျိုးဖြစ်လာဖို့ အခုန ပြောတဲ့ အခန်းပေါင်း ၁၈ဝဝဝဝ ဆိုတာ ဒီလိုနေရာတွေက ဖွံ့ဖြိုးတိုး တက်အောင်လုပ်မယ့် အစီအစဉ် တွေလည်း ပါရှိတယ်။ ပါရှိတဲ့အ ခါကျတော့ တကယ်လို့ ရင်းနှီးမြှုပ် နှံသူတွေက ထွက်ခြေကိုက်မှ လည်း ရင်းနှီးမြှုပ်နှံမှာဖြစ်တဲ့အ တွက် ဒီနေရာမှာမြေကွက် ပိုင်ရှင် တွေအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကြားမှာ တိုက်ခန်းတစ်ခန်းနဲ့ အ ဆင်ပြေမလား။ ဒါမှ မဟုတ်ရင် လည်း ငွေကြေးယူမလား။ ဒါမှ မဟုတ်ရင်လည်း အခန်းတစ်ခန်းကို ပေးပြီးတော့ မြေကွက်ပိုင်ရှင်က လည်း စိုက်ပေး။ ဒီလိုစနစ်တွေ သွားမလား စသဖြင့် ညှိနှိုင်းပေါင်း စပ်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိ ပါတယ် ။ဒါတွေဟာ အခုငါးနှစ် အတွင်းမှာ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေဖြစ်တယ်။

ကျူးကျော်တွေရဲ့ နေထိုင်ရေးကို ရော ဝန်ကြီးဌာနဘက်က ဘယ်လို ဆောင်ရွက်ပေးဖို့ ရှိပါသလဲခင်ဗျ။

အခုလက်ရှိ ရန်ကုန်တိုင်းဝန် ကြီးချုပ်ကလည်း ကျူးကျော်တွေကို ရှင်းလင်း ဆောင်ရွက်နေတာတွေ ရှိတယ်။ ကျူးကျော်အရေအတွက် ကလည်း ၄ သိန်းလောက်ရှိတယ်။ဆိုလိုတာကတော့ ဒီအနေအထား တွေနဲ့ ပတ်သက်လာရင် ကျွန်တော် တို့မှာက စဉ်းစားထားတဲ့ ရန်ကုန် မြို့ပတ်လည်မှာ ကျွန်တော်တို့ အ ခြေချနေထိုင်တဲ့ မြို့သစ် ၇ မြို့ပေါ် ပေါက်လာအောင်ျြေအနမ ဏူညေ မှာ ရေးဆွဲထားပြီးသားဖြစ်တယ်။ ရန်ကုန်မြို့ကို ဝန်းရံနေတာက လယ် ကွင်းတွေဖြစ်တယ်။ ဥပမာအား ဖြင့်ပြောရရင် ရွာသာကြီးဘက်မှာ လယ်ကွင်းတွေ ရှိတယ်။ ကြည့်မြင် တိုင်ရဲ့ တစ်ဖက်ကမ်းမှာ လယ် ကွင်းတွေ ရှိနေတယ်။ ဒလမှာ လယ်ကွင်းတွေဖြစ်နေတယ်။ ဒါ တွေက လယ်ကွင်းတွေကို ကျွန် တော်တို့က မြို့သစ်တွေ ပြောင်း လိုက်မယ်ဆိုတဲ့ အစီအစဉ်တွေ ရှိ တယ်။ အဲ့ဒီမှာ တစ်ချက်ရှိတာက မြို့သစ်တွေ ပြောင်းမယ်ဆိုရင် လယ်ကွက်တွေကို ဦးရာလူကဝယ် မယ်။ ဒီလိုမျိုးမဖြစ်ဖို့လည်း ကျွန် တော်တို့ စဉ်းစားထားတာရှိတယ်။ ဒါကနိုင်ငံတကာမှာ ဆောင်ရွက် တဲ့ နည်းစနစ်ပဲ။ နိုင်ငံတကာမှာ လည်း ဒီနေရာမှာ မြို့သစ် တည် မယ်ဆိုရင် အဲဒီလို လျှောက်ဝယ် တော့တာပဲ။ လူတွေကနေပြီးတော့ ပိုက်ဆံရှိတဲ့သူတွေကလည်း ဝယ်။ လယ်သမားတွေကလည်း ဈေး ကောင်းရလာရင် ရောင်းပစ်။ အဲ ဒီမှာ ဈေးကွက်ပျက်ပြီးတော့ တ ကယ်တမ်းကျတော့ စနစ်တကျ အ ကွက်မဖော်ဆောင် နိုင်တော့တဲ့အ တွက် မြို့သစ်တွေကို ပထမဦးဆုံး ဖော်ဆောင်လာတာက ကျွန်တော် တို့ရဲ့ အိမ်နီးချင်း အရှေ့တောင် အာရှ မလေးရှားနိုင်ငံက မြို့သစ် တွေ အင်ဒိုနီးရှားနိုင်ငံက မြို့သစ် တွေ ဘယ်လိုဖော်ဆောင်လဲဆို တာ ကျွန်တော်တို့ အခု နောက်ဆုံး မှာ လေ့လာလိုက်တဲ့အခါကျတော့ သူတို့ဟာ ဒီနေရာကြီးကို မြို့သစ် ဆိုပြီး သတ်မှတ်လိုက်ရော။ အဲဒီ မှာ လယ်ဧက ၁ဝဝဝဝ ပါမယ်ဆို ရင် မြို့သစ်စီမံကိန်းဧရိယာလို့ သတ်မှတ်လိုက်တယ်။ အဲဒီဧက ၁ဝဝဝဝ ထဲမှာ ၈ ထပ် အဆောက် အအုံက ဘယ်နှလုံး၊ ၄ ထပ် အ ဆောက်အအုံက ဘယ်နှလုံး၊ ၂ ထပ်အဆောက်အအုံ က ဘယ်နှ လုံး၊ ဈေး၊ ကျောင်း အကုန်ပါမယ်၊ မီးသတ်စခန်းပါမယ်၊ ဆက်သွယ် ရေးစခန်းပါမယ် စသဖြင့် အဲဒီအ ပြင်အဲ့ဒီလူတွေ အလုပ်လုပ်ဖို့ စက်ရုံ အလုပ်ရုံလေးတွေလည်း အဲဒီအထဲမှာထည့်ထားမယ်။ျြေအနမ ဏူညေ ကြီး ရေးဆွဲပြီးသွား လို့ရှိရင် အဲဒီနေရာမှာ ရင်းနှီးမြှုပ် နှံမယ့် ရင်းနှီးမြှုပ်နှံသူတွေကို ကျွန် တော်တို့က နိုင်ငံတကာက ရင်း နှီးမြှုပ်နှံမယ့်သူတွေကို ဖိတ်ခေါ်ပြ မယ်။ ဒီဟာကြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေက ဒီလောက်ရှိတယ်။

