Saturday, February 15, 2025
တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...
အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...
အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...
ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...
HomeNewsLocal NewsPN | နိုင်ငံတွင်း...
PN | နိုင်ငံတွင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို မြှင့်တင်လျက်ရှိ
နိုင်ငံတွင်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို မြှင့်တင်လျက်ရှိ
Unicode
မြန်မာနိုင်ငံရဲ့ အဓိကအခြေခံစီးပွါးရေးဟာ လယ်ယာကဏ္ဍဖြစ်ပြီး နိုင်ငံရဲ့ လူဦးရေ ၇၀% ဟာ ကျေးလက်ဒေသမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းအရ နိုင်ငံရဲ့ GDP မှာ လယ်ယာကဏ္ဍက ၁၄.၁% ပါဝင်ပါတယ်။ဒါ့အပြင် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာတော့ လယ်ယာကဏ္ဍပို့ကုန်ပါဝင် မှုနှုန်းက ၃၈%ရှိပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်ကာ ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဆန်စပါးကို ဒေသအလိုက်ဖူလုံရေး၊ အရည်အသွေးကောင်းပြီး ပြည်ပစျေးကွက်မှာ စျေးကောင်းရစေမယ့် စပါးမျိုးများ တိုးတက် ထုတ်လုပ်နိုင်ရေးနဲ့ အထွက်နှုန်း တိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိပါတယ်။
ပြည်တွင်းဆီထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖို့အတွက် ဆီအုန်း၊နေကြာ၊ပြောင်း၊ မုန်ညင်းနဲ့ ပဲပုပ်တို့ကိုလည်း တိုးချဲ့စိုက်ပျိုးနေကြပါတယ်။ ဒါ့အ
ပြင် ဘေးထွက် ပစ္စည်းတွေဖြစ်တဲ့ ဖွဲနု၊ ဝါစေ့၊ပြောင်းဖူးများမှလည်း ပြည်တွင်းဆီထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
ကိုဗစ်ရောဂါ ကူးစက်၊ပြန့်ပွါးနေသည့် လက်ရှိကာလမှာ နိုင်ငံအတွင်း စားသောက်ကုန်ပြတ်လပ်မှု မရှိသည့်အပြင် ယခုနှစ်မှာ ရာသီဥတု ကောင်းမွန်တာကြောင့် စိုက်ပျိုးရေလုံလောက်မှု ရရှိသည့်အတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်နိုင်ဖို့မရှိကြောင်း ခန့်မှန်းထား ကြပါတယ်။
စိုက်ပျိုးရေးအပြင် မွေးမြူရေးကဏ္ဍကိုလည်း တိုးချဲ့လုပ်ဆောင်လျက်ရှိရာ နွား၊ကျွဲ၊ဆိတ်၊သိုး၊ဝက်၊ဘဲနှင့် ကြက် မျိုးကောင်းမျိုးသန့် များဖြန့်ဖြူးခြင်း၊ မေထုန်မဲ့နည်းဖြင့် မျိုးမြှင့်မျိုးပွါးမှုကို မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။
အသားမွေးမြူရေးအပြင် ငါး၊ပုစွန်မွေးမြူရေးမှာလည်း လိုအပ်တဲ့ ငါးသားပေါက်တွေ ဖြန့်ဖြူးပေးခြင်း၊ဒေသအလိုက် သင်တန်းတွေ ပို့ချခြင်း ၊ငါးရောဂါဆိုင်ရာ ဓာတ်ခွဲခန်းများတည် ထောင်ခြင်း၊ အအေးပိုင်းငါးများသားဖောက်ခြင်းနဲ့ မွေးမြူရေးနည်းပညာများ ပံ့ပိုးပေးခြင်း ၊မြစ်ချောင်းတွေ ထဲမှာ လှောင်အိမ်နဲ့ ငါးမွေးမြူတဲ့နည်းပညာတွေကို ဖြန့်ဖြူးပေးလျက် ရှိပါတယ်။
ငါးသယံဇာတ ရေရှည်တည်တံ့ရေးအတွက် ငါးမဖမ်းရ ရာသီသတ်မှတ်ခြင်း၊တရားမဝင် ငါးဖမ်းဆီးမှု ပပျောက်စေရေးအတွက် Vessel Monitoring System ဖြင့် စောင့်ကြည့်ကြပ်မတ်ခြင်း၊တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာများနဲ့ မဖမ်းဆီးရေးအတွက် စောင့်ကြည့် စစ်ဆေးခြင်း များလည်း ပြုလုပ်လျက်ရှိပါတယ်။
ဒါအပြင် နိုင်ငံတွင်းအာဟာရ ချို့တဲ့မှုနှုန်း မြင့်မားနေတာကို လျှော့ချလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဆွဲထားသော ကဏ္ဍပေါင်းစုံ ပါဝင်တဲ့ အ မျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ၅နှစ် စီမံကိန်း(၂၀၁၈-၂၀၂၃)ကိုလည်း သက်ဆိုင်ရာဝန် ကြီးဌာနတွေနှင့် အဖွဲ့အစည်းများက ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
ယနေ့ကမ္ဘာပေါ်မှာ လူဦးရေ ၄၀%(၃ ဘီလီယံ) ခန့်ဟာ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့အစားအစာ မ ရရှိကြောင်း၊၁၀% သော ကမ္ဘာ့လူဦးရေမှာ ဘေး မကင်းတဲ့ အစားအစာများရဲ့ အကျိုးသက်ရောက်မှုကို ခံစားနေရကြောင်း သိရပါတယ်။
တဖက်မှာလည်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် စီးပွါးရေး ကျဆင်းမှုများအရ ကမ္ဘာတဝန်းရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထပ်ဆင့်ထိခိုက် လျက်ရှိစေရာ လက်ရှိစားနပ်ရိက္ခာဖူလုံမှု မရှိခြင်း ခံစားနေရတဲ့ ကမ္ဘာ့လူဦးရေ သန်း ၆၉၀ထက် သန်း၁၀၀ ခန့် ပိုမိုတိုးပွါးလာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန် ထားပါတယ်။
Zaw Gyi
Photo Credit _ Agri Digit News
Ads Space Available
Continue reading
ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...
ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...
ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော
မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071