လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂၄)ရက်တွင် ပြုလုပ်မည့် ONE Friday Fights170 ပွဲစဉ်တွင် မွေထိုင်းဖိုက်တာ နဘီလ်းနှင့် နီကိုလ်းကာရီလိုတို့ ကမ္ဘာ့မွေထိုင်းချန်ပီယံခါးပတ်ရယူရန် ထိပ်တိုက်တွေ့ဆုံသွားကြရမည်ဖြစ်ကြောင်း ONE က ယမန်နေ့တွင် တရားဝင် အသိပေးထားပြီဖြစ်သည်။
ONE -170 ပွဲစဉ်တွင် ကနဦး စူပါလက်ခ်နှင့် နီကိုလ်းကာရီလိုတို့၏ ဘင်တန်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ပြုလုပ်ရန်ရှိသော်လည်း စူပါလက်ခ်ဘက်မှ ဒူးဒဏ်ရာကြောင့် ပွဲပျက်ခဲ့ရသည်။
ထို့ကြောင့် စူပါလက်ခ် နေရာတွင် မွေထိုင်းဖိုက်တာ နဘီးလ်နှင့် ကိုလ်းကာရီလိုတို့ကို ONEဘက်က ပွဲတည်ပေးခဲ့ပြီးနောက် အနိုင်ရရှိသူသည် ၂၀၂၅ ခုနှစ် မတ်လအတွင်း ဂျပန်နိုင်ငံ၌ ပြုလုပ်မည့် ONE 172 ပွဲစဉ်တွင် စူပါလက်ခ်နှင့် ယှဉ်ပြိုင်ထိုးသ-တ်၍ မွေထိုင်းကမ္ဘာ့ချန်ပီယံ ခါးပါတ်ကို ပိုင်ဆိုင်မည်ဖြစ်သည်။
စူပါလက်ခ်အနေဖြင့် ဒူးဒဏ်ရာမရရှိဘဲနီကိုလ်းကာရီလိုဖြင့် ယှဉ်ပြိုင်ထိုးသ-တ်ပါက အနိုင်ရရှိသူသည် မွေထိုင်းကမ္ဘာ့ချန် ပီယံခါးပတ်ကို ပိုင်ဆိုင်မည်ဖြစ်သော်လည်း ယခုအခါ နဘီလ်းနှင့် နီကိုလ်းကာရီလိုတို့ ၏ ယှဉ်ပြိုင်မှုသည် စူပါလက်ခ် ဆီမှ ချမ်ပီယံခါးပတ်ရရှိရန် ကြားဖြတ်ချန်ပီခါးပတ်လုပွဲတစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။