နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC)နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းက တတိယနေ့အဖြစ်တွေ့ဆုံဆွေးနွေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
NSPNC နှင့် RCSS တို့၏ တတိယနေ့တွေ့ဆုံဆွေး နွေးပွဲတွင် ၃ ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားတူညီပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြု လက်မှတ်များရေးထိုး၍ လဲလှယ်ခဲ့ကြသည်။
ထို့နောက် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်း ဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က နိဂုံးချုပ်အမှာစကား များပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်တို့တက်ရောက်ခဲ့ကြသည်။
ထို့ပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ ဗ ဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် စဝ်ဆောင်းဟန်၊စဝ်အုမ်ခေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
