ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကလည်းဖြစ်သူ သူရဦးတင်ဦးသည် ယနေ့ ဇွန်လ (၁) ရက် နံနက်အစောပိုင်းတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
” ၈ နာရီခွဲခန့်မှာ ဆုံးသွားပါပြီ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
သူရဦးတင်ဦးသည် ကျန်းမာရေးချို့တဲ့လာသည့်အတွက်မေလ (၂၉) ရက်၊ ည (၁၀) နာရီကျော်တွင် ရန်ကုန်အထွေထွေကုဆေးရုံကြီး ၊ အထူးကြပ်မတ်ကုသဆောင်တွင် အရေးပေါ် ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။
သူရဦးတင်ဦးသည် ကွယ်လွန်ချိန်တွင် အသက် (၉၈) နှစ်ရှိပြီဖြစ်ပြီး လေဖြတ်ရောဂါဝေဒနာကို ခံစားနေရခြင်းလည်း ဖြစ်သည်။
ပုံစာ – ပုံအဟောင်းဖြစ်သည်
