မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားရထားလမ်းအား PDF အဖွဲ့ဝင်များမှ ဇန်နဝါရီ ၂၆ ရက်မွန်းတည့်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က PDF အဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်ရှိ စွပ္ပနူးဘူတာနှင့်ကျိုက္ကသာဘူတာကြားရှိ ရန်ကုန်-မော်လမြိုင် မီးရထား လမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ကြသည်။
သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင်သွားရထားလမ်းပေါ်ရှိ ခလွန်းချောင်းတံတားအမှတ် (၄၁)၊မိုင်တိုင်(၈၈)နေရာ၌ ရထားလမ်းကူးသံဘောင်ဘေလီတံတားအပေါ်မင်းကုန်း(Topcord) တစ်ခုမှာ ၆ လက်မခန့်ပျက်စီးလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာပတ် ဝန်းကျင်အားထပ်မံရှင်းလင်းရှာဖွေရာ တံတားပေါ်တွင်ထောင်ထားသည့် လက်လုပ်ရီမုမိုင်း ၁၀ လုံးကိုထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်မှ ရထားလမ်းကူးတံတားပျက်စီးမှုအား နယ်မြေခံမြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြုပြင်လျက်ရှိကာ ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ ထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။