၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တတိယအကြိမ် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်အဖြစ် ငွေကျပ် ၇ သန်းကျော် ထောက်ပံ့ ပေးထား
နေပြည်တော် အောက်တိုဘာ ၁၇
ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း တတိယအကြိမ် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးမှု ငွေကျပ် ၇ ဒသမ ၄၄၉ သန်းထောက်ပံ့ပေးထားနိုင် ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အသက် ၈၅ နှစ်နှင့်အထက်ဘိုးဘွားများအတွက် တတိယမြောက်အကြိမ် ငွေကြေးထောက်ပံ့မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်မှစ၍ ထောက်ပံ့ငွေများ ထောက်ပံ့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဘိုးဘွားဦးရေ စုစုပေါင်း ၂၄၈၃၂၂ ဦးကို လူမှုရေးပင်စင်များအဖြစ် တစ်လလျှင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလစာ ငွေကျပ် ၃၀၀၀၀ ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း တတိယသုံးလပတ်အတွက် ငွေကျပ်သန်း ၇ ဒသမ ၄၄၉ သန်း ကိုထောက်ပံ့ပေးနိုင်ခဲ့ခြင်း ဖြစ်သသည်။
“ ပုံမှန်ဆိုရင် ဘဏ္ဍာနှစ်တစ်နှစ်မှာ သုံးလတစ်ကြိမ်နဲ့ လေးကြိမ်ထောက်ပံ့ရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကတော့ ဘဏ္ဍာငွေရရှိမှုပေါ် မူတည်ပြီး သုံးကြိမ်ထောက်ပံ့နိုင်ခဲ့ပါတယ်။ သုံးကြိမ်မှာ နောက်ဆုံး သုံးလပတ်ပေါ့ တတိယအကြိမ်မှာတော့ ဘိုးဘွားဦးရေ ၂၄၈၃၂၂ ဦးကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တစ်ကြိမ်ထောက်ပံ့ရင် ဘိုးဘွားဦးရေ နှစ်သိန်းကျော်အတွက် ငွေကျပ် ၇ သန်းကျော်တွေထိ ထောက်ပံ့ပေး နိုင်ခဲ့ပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် သက်ကြီး ရွယ်အိုများသည် ဝင်ငွေ မဖူလုံမှု၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ဆိုင်ရာ ပြဿနာနှင့် လူမှု ရေးဆိုင်ရာ အထီးကျန်မှု ပြဿနာများကို ရင်ဆိုင်နေရသည့် အတွက် ဝင်ငွေ အထောက်အကူ ဖြစ်စေရန် ၂၀၁၇ ခုနှစ်မှ စတင် ၍ အိမ်တိုင်ရာရောက် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအတွက် တတိယမြောက် အကြိမ် ငွေကြေးထောက်ပံ့မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်မှစ၍ ထောက်ပံ့ငွေပေးနိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Zaw Gyi
၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း တတိယအႀကိမ္ သက္ႀကီးဘိုးဘြားမ်ားအတြက္ လူမႈေရးပင္စင္အျဖစ္ ေငြက်ပ္ ၇ သန္းေက်ာ္ေထာက္ပံ့ေပးထား
ေနျပည္ေတာ္ ေအာက္တိုဘာ ၁၇
ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း တတိယအႀကိမ္ အသက္ ၈၅ ႏွစ္ႏွင့္အထက္ ဘိုးဘြားမ်ားအတြက္ လူမႈေရးပင္စင္မ်ားေထာက္ပံ့ေပးမႈ ေငြက်ပ္ ၇ ဒသမ ၄၄၉ သန္းေထာက္ပံ့ေပးထားႏိုင္ ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာနမွ သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ အသက္ ၈၅ ႏွစ္ႏွင့္အထက္ဘိုးဘြားမ်ားအတြက္ တတိယေျမာက္အႀကိမ္ ေငြေၾကးေထာက္ပံ့မႈမ်ားကို တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ၿပီးခဲ့သည့္ ဩဂုတ္လ ေနာက္ဆုံးပတ္မွစ၍ ေထာက္ပံ့ေငြမ်ား ေထာက္ပံ့ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ဘိုးဘြားဦးေရ စုစုေပါင္း ၂၄၈၃၂၂ ဦးကို လူမႈေရးပင္စင္မ်ားအျဖစ္ တစ္လလွ်င္ ႏိုင္ငံေတာ္ဘ႑ာရန္ပုံေငြမွ တစ္ဦးလွ်င္ ေငြက်ပ္ ၁၀၀၀၀ ႏႈန္းျဖင့္ သုံးလစာ ေငြက်ပ္ ၃၀၀၀၀ ကို ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ေၾကာင္း တတိယသုံးလပတ္အတြက္ ေငြက်ပ္သန္း ၇ ဒသမ ၄၄၉ သန္း ကိုေထာက္ပံ့ေပးႏိုင္ခဲ့ျခင္း ျဖစ္သသည္။
“ ပုံမွန္ဆိုရင္ ဘ႑ာႏွစ္တစ္ႏွစ္မွာ သုံးလတစ္ႀကိမ္နဲ႔ ေလးႀကိမ္ေထာက္ပံ့ရမွာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ဘ႑ာႏွစ္ကေတာ့ ဘ႑ာေငြရရွိမႈေပၚမူတည္ၿပီး သုံးႀကိမ္ေထာက္ပံ့ႏိုင္ခဲ့ပါတယ္။ သုံးႀကိမ္မွာ ေနာက္ဆုံး သုံးလပတ္ေပါ့ တတိယအႀကိမ္မွာေတာ့ ဘိုးဘြားဦးေရ ၂၄၈၃၂၂ ဦးကို ေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္။ တစ္ႀကိမ္ေထာက္ပံ့ရင္ ဘိုးဘြားဦးေရ ႏွစ္သိန္းေက်ာ္အတြက္ ေငြက်ပ္ ၇ သန္းေက်ာ္ေတြထိ ေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္” ဟု လူမႈဝန္ထမ္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံတြင္ သက္ႀကီး ႐ြယ္အိုမ်ားသည္ ဝင္ေငြ မဖူလုံမႈ၊ က်န္းမာေရး ျပဳစု ေစာင့္ေရွာက္မႈ ဆိုင္ရာ ျပႆနာႏွင့္ လူမႈ ေရးဆိုင္ရာ အထီးက်န္မႈ ျပႆနာမ်ားကို ရင္ဆိုင္ေနရသည့္ အတြက္ ဝင္ေငြ အေထာက္အကူ ျဖစ္ေစရန္ ၂၀၁၇ ခုႏွစ္မွ စတင္ ၍ အိမ္တိုင္ရာေရာက္ ပံ့ပိုးေပးခဲ့ျခင္း ျဖစ္ေၾကာင္း၊ ၿပီးခဲ့သည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္လည္း အသက္ ၈၅ ႏွစ္ႏွင့္အထက္ဘိုးဘြားမ်ားအတြက္ တတိယေျမာက္အႀကိမ္ ေငြေၾကးေထာက္ပံ့မႈမ်ားကို တစ္ႏိုင္ငံလုံး အတိုင္းအတာ အေနျဖင့္ ၿပီးခဲ့သည့္ ဩဂုတ္လ ေနာက္ဆုံးပတ္မွစ၍ ေထာက္ပံ့ေငြေပးႏိုင္ေရး ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။