Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...
HomeCelebrities' NewsOMNI FOCUS ကုမ္ပဏီရဲ့FOTON...

OMNI FOCUS ကုမ္ပဏီရဲ့FOTON ကားအမျိုးအစား YBS လိုင်း ပြေးဆွဲမယ့် ကားအသစ်တွေကို ကြော်ငြာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ ဥာဏ

 

 

nyar-na

OMNI FOCUS  ကုမ္ပဏီရဲ့ FOTON ကားအမျိုးအစား၊ YBS လိုင်းမှာ ပြေးဆွဲမယ့် ဘတ်စ် ကားအသစ်တွေရဲ့ ဓာတ်ပုံကြော်ငြာရိုက်ကွင်း ကို ဇူ လိုင်လ၁၃ရက်နေ့မှာ လှိုင်သာယာ မြို့နယ်မှာ ဓာတ်ပုံ ဥာဏက ဝင့်ယမုံလှိုင်၊ ဆုမြတ်နိုးဦး၊ ခင်သော်တာစံတို့ နဲ့အတူရိုက်ကူးပုံဖော်ခဲ့ပါတယ်။ ဒီကြော်ငြာ ရိုက် ကွင်းကိုတော့ ပေါ်ပြူလာအဖွဲ့သားများ သွားရောက် သတင်းယူဖြစ်ခဲ့ပါတယ်။ OMNI FOCUS ကုမ္ပဏီရဲ့ YBS လိုင်းမှာ ပြေးဆွဲမယ့် ဘတ်စ်ကားအသစ် တွေနဲ့ ဓာတ်ပုံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းကို ဓာတ်ပုံဥာဏကို မေးမြန်းကြည့်ခဲ့ရာ…

“YBS ကားတွေ ပထမဦးဆုံး ဒီ FOTONကား တွေကို ဆိပ်ကမ်း ကနေ စထုတ်ကတည်းကစပြီး ရိုက် ဖြစ်ခဲ့တယ်။ နောက်ကျတော့ အဲဒီကားတွေ ထုတ်တဲ့ ပင်မစက်ရုံ၊ တရုတ်ပြည်မှာ သွားပြီးရိုက်တယ်။ ရန် ကုန်ရောက်တော့ ကားသွင်းတဲ့ သူဋ္ဌေးတွေက သူတို့ Series တွဲအနေနဲ့ ရိုက်ချင်တာနဲ့ ဆက်ရိုက်ဖြစ်တယ်။ မြင့်မြတ်နဲ့လည်း ဇာတ်လမ်းတိုရိုက် ဖြစ်တယ်။ တရုတ် ပြည်မှာက ဝင့်ယမုံလှိုင်၊ ဆုမြတ်နိုးဦး၊ အေးချမ်းမိုးတို့နဲ့ အတူ YBS TV ကြော်ငြာ သွားရိုက်ဖြစ်ခဲ့တယ်။ အခုရိုက်တဲ့အချိန်မှာတော့ အေးချမ်းမိုး မပါ တော့ဘူး။ ဝင့်ယမုံလှိုင်၊ ဆုမြတ်နိုးဦး၊ ခင်သော်တာစံနဲ့ ရိုက်ဖြစ်ခဲ့တယ်။ အေးချမ်းမိုးက သူ့အခက်ခဲ သူရှိမှာ ပါ။ YBSကားတွေစပြီး ၅၆လိုင်းနဲ့ ၂ဝ လိုင်း မှာစဆွဲ တဲ့အခါမှာ ကားလိုင်းနဲ့ပတ်သက်တဲ့ စည်းကမ်းပိုင်း ဆိုင်ရာတွေ၊ ဗဟုသုတတွေကို ပညာပေးဇာတ်လမ်း လေးရိုက်ကူးဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဆိုပါ OMNI FOCUS ကုမ္ပဏီကားတွေရဲ့ ဇာတ်လမ်းတို၊ ဓာတ်ပုံ၊ကြော်ငြာတွေ ရိုက်ကူးတဲ့ အခါမှာတော့ ကုမ္ပဏီအနေနဲ့ သူ့ကို အများကြီး လွတ် လပ်ခွင့်ပေးထားပြီး စိတ်ကြိုက်ရိုက်ကူးစေကြောင်း ဓာတ်ပုံဥာဏက ပြောပါတယ်။ “ကုမ္ပဏီဘက်က အစ်ကို့ကို လွတ်လပ်ခွင့်အများကြီး ပေးထားပါတယ်။ သူဋ္ဌေးတွေက ယုံယုံကြည်ကြည်နဲ့အပ်တယ်။ အစ်ကို ရယ်စရာပြောရလို့ရှိရင် သူတို့က ဒီအနုပညာနယ် ပယ်ကို လုံးဝမကျွမ်းကျင်တဲ့ အခါကျတော့ တရုတ် ပြည်မှာ ရိုက်တုန်းကဆိုရင် YBS သီချင်းကို အစ်ကိုပဲ ရေးထားတာ။ ပါလာတဲ့သူဋ္ဌေးတစ်ယောက်ဆိုရင် ‘င့ါပိုက်ဆံတွေသွားပါပြီ’ ဆိုပြီး ထုတ်ပြော တဲ့အထိပဲ။ ပြန်ရောက်မှ အစ်ကို့ကြော်ငြာ ကြည့်ပြီးတော့မှ သူတို့တော်တော်ကြိုက် တယ်ဆိုပြီးပြောတယ်”လို့ ပြောပါတယ်။

တွယ်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071