Tuesday, June 9, 2026

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...

Night Market အဖြစ် ပြန်လည်အသက်ဝင်လာသည့်...

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ(၁၉)လမ်းကို ယနေ့မှစတင်၍ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ညပိုင်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။ “အရင်ထက်...

(၅)ဂိုး (၁)ဂိုးရလဒ်ဖြင့် မြန်မာအသင်းဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် Tri-Nation Friendly ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဥ်ဖြစ်ကို ယနေ့ ဇွန်(၉)ရက် ညနေ (၆)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားနေကြရာ (၅)ဂိုး (၁)ဂိုးရလဒ်ဖြင့်...

ဖိလစ်ပိုင်ငလျင်ကြောင့် ‌ေ-သဆုံးသူ ၃၇ ဦးထက်မနည်းရှိလာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ကြောင့် ‌ေ-သဆုံးသူ ၃၇ ဦးထက်မနည်းရှိလာပြီး လူရာနှင့်ချီ ထိခိုက်ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ငလျင်ဒ-ဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ဂျင်နရယ်ဆန်းတို့စ်စီးတီးရှိ စီးပွားရေးအဆောက်အအုံတစ်လုံး...
HomeMoviesNSPNC နှင့် NCA-S...

NSPNC နှင့် NCA-S EAOs 7 EAO Alliance တွေ့ဆုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရန် သဘောထားရှိဟု ဗိုလ်မှူးကြီးစိုင်းငင်း ပြော

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော NCA-S EAOs 7 EAO Alliance အဖွဲ့တို့သည် ဇွန်လ ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် 7 EAO Alliance အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဗိုလ်မှူးကြီးစိုင်းငင်းက အစိုးရသစ်ဖွဲ့စည်းပြီးနောက် NSPNC အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် တရားဝင်ဖိတ်ခေါ်မှုကို 7 EAO Alliance အနေဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

“ဒီလိုဆောင်ရွက်ခြင်းဟာ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရာရောက်သလို အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်မှုကိုလည်း ပြသရာရောက်တယ်လို့ မြင်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့ကို ရည်မှန်း၍ 7 EAO Alliance အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရန် သဘောထားရှိကြောင်းလည်း ပြောကြားခဲ့သည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးဆိုင်ရာ အစီအစဉ်များနှင့် သဘောထားများကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုများသည် ရှေ့ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄) ခု မေးမြန်း၊ ဒေသခံများ၏ လျှပ်စစ်မီးရရှိရေး အဓိကထားဆွေးနွေး

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်း (၄) ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ကဝမြို့နယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ညီညီစိုးက ကဝမြို့နယ်အတွင်း ဒေသခံပြည်သူများ လျှပ်စစ်မီး အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေး၊ လျှပ်စစ်ဓာတ်အား အချိန်မှန်ဖြန့်ဖြူးပေးနိုင်ရေးနှင့် မီးအားပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မည်သည့်စီမံကိန်းများဖြင့် မည်သည့်အချိန်ကာလအတွင်း ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းခဲ့သည်။ အုတ်ဖိုမြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်က အုတ်ဖိုမြို့နယ်၊...

Night Market အဖြစ် ပြန်လည်အသက်ဝင်လာသည့် လသာ(၁၉)လမ်း၊ လာရောက်လည်ပတ်သူများဖြင့် စည်ကား

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ နာမည်ကျော် လသာ(၁၉)လမ်းကို ယနေ့မှစတင်၍ Night Market အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ညပိုင်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။ “အရင်ထက် ပိုကောင်းသွားတယ်။ တခြားနိုင်ငံက Night Market တွေနဲ့ ဆင်တူလာတယ်။ ဆိုင်တွေ စည်းကမ်းတကျ ရောင်းချနိုင်ဖို့ပဲ လိုတော့တယ်” ဟု လာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။ လသာ(၁၉)လမ်းကို နိုင်ငံတော်အစိုးရ၏ စီမံချက်ဖြင့် Night Market အဖြစ် ပထမဆုံး အကောင်အထည်ဖော် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် (၁၉)လမ်းတစ်လျှောက် အလှမီးပုံးများ တပ်ဆင်ထားပြီး ဈေးသည်များကိုလည်း...

(၅)ဂိုး (၁)ဂိုးရလဒ်ဖြင့် မြန်မာအသင်းဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် Tri-Nation Friendly ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဥ်ဖြစ်ကို ယနေ့ ဇွန်(၉)ရက် ညနေ (၆)နာရီအချိန်တွင် ယှဉ်ပြိုင်ကစားနေကြရာ (၅)ဂိုး (၁)ဂိုးရလဒ်ဖြင့် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ရှုံးနိမ့်ခဲ့သည်။ မြန်မာလက်ရွေးစင်အမျိုးသားအသင်းကို ဖိလစ်ပိုင်အသင်းက ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁)ဂိုးသွင်းယူထားပြီးနောက် ပွဲပြီးဆုံးချိန်တွင် (၅)ဂိုးအထိသွင်းယူနိုင်ပြီး၊ မြန်မာအသင်းက ချေပဂိုး (၁) ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယခု ယှဉ်ပြိုင်သည့် Tri-Nation Friendly ပြိုင်ပွဲသည် ဖိလစ်ပိုင်၊ ဂူအမ်၊ မြန်မာ သုံးနိုင်ငံ ​​ခြေစမ်းပွဲကစားခြင်း‌ကြောင့် ဆုဖလားမ​ပေးကြောင်း သိရသည်။ ယနေ့ ဖိလစ်ပိုင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071