Friday, May 30, 2025

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...

MNL U-21 Youth League...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်...
HomeMoviesNovosibirsk မြို့ရှိ Novosibirsk...

Novosibirsk မြို့ရှိ Novosibirsk State University ၌မြန်မာနိုင်ငံမှသင်တန်းသားများ အားစေလွှတ်တက်ရောက်ပညာသင်ကြားရန် နစက ဥက္ကဋ္ဌ ဆွေးနွေးခဲ့

Novosibirsk မြို့ရှိ Novosibirsk State University ၌မြန်မာနိုင်ငံမှသင်တန်းသားများ အားစေလွှတ်တက်ရောက်ပညာသင်ကြားရန် နစက ဥက္ကဋ္ဌ ဆွေးနွေးခဲ့

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် Novosibirsk မြို့ရှိ ၁၉၅၈ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် QS World University ၌ အဆင့် ၂၄၆ ရရှိခဲ့သည့် ပုဂ္ဂလိကပိုင်သုတေသနတက္ကသိုလ် Novosibirsk State University သို့ ဇူလိုင် ၁၆ ရက်(ယနေ့)တွင် သွားရောက်လေ့လာခဲ့သည်။

နစက ဥက္ကဋ္ဌသည် Novosibirsk State University ရှိ သိပ္ပံနှင့်နည်းပညာဘာသာရပ်အလိုက် သုတေ သနတွေ့ရှိချက်ဆိုင်ရာပြခန်းများ၊ဓါတုဗေဒ၊ရူပ ဗေဒ၊အသုံးချသင်္ချာနှင့်သတင်းအချက်အလက်နည်းပညာဘာသာရပ်၊ဇီဝဗေဒ၊ဘူမိဗေဒဆိုင်ရာဖော်ထုတ်တွေ့ရှိချက်များ၊ခေတ်မီနည်းပညာဖြင့် နောင်တစ်ချိန် ကမ္ဘာပေါ်တွင်ဖြစ်ပေါ်လာနိုင်မည့် အခြေအ နေများကို ကြိုတင်တွက်ချက်ထားရှိမှု ဖော်ထုတ်ချက်များ၊ ဓာတ်ခွဲခန်းသုတေသနခန်းနှင့်စာသင်ခန်းများအား ကြည့်ရှု၍သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

ထို့ပြင် တက္ကသိုလ်၏ပါမောက္ခချုပ်မှ တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊နိုင်ငံခြားသင်တန်း သားများကို လက်ခံသင်ကြားပေးနေမှုများ၊အ ဆင့်မြင့်ဘွဲ့လွန်ပညာသင်တန်းများ၏ သင်ရိုး ညွှန်းတမ်းအလိုက် သင်ကြားဆောင်ရွက်မှု အစီ အစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ ကျောင်းသား၊ကျောင်းသူများနေထိုင်ရေးအတွက် အဆောင်နှင့်အားကစားရုံများထည့် သွင်းတည်ဆောက်ထားရှိမှု၊မြန်မာနိုင်ငံမှ ကျောင်းသူ၊ကျောင်းသားများလာ၍ တက်ရောက်မည်ဆိုပါကအသင့်ကြိုဆိုမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

အလားတူ နစက ဥက္ကဋ္ဌမှလည်း ကျောင်းသား၊ ကျောင်းသူများအား စိစစ်ရွေးခြယ်မှုအတွက် အ ရည်အချင်းသတ်မှတ်ချက်များ၊မြန်မာနိုင်ငံမှ စစ်ဘက်၊အရပ်ဘက်သင်တန်းသားများ စေလွှတ်တက်ရောက်ပညာသင်ကြားနိုင်မည့် အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့သည်။

Novosibirsk State University ၌လူမှုပညာရပ်ဆိုင်ရာဌာနခွဲ၊ဆေးပညာနှင့်စိတ်ပညာဌာနခွဲ၊ဒ ဿနိကဗေဒနှင့်ဥပဒေဌာနခွဲ၊သင်္ချာနှင့်စက်မှုသိပ္ပံဌာနခွဲ၊ရူပဗေဒဌာနခွဲ၊ဘူမိဗေဒနှင့်ဘူမိရူပဗေဒဌာ နခွဲ၊သဘာဝသိပ္ပံဌာနခွဲ၊သတင်း အချက်အလက်နှင့်နည်းပညာဌာနခွဲ၊စီးပွားရေးနှင့်စီမံခန့်ခွဲမှုဌာနခွဲနှင့်လေ့ကျင့်ရေးဌာနခွဲတို့ရှိသည်။

ထို့ပြင် အင်္ဂလိပ်၊ဂျာမန်၊ပြင်သစ်၊အီတလီ၊စပိန်၊ဂျ ပန်နှင့်တရုတ်ဘာသာစကားတို့အား ဒုတိယဘာ သာစကားအဖြစ် သင်ကြားပို့ချပေးလျက်ရှိသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် Higher Military Command School သို့သွားရောက်၍ နိုင်ငံတော်အတွက် အသက်စွန့်လွှတ်တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းဆုတံဆိပ်ရရှိသူများကို ဂုဏ်ပြုထားသည့် သူရဲကောင်းရုပ်တုများအား ဂုဏ်ပြုပန်းခြင်းဖြင့်အလေးပြုခဲ့ပြီး လက်နက် ငယ်ပစ်ခတ်မှု Simulator ခန်းမ၌ သင်တန်းသားများ ပစ်ခတ်စဉ်လေ့ကျင့်နေမှုနှင့်ရုရှားတပ်မ တော်မှထုတ်လုပ်ထားသည့် လက်နက်များနှင့်လက်နက်ချိန်ဆိုဒ်များကို ကြည့်ရှုလေ့လာခဲ့သည်။

ထို့ပြင် Higher Military Command School ၏ တာဝန်ရှိသူများမှ နစက ဥက္ကဋ္ဌအား ရုရှားတပ်မတော်တွင် နှစ်ပေါင်း ၈၀ ကြာ တာဝန်ထမ်းဆောင် ခဲ့သည့် ရုရှားတပ်မတော်ထုတ် သမိုင်းဝင်လက် နက်ချိန်ဆိုဒ်ကို လက်ဆောင်ပေးအပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ဝ မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သာစည်မြို့နယ်တွင် ၄င်းနယ်မြေအတွင်းရှိ သဘာဝဧရိယာ ၆,၃၈၃...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးထိ လာရောက်လည်ပတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။ ပြီးခဲ့သည့် မတ်လက ခရီးသွားဧည့်သည် (၁၆,၁၅၅) ဦးသာ လာရောက်လည်ပတ်ခဲ့ပြီး ဧပြီလ (၁) ရက်မှ (၃၀)ရက်ထိ တစ်လတာကာလအတွင်းမှာ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကမ်းခြေသို့လာရောက်အပန်းဖြေသည့် ခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်အဆင်ပြေစေရန်၊ သန့်ရှင်းမှုရရှိစေရန်၊ စနစ်တကျအနားယူနိုင်ရန်၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071