တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်( NCA) ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းနားကို အောက်တိုဘာ(၁၅)ရက်နေ့ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန(၁) MICC-1 တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းနားကို မြန်မာအသံနှင့်ရုပ်မြင့်သံကြား MRTV ၏ ချန်နယ်လိုင်းများ နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ရုပ်သံလိုင်းများဖြစ်သည် MNTV ၊ Skynet Up to date နှင့် Readers ချန်နယ်များတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် MWD Channel ၊ MOI ဝက်ဆိုဒ်၊ယူကျု၊app၊အပါအဝင် MRTV အွန်လိုင်းပလက်ဖောင်းများကလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအသံရေဒီယို၊သဇင် FM ၊ ပတ္တမြား၊ပုဂံ၊ချယ်ရီ ၊ စသည့် ရေဒီယိုများတွင်လည်း တိုက်ရိုက်ထုတ်လွှင်မည်ဖြစ်ကြောင်း သိရသည်။