ဒီ အပေါ်မှာ သူ့အနေနဲ့ ဒီအခန်း တွေကို ပြန်ရောင်းမယ်။ ဒါတွေ ပြန်ရောင်းလို့ရမှာတွေက ဘယ် လောက်စသဖြင့် လယ်သမား တွေက တစ်ဧကပိုင်တဲ့ သူသည် တိုက်ခန်းတစ်ခန်း ရမလား။ ဒါမှ မဟုတ်ရင် တိုက်ခန်း တစ်ခန်းအ ပြင် ငွေဘယ်လောက် ရမလဲ။ ဒါမှ မဟုတ်ရင် လယ်နှစ်ဧကကို တိုက် ခန်းတစ်ခန်း၊ လယ်သုံးဧကကို တိုက်ခန်းတစ်ခန်းဖြစ်မယ်။ လယ် လေးဧကကို တိုက်ခန်း တစ်ခန်းဖြစ် မယ်။ တကယ်လို့ လယ်ငါးဧကမှ တိုက်ခန်းတစ်ခန်းရမယ်ဆိုရင် နှစ် ဧကတည်းပိုင်တဲ့သူကို တိုက်ခန်း တစ်ခန်းရဖို့ဆိုရင် သူကငွေအနည်း ငယ် ထပ်စိုက်ရမယ်။ ဆိုလိုတာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ညှိနှိုင်းပြီး တော့ ပွင့်လင်းမြင်သာစွာ ချပြ မယ်။ အဲဒီတော့မှ သာတူညီမျှ ဖြစ် သွားမယ်။ လယ်ငါးဧကပိုင်သူသည် တိုက်ခန်းတစ်ခန်းရမယ်။ အဲဒီ တော့ လယ်နှစ်ဧက ပိုင်သူသည် လျော်ကြေးယူမလား ငွေအနည်း ငယ်စိုက်ပြီး တိုက်ခန်းယူမလား စသဖြင့်ပေါ့ နမူနာပြောတာ။ ဒီလို မျိုးလေးနဲ့သွားရင် ရင်းနှီးမြှုပ်နှံသူ အတွက်လည်း အဆင်ပြေမယ်။ အဲဒီလိုမျိုးလေးတွေ စဉ်းစားပြီး တော့ မြို့သစ်လေးတွေ ကျွန်တော် တို့ ရန်ကုန်နဲ့ အနီးတစ်ဝိုက်မှာ ၇ မြို့ရှိတယ်။ မြို့သစ်တွေကို လေး ငါးနှစ်အတွင်းမှာ ထူထောင်သွား မယ်ဆိုရင် ကျူးကျော်တွေကလည်း မြို့သစ်တွေမှာ အခြေချလုပ်သား တွေဖြစ်သွားမယ်။ အဲ့ဒီမှာရှိတဲ့ စက် ရုံအလုပ်ရုံလေးတွေမှာ အလုပ်ရ မယ်။ အခြေချနေထိုင်ကြမယ်။ တိုက်ခန်းလေးတွေမှာ နေကြမယ်။ သူတို့ ကုန်ကျစရိတ်ကို အဲဒီစက်ရုံ ပိုင်ရှင်လေးတွေကနေ
ကိုယ့်ဝန် ထမ်းကို အငှားပြန်ချပေးမယ်။ အဲ့ ဒီစနစ်မျိုးနဲ့ သွားလိုက်ရင် ကျွန် တော်တို့ အခုလက်ရှိ အစိုးရသစ် မျှော်မှန်းနေတဲ့ ပြည်သူတွေအ တွက် အိမ်ရာအကောင်အထည် ဖော် တည်ဆောက်ပေးမယ့်စနစ် အောင်မြင်သွားမှာဖြစ်သလို ရန် ကုန်မြို့ကြီးဟာလည်း ညစ်ပတ်နေ တာကနေကင်းဝေးသွားသလို သပ် ရပ်အဆင့်မြင့်တဲ့ ရန်ကုန်မြို့ကြီး ဖြစ်လာမယ်။ ရန်ကုန်မြို့ကြီးလည်း စနစ်ကျသွားမယ်။

ဟုတ်ကဲ့ခင်ဗျ။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ် ခင်ဗျ။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*