ဧပြီ ၂၀
Netflix သည် တီဗီရှိုးများနှင့် ရုပ်ရှင်များကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားသည့် စာရင်းသွင်းထားသူ subscriber များအတွက် ရှာဖွေမှုနည်းပညာအသစ်ကို စမ်းသပ်နေပြီး ယင်းနည်းပညာကို အသုံးပြုမှုကို တိုးချဲ့လျက်ရှိသည်။
OpenAI-powered ရှာဖွေမှုစနစ်သည် သုံးစွဲသူများ၏ စိတ်နေစိတ်ထား၊ စိတ်ခံစားမှုအခြေအနေ အပါအဝင် ပိုမိုတိကျသော အသုံးအနှုန်းစကားလုံးများကို အသုံးပြု၍ ရှိုးပွဲများ၊ ရုပ်ရှင်များကို ကြည့်ရှုနိုင်စေသည့်စနစ်ဖြစ်သည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ ထိုရှာဖွေမှုအပေါ်အခြေခံ၍ ကုမ္ပဏီ၏ ရုပ်ရှင်စာရင်းကတ်တလောက်မှ သင့်လျော်သောရွေးချယ်စရာရုပ်ရှင်များကို အကြံပြုပေးမည်ဖြစ်သည်။
ဩစတေးလျနှင့် နူးဇီလန်ရှိ အချို့သော သုံးစွဲသူများ၏ iOS စက်များတွင် အဆိုပါနည်းပညာကို အသုံးပြုနေပြီဖြစ်သည်။ အဆိုပါစမ်းသပ်မှုကို မကြာမီ အမေရိက အပါအဝင် စျေးကွက်အများအပြားသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း Netflix ကပြောကြားခဲ့သည်။
ဉာဏ်ရည်တုနည်းပညာ AI စွမ်းအားသုံး ရှာဖွေမှုသည် သုံးစွဲသူများကို ဝန်ဆောင်မှုရှိ လက်ရှိအသုံးပြုနေသောကိရိယာများထက် ပိုမိုသာလွန်သောအစားထိုးမှုအဖြစ် ရုပ်ရှင်အမျိုးအစားများ သို့မဟုတ် ရုပ်ရှင်သရုပ်ဆောင်များ၏ အမည်များထက် ပို၍ကျော်လွန်သော ရှာဖွေမှုများကို ပြုလုပ်နိုင်စေမည်ဖြစ်သည်။ Netflix သည် သုံးစွဲသူ၏ကြည့်ရှုမှုမှတ်တမ်းအပေါ်အခြေခံ၍ ရုပ်ရှင်များကို ရှာဖွေပြသသည့် ပိုမိုတန်ဖိုးရှိသော အကြံပြုနိုင်သည့် အယ်ဂိုရီသမ်ကို ဖော်ဆောင်ရန်အတွက် ရုပ်သံစက်မှုလုပ်ငန်းနှင့် စက်လေ့လာမှုများကို အတော်အသင့် အသုံးပြုလာခဲ့ပြီး၊ ၎င်း၏ vaunted recommendation algorithm ကို အချို့သောရည်ရွယ်ချက်များအတွက် အသုံးပြုခဲ့သည်။
ကုမ္ပဏီသည် အတွင်းပိုင်းလုပ်ငန်းစဉ်များ သို့မဟုတ် ရုပ်ရှင်ရိုက်ကူးခြင်းအတွက်ဖြစ်စေ ဉာဏ်ရည်တု နည်းပညာကို တိုးချဲ့အသုံးပြုရန် နည်းလမ်းများကို စမ်းသပ်လျက်ရှိသည်။ တွဲဖက်စီအီးအို တက်ဒ်ဆာရန်ဒို့စ် က ဉာဏ်ရည်တုနည်းပညာ AI သည် ရုပ်ရှင်ရိုက်ကူးမှုကို ပိုမိုကောင်းမွန်အောင် ကူညီပေးလိမ့်မည်ဖြစ်သော်လည်း ဇာတ်ညွှန်းရေးသူများနှင့် ရုပ်ရှင်သရုပ်ဆောင်များကဲ့သို့ တီထွင်ဖန်တီးထားသော ပုဂ္ဂိုလ်များကို အစားထိုးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ဉာဏ်ရည်တု AI နည်းပညာအသုံးပြုမှုနှင့် ပတ်သတ်သည့် ဖြစ်နိုင်ခြေရှိသော ဝေဖန်မှုများသည် ထိလွယ်ရှလွယ်ဖြစ်သည်။ ဟောလိဝုဒ်ရှိ အများအပြားသည် အလုပ်အကိုင်များကို လျော့ချရန်နှင့် ကုန်ကျစရိတ်လျှော့ချရန်အတွက် Netflix ကဲ့သို့သော ကုမ္ပဏီများက ဉာဏ်ရည်တုနည်းပညာ AI ကို အသုံးပြုမည်ကို စိုးရိမ်နေကြသည်။
ပုံမှန်အားဖြင့် Netflix သည် အင်္ဂါရပ်အသစ်တစ်ခုကို မိတ်ဆက်သည့်အခါတွင် ၎င်းကို သုံးစွဲသူများထံ ဖြန့်ချိပေးသည်။ ဤကိစ္စတွင် အသုံးပြုသူများသည် ၎င်းဉာဏ်ရည်တု AI နည်းပညာကို စမ်းသပ်အသုံးပြုမပြုကို ရွေးချယ်ရမည်ဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်