ONE ပွဲစဉ်များဖြင့် ဝေးကွာနေသည့် ကယန်းတိုင်းရင်းသူ ဘရော်နီကာ ဒုခေါင်တွဲဆိုင်းနေရာတွင် တရုတ်ဖိုက်တာ Li Min grui နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားရမည်ဖြစ်ကြောင်း ONE ဘက်က တရားဝင်ကြေညာလာပြီဖြစ်သည်။
၎င်းတို့နှစ်ဦးသည် နိုဝင်ဘာ (၇) ရက်နေ့ ညပိုင်းတွင် ကျင်းပမည့် ONE FF 132 ပွဲစဉ်တွင် ထိုးသ-တ်ကြမည်ဖြစ်ကာ ယင်းပွဲစဉ်အတွင်း အခြားရိုးရာဖိုက်တာများဖြစ်သည့် သန့်ဇင်၊ စိုးနောင်ဦးတို့လည် ပါဝင်လာသည်။
ရိုးရာဖိုက်တာ သန့်ဇင်မှာ ထိုင်းဖိုက်တာ ခွန်ပုံနွိုင်းနှင့် ပွဲစဉ် (၆) တွင် ယှဉ်ပြိုင်ရမည်ဖြစ်သလို စိုးနောင်ဦးမှာလည်း ထိုင်းဖိုက်တာဖြင့် ပွဲစဉ် (၄) တွင် ယှဉ်ပြိုင်ထိုးသ-တ်ရမည်ဖြစ်သည်။
ကယန်းတိုင်းရင်းသူ ဘရော်နီကာသည်ပြီးခဲ့သည့် မေ (၉) ရက်က ကျင်းပခဲ့သည့် One LUMPINEE-107 ပြိုင်ပွဲတွင် မွေထိုင်းမယ် ဂျူနီယာဖဲတက်ကို ဒုတိယအချီ၌ အလဲထိုးဖြင့်အနိုင်ရရှိခဲ့ပြီး ချက်ထရီကပေးအပ်သည့် ဘောနပ်ဆုကြေး ဘတ်သုံးသိန်းခွဲကိုပါ ဆွတ်ခူးရရှိထားသည်။
