ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် Online လောင်း ကစားလုပ်ငန်းလုပ်ကိုင်သူ(၂၇)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ အောက်တိုဘာ ၁၄ ရက်မှစတင်၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၄ ရက်က Online လောင်းကစားလုပ်ကိုင်သူ(၁၄)ဦးအား ဖုန်း(၂၃)လုံး၊ ကား(၃)စီး၊ အောက်တိုဘာ ၁၅ ရက်တွင်(၃)ဦးနှင့် ဖုန်း (၅)လုံး၊ ကား(၃)စီး၊ အောက်တိုဘာ ၁၆ ရက်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ (၃)ဦးနှင့် ဖုန်း(၇)လုံး၊ လက်တော့ပ်(၁)လုံး၊ ကား(၁)စီး၊ မဟာအောင်မြေမြို့နယ်မှ ပြည့်ဖြိုးအောင်(ခ)မင်းထက်၊ မေမြတ်နိုးတို့အား ဖုန်း(၅)လုံး၊ လက်တော့ပ်(၁)လုံး၊ ကား(၁)စီး၊ အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ (၅)ဦးနှင့် ဖုန်း(၉)လုံး၊ Tablet (၂)လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၁၀)ဦး(စုစုပေါင်း ၂၇ ဦး)တို့အား ဖုန်း(၄၉)လုံး၊ လက်တော့ပ်(၂)လုံး၊ Tablet (၂)လုံး၊ ကား(၈)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ၎င်းတို့သည် ဘောလုံးလောင်းကစား Website များတွင် Agent များအဖြစ်လုပ်ကိုင်နေခြင်းဖြစ်ပြီး လုပ်ကိုင်ပုံအဆင့်ဆင့်ကိုလည်းဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများ၌ အမှုဖွင့်ကာ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
