(Unicode)
NLDသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို မန္တလေးအိုဘိုထောင်သို့ ပို့
ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခံထားရသည့် NLDသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်ကနေ မန္တလေးအိုဘိုထောင်ကို နိုဝင်ဘာ ၉ ရက်နေ့က ပို့ဆောင်လိုက်သည်ဟု ၎င်း၏ရှေ့နေဖြစ်သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ နေ၍ အပြစ်မရှိကြောင်း ကိုယ်တိုင် သက်သေထွက်ဆိုပြီး နောက်တစ်ရက်တွင် အိုးဘိုထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
အသက် ၈၀ကျော်အရွယ်ရှိ ဦးဝင်းထိန်ကို နိုင်ငံတော် အကြည်ညိုပျက်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် တရားရုံးက အောက်တိုဘာ ၂၉ ရက်က ထောင်ဒဏ်နှစ် ၂၀ ချ မှတ်မှုအပေါ် အယူခံမဝင်ဟု ဦးဝင်းထိန်က ပြောဆိုထားသည်။
ဦးဝင်းထိန်သည် ကျန်းမာရေးမကောင်း၍ နေ့စဉ် ဆေးဝါးမှီဝဲသောက်သုံးနေရသူဖြစ်သည့်အပြင် အောက်စီဂျင်ရှုရခြင်းနှင့် ဝှီးချဲဖြင့် အသွားအလာလုပ်ဆောင်နေရသူလည်းဖြစ်သည်။
“ကျခံရတဲ့ နှစ်အပိုင်းအခြားအရ အချုပ်ထောင်မှာ ချုပ်နှောင်လို့ မရတာတွေရှိတယ်။ဒီတော့ ဗဟိုအကျဉ်းထောင်ကြီးကို ပြောင်းလိုက်တာမျိုးပါ ”ဟု အကျဉ်းဝန်ထမ်းဟောင်းတစ်ဦးက ပြောပြသည်။
(Zawgyi)
NLDသဘာပတိအဖြဲ႕ဝင္ ဦးဝင္းထိန္ကို မႏၲေလးအိုဘိုေထာင္သို႔ ပို႔
ေထာင္ဒဏ္ အႏွစ္ ၂၀ခ်မွတ္ခံထားရသည့္ NLDသဘာပတိအဖြဲ႕ဝင္ ဦးဝင္းထိန္ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္ကေန မႏၲေလးအိုဘိုေထာင္ကို ႏိုဝင္ဘာ ၉ ရက္ေန႔က ပို႔ေဆာင္လိုက္သည္ဟု ၎၏ေရွ႕ေနျဖစ္သူကေျပာသည္။
ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားသည့္ သဘာဝေဘးစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ အမႈႏွင့္ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ဘက္မွ ေန၍ အျပစ္မရွိေၾကာင္း ကိုယ္တိုင္ သက္ေသထြက္ဆိုၿပီး ေနာက္တစ္ရက္တြင္ အိုးဘိုေထာင္သို႔ ပို႔ေဆာင္လိုက္ျခင္းျဖစ္သည္။
အသက္ ၈၀ေက်ာ္အ႐ြယ္ရွိ ဦးဝင္းထိန္ကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္မႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၂၄ (က) ျဖင့္ တရား႐ုံးက ေအာက္တိုဘာ ၂၉ ရက္က ေထာင္ဒဏ္ႏွစ္ ၂၀ ခ် မွတ္မႈအေပၚ အယူခံမဝင္ဟု ဦးဝင္းထိန္က ေျပာဆိုထားသည္။
ဦးဝင္းထိန္သည္ က်န္းမာေရးမေကာင္း၍ ေန႔စဥ္ ေဆးဝါးမွီဝဲေသာက္သုံးေနရသူျဖစ္သည့္အျပင္ ေအာက္စီဂ်င္ရႈရျခင္းႏွင့္ ဝွီးခ်ဲျဖင့္ အသြားအလာလုပ္ေဆာင္ေနရသူလည္းျဖစ္သည္။
“က်ခံရတဲ့ ႏွစ္အပိုင္းအျခားအရ အခ်ဳပ္ေထာင္မွာ ခ်ဳပ္ေႏွာင္လို႔ မရတာေတြရွိတယ္။ဒီေတာ့ ဗဟိုအက်ဥ္းေထာင္ႀကီးကို ေျပာင္းလိုက္တာမ်ိဳးပါ ”ဟု အက်ဥ္းဝန္ထမ္းေဟာင္းတစ္ဦးက ေျပာျပသည္။