ကိုဗစ်ရောဂါကြောင့် TB ရောဂါရှိသူများ သေဆုံးမှု မြင့်တက်လာ
ကိုဗစ်-19 ကမ္ဘာ့ကပ်ရောဂါကြောင့် TB ရောဂါဝေဒနာရှင် များအနေဖြင့် သေဆုံးမှု ပိုမိုမြင့်တက်လာခဲ့ရသည်ဟု WHO မှထုတ်ဖော်ပြော ကြားခဲ့ပါသည်။
၂၀၂၀ခုနှစ်အတွင်း TB ရောဂါရှိသူ ၄.၁သန်းခန့်ဟာ ကိုဗစ်ရောဂါ ကူးစက်ခံနေရပြီး ၎င်းအတွက် သင့်တော်သော ကုသစောင့်ရှောက်မှု များမရရှိသေးပေ။
၂၀၁၉ခုနှစ်အတွင်း TB ရောဂါကြောင့်သေဆုံးသူ ၁. ၂သန်းသာရှိခဲ့ရာမှ ၂၀၂၀ပြည့်နှစ်မှာတော့ ၁.၅သန်းအထိ တိုးလာခဲ့ပါသည်။
TB ရောဂါဟာ ဘတ်တီးရီးယားကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါ တစ်ခုဖြစ်ပြီး အဆုတ်ကို ပျက်ဆီးစေကာ ကိုဗစ်ပြီးရင် ဒုတိယသေဆုံးမှု အများဆုံး ရောဂါဖြစ်လာနေပါပြီ။
တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် TB ရောဂါကူးစက်မှု မြင့်မားလာသောနိုင်ငံ ၃၀ခန့်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အာရှနှင့်အာဖရိက နိုင်ငံ များမှ နွမ်းပါးသောနိုင်ငံများတွင် အဖြစ်များသည်ဟုသိရသည်။
ကိုဗစ်ကပ်ရောဂါကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများ ထိခိုက်လာရပြီး ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းက TB ရောဂါ ကူးစက်မှုကို မြင့်တက်စေတဲ့ အဓိက အချက်ဖြစ်တယ်လို့ WHO ကဆိုထားပါသည်။
Zaw Gyi