Monday, November 17, 2025

မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ...

ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏...

ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကိုအလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ယနေ့ နိုဝင်ဘာ...
HomeNewsLocal NewsNLD ပါတီဝင်အချို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို...

NLD ပါတီဝင်အချို့နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ ဆုံခွင့်ပေးခဲ့သည်ဆိုသည့် သတင်းမဟုတ်မှန်ဟုဆို

ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု ၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု‌အပါအဝင် ပုဒ်မပေါင်းများစွာနှင့် တရားရင်ဆိုင်နေရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်အချို့ကို တွေ့ဆုံခွင့် ပေးခဲ့သည်ဆိုသည့် သတင်းမဟုတ်မှန်ကြောင်း သိရသည်။

လတ်တလော ထွက်ပေါ်နေသည့် အဆိုပါ သတင်းနှင့် ပတ်သက်၍ တွေ့ဆုံရန် သွားရောက်သည့်အထဲတွင် ပါဝင်သည်ဟု သတင်းထွက်နေသည့် NLD ပါတီဝင် တစ်ဦးထံ ဆက်သွယ်မေးမြန်းကြည့်စဉ် ၎င်းက ပြန်လည် ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

” မဟုတ်ပါဘူး။ အဲဒီသတင်းက မှားပါတယ်။ ဘယ်သူမှ တွေ့ခွင့်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

NLD ပါတီရုံးချုပ် ပြန်လည်ဖွင့်လှစ်ရန်ကိစ္စ၊ ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲကိစ္စများအတွက် ပါတီဝင်အချို့နှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံနိုင်ရန် နစကက စီစဉ်ပေးခဲ့သည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်ပြီး ယင်းကိစ္စအပေါ် ဝေဖန်မှု မြင့်တက်နေခြင်း ဖြစ်သည်။

ယင်းသို့ သွားရောက်တွေ့ဆုံရာတွင် ယခင်လွှတ်တော်သက်တမ်းက ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်စန္ဒာမင်းပါ ပါဝင်နေသည်ဟု သတင်းပျံ့နှံ့နေပြီး ပေါ်ပြူလာနယူး(စ်)အနေဖြင့် ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည်ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ထွက်ပေါ်ခဲ့သည့် ကောလာဟလသတင်း တရပ်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLD ပါတီဝင်အချို့၏ တင်ပြသည့်အချက်များကို လက်ခံရန် ငြင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ပေါ်ပြူလာနယူး(စ်) အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံ ပေါ်ပြူလာနယူး(စ်) အနေဖြင့်ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နံနက်အစောပိုင်းက နေပြည်တော်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရကာ ‌နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှု၊ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်အက်ဥပ‌ဒေချိုးဖောက်မှုများအပါအဝင် အမှု (၁၉)မှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် ထောင်တွင်းတရားရုံးမှ အမှု (၁၁) မှုအတွက် ထောင်ဒဏ် (၂၀) နှစ် ချမှတ်ထားပြီး အမှု (၈) မှုကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။

၂၀၂၃ ရွေးကောက်ပွဲ ရှေ့ပြေးလုပ်ငန်းစဉ်တရပ်အနေဖြင့် နိုင်ငံရေးပါတီများကို UEC က စစ်ဆေးခြင်းများ လုပ်ဆောင်နေပြီး NLD ပါတီမှာ စစ်ဆေးရန် ကျန်ရှိနေသည့် ပါတီစာရင်းတွင် ပါဝင်နေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားများအားဆွဲဆောင်နိုင်သည့် နေရာများစွာရှိ၍ မိမိတို့မြို့ရွာပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပအောင်ဆောင်ရွက်ရန်လိုပြီး ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများစွာရှိသဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းကာ ပြည် တွင်း/ပြည်ပခရီးသွားများလာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မော်လမြိုင်လေဆိပ်တိုးချဲ့နိုင်ရေး၊ ပြည်တွင်းလေကြောင်းလိုင်းများ မော်လမြိုင်လေဆိပ်သို့ဆင်းသက်ပြေးဆွဲလျက်ရှိ၍ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိကာ မီးရထားပို့ဆောင်မှုကဏ္ဍမြှင့်တင်နိုင်ရေးအတွက်လည်း ရထားလမ်းများအဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများကို ဆောင် ရွက်လျက်ရှိသည်ဟု...

ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်နယ်လူမှုရေးရာဝန်ကြီးက ရာမညအားကစားကွင်း တည်ဆောက်ထားရှိမှု၊ ပြည်နယ်ကျောင်းသား အားကစားကွင်းတည်ဆောက်ထားရှိမှု၊ လူငယ်စင်တာဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ်အားကစားဥယျာဉ် တည်ဆောက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ယာယီသမ္မတမှ စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နောင်တွင်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေအရပ်ရပ်ကိုပါထည့်သွင်းတွက်ချက်၍ ရေရှည်အကျိုးဖြစ်စေသည့်ဆောင်ရွက်မှုများဖြစ်ရန်လိုပြီး အား ကစားကွင်းများသည် အဆင့်မီရမည်ဖြစ်ကာ အားကစားသမားများ အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုပြီး ပွဲကြည့်ပရိသတ်များအနေဖြင့်လည်း ပြည်နယ်အဆင့်နှင့် လျော်ညီစွာကြည့်ရှုအားပေးနိုင်ရမည်ဟုမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ယာယီသမ္မတသည် ရာမညအားကစားကွင်းအားကြည့်ရှုစစ်ဆေးပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071