Thursday, March 20, 2025

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို...

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeNewsLocal NewsPJSC"Tatneft" ကုမ္ပဏီနှင့်မြန်မာနိုင်ငံတို့ စွမ်းအင်လုပ်ငန်း...

PJSC”Tatneft” ကုမ္ပဏီနှင့်မြန်မာနိုင်ငံတို့ စွမ်းအင်လုပ်ငန်း များ၌ ရေရှည်ပူးပေါင်းဆောင်ရွက်သွားမည်

PJSC”Tatneft” ကုမ္ပဏီနှင့်မြန်မာနိုင်ငံတို့ စွမ်းအင်လုပ်ငန်း များ၌ ရေရှည်ပူးပေါင်းဆောင်ရွက်သွားမည်

နစက ဥက္ကဋ္ဌမှ ကာဇန်မြို့ရှိ PJSC “Tatneft” ​ရေနံနှင့် သဘာဝဓါတ်​ငွေ့ကုမ္ပဏီအမှုဆောင်အရာရှိချုပ် မစ္စတာနာအီးလ် အူဖာသောဗစ်ချ် မာဂါနော့ဗ်)အား ဇူလိုင် ၁၃ ရက်(ယနေ့)တွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် သမ္မတအထူးဧည့်ဂေဟာ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

PJSC “Tatneft”ကုမ္ပဏီသည် ရုရှတွင် ပဥ္စမ​မြောက်အကြီးဆုံး ကုမ္မဏီဖြစ်ပြီးအမှုဆောင်အရာရှိချုပ်မှ ၎င်းတို့လုပ်ဆောင်နေမူများအား ရှင်းလင်းပြောကြားခဲ့သည်။


နစက ဥက္ကဋ္ဌမှလည်း မြန်မာနိုင်ငံ၏ လောင်စာဆီလိုအပ်ချက်နှင့်ဖြည့်ဆည်းဆောင် ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ “Tatneft”ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နိုင်မည့် အခြေအနေများ၊ရေနံနှင့်သဘာဝဓာတ်ငွေ့အား အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများကို ရေ ရှည်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် Kazan Hi-Technology Park(IT Park)သို့သွားရောက်၍ နည်းပညာရပ်ပိုင်းဆိုင်ရာများဖြင့်ပရိုဂမ် များရေးဆွဲ၍ လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအား လေ့လာကြည့်ရှုခဲ့သည်။


ထိုသို့ လေ့လာကြည့်ရှာရာ တာဝန်ရှိသူများမှဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် Smart House နည်းပညာအပါအဝင် လုံခြုံရေး၊ထိန်းချုပ်ရေးတို့နှင့်အခြားနည်းပညာရပ်ပိုင်းဆိုင်ရာတပ်ဆင်မှုများကို ရှင်းပြကြသည်။

Kazan Hi-Technology Park(IT Park)သည် ရုရှားနိုင်ငံ၏ ပထမဆုံးသော နည်းပညာဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ကာ ၂၀၀၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၄င်း နှင့်လက်တွဲလုပ်ကိုင်နေသည့် ၁၆ နိုင်ငံရှိကာ နည်းပညာကုမ္ပဏီ ၁၃၀ ခု​ရှိသောထိပ်တန်းအဖွဲ့အစည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့တို့၏အစီအမံဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်း ကလေ-းငယ်များအား တပ်မတော်မှနုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် (၁၀)နှစ်မှ (၁၈)နှစ်ကြား မှတ်ပုံတင်ကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်၍ ကလေ-းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကလေ-းများနှင့် မိဘများကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့်အစီ ရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှစီစဉ်သော ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှပို့ဆောင်ပေးခဲ့သည်။ ယင်း စခန်းတွင် မိဘများနှင့်အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃ ဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြာကြားခဲ့သည်။ အဆိုပါ လူ-ကုန်ကူးခံရသူများသည် မြန်မာနိုင်ငံရှိငွေလိ-မ်ဂိုဏ်းများမှလွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း အီသီယိုးပီးယားနိုင်ငံပိုင်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ နေရပ်ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံရှိ‌ လိ-မ်လည်မှုဂိုဏ်းများတွင် အခြေအနေဆိုးများကြုံတွေ့ခဲ့ရသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ယခုအချိန်အထိ အီသီယိုးပီးယားနိုင်ငံသား စုစုပေါင်း ၁၃၀ ကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ပို့ဆောင်ခဲ့သည်ဟုဝန်ကြီးဌာနကပြောကြားခဲ့သည်။ အဆိုပါလူ-ကုန်ကူးခံရသူများသည် အရှေ့တောင်အာရှနိုင်ငံများ၌ အလုပ်ကောင်းကောင်းရမည်ဟု သိမ်းသွင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ လိ-မ်လည်မှုဂိုဏ်းများသို့ လူ-ကုန်ကူးခံလိုက်ရခြင်းဖြစ်ရာ ပြည်သူများသတိထားနေထိုင်ကြဖို့လည်း...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို စိစစ်အရေးယူရန် ဆောင်ရွက်လျက်ရှိ

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ မတ်လ (၁၉) ရက်တွင် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ပါ အမိန့်ထုတ်ပြန်ခွင့်ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071