ONE ပွဲစဉ်များဖြင့် ဝေးကွာနေသည့် ကယန်းတိုင်းရင်းသူ ဘရော်နီကာ ဒုခေါင်တွဲဆိုင်းနေရာတွင် တရုတ်ဖိုက်တာ Li Min grui ဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားရမည် ဖြစ်ကြောင်း ONE ဘက်က တရားဝင် ကြေညာလာပြီဖြစ်သည်။
၎င်းတို့နှစ်ဦးသည် နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်းတွင် ONE FF 132 ပွဲစဉ်အတွင်းထိုးသတ်ကြမည်ဖြစ်ကာ ယင်းပွဲစဉ်အတွင်း
အခြားရိုးရာ ဖိုက်တာများဖြစ်သည့် သန့်ဇင်၊ စိုးနောင်ဦးတို့လည် ပါဝင်လာသည်။
မြန်မာဖိုက်တာ သုံးဦးအထိပါဝင်လာသည့် အဆိုပ့ပွဲစဉ်ကို မြန်မာပရိတ်သတ်အကြား စိတ်ဝင်စားမှုမြင့်တတ်နေပြီး၊ ရိုး ရာဖိုက်တာ သန့်ဇင်မှာ ထိုင်းဖိုက် ခွန်ပုံနွိုင်းနှင့် ပွဲစဉ် ၆ တွင် ယှဉ်ပြိုင်ရမည်ဖြစ်သလို စိုးနောင်ဦးမှာလည်း ထိုင်းဖိုက်တာဖြင့် ပွဲစဉ် ၄ တွင် ယှဉ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်သည်။
ကယန်းတိုင်းရင်းသူ ဘရော်နီကာသည်ပြီးခဲ့သော မေ (၉)ရက်က ကျင်းပပြုလုပ်ခဲ့သည့် One LUMPINEE-107 ပြိုင်ပွဲအ တွင်း မွေထိုင်းမယ် ဂျူနီယာဖဲတက်ကိုဒုတိယအချီ၌ အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီး၊ ချက်ထရီကပေးအပ်သည့် ဘောနပ်ဆုကြေး ဘတ် သုံးသိန်းခွဲကိုပါ ဆွတ်ခူးရရှိထားသည်။
